နိုဝင်ဘာလ အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းကို ရှေ့လ ပါတီညီလာခံမှာ ရွေးချယ်ဖို့ ပြင်ဆင်နေချိန်မှာပဲ ဒုသမ္မတ Kamala Harris ဟာ လုံလောက်တဲ့ ထောက်ခံမှုတွေ ရနေပါပြီ။
သီတင်းပတ်ပေါင်းများစွာ ဒီမိုကရက်ပါတီတွင်းဖိအားပေးမှုတွေနဲ့ ခန့်မှန်းပြောဆိုမှုတွေနောက် အမေရိကန် သမ္မတဘိုင်ဒန်ဟာ ရွေးကောက်ပွဲ ထပ်မပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒုသမ္မတဟဲရစ်စ်ကို သမ္မတလောင်းအဖြစ် ထောက်ခံလိုက်ခဲ့ပါတယ်။ ဒီသတင်းက လာမယ့် ၂၀၂၄ သမ္မတရွေးကောက်ပွဲအပေါ် ဘယ်လိုသက်ရောက်နိုင်ပါသလဲ။
သမ္မတဟောင်း Trump ကို လုပ်ကြံဖို့ကြိုးစားမှုဖြစ်ရပ်မှာ Secret Service ဘက်ကလစ်ဟင်းခဲ့ကြောင်းနဲ့ Secret Service ညွှန်ကြားရေးမှူးအနေနဲ့ အပြည့်အဝ တာဝန်ယူပါတယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ အဆင့်မြင့်လုံခြုံရေးအဖွဲ့ Secre Service ညွှန်ကြားရေးမှူး Kimberly Cheatle က လွှတ်တော်ရှေ့မှောက် ထွက်ဆိုပါတယ်။
ဒုသမ္မတ Kamala Harris ကို လာမယ့် သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ သမ္မတ Biden က ထောက်ခံအဆိုပြုပြီးနောက် ဒိမိုကရက်လွှတ်တော်အမတ်တွေ ပြည်နယ်အုပ်ချုပ်ရေးမှုးတွေနဲ့ အလှုရှင်တွေရဲ့ ထောက်ခံမှုတွေ သိသိသာသာ တိုးလာပါတယ်။ မြန်မာ့အနွယ် အမေရိကန်နိုင်ငံသားတချို့ရဲ့ အမြင်တွေ ကိုသားညွန့်ဦး မေးမြန်းထားပါတယ်။
လာအိုနိုင်ငံမှာ ဒီသီတင်းပတ်ထဲကျင်းပဖို့ရှိတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မြန်မာဘက်က နိုင်ငံရေးအရကိုယ်စားပြုသူမဟုတ်တဲ့ ကိုယ်စားလှယ်ပဲ တက်ရောက်ခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက သဘောတူထောက်ခံတယ်လို့ နိုင်ငံခြားရေးဌာန ထိပ်ပိုင်းအရာရှိတဦးက ပြောပါတယ်။
လာမယ့် နိုဝင်ဘာ အမေရိကန်သမ္မတးကောက်ပွဲမှာ သူပါဝင်ယှဥ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ သမ္မတ Joe Biden က တနင်္ဂနွေနေ့မှာ ကြေညာပြီးနောက် ဒုသမ္မတ Kamala Harris ကို ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ထောက်ခံလိုက်ပါတယ်။ VOA သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီး ဒုသမ္မတဖြစ်တဲ့ Kamala Harris ဟာ ဒီမိုကရက်တစ်ပါတီရဲ့ ပါတီကိုယ်စားပြု လာမယ့်ရွေးကောက်ပွဲ သမ္မတလောင်းအဖြစ် တရားဝင်ရွေးချယ်ခံရနိုင်ခြေ ရှိနေပါတယ်။ သူ့ရဲ့ ဘဝဇာတ်ကြောင်း၊ ပြီးခဲ့တဲ့လေးနှစ် နိုင်ငံရေးဖြတ်သန်းမှုတွေနဲ့ ပတ်သက်လို့ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ မပြိုင်တော့ဖို့ သမ္မတဂျိုးဘိုင်ဒန် ကြေညာလိုက်ပြီးနောက် သမ္မတလောင်းအဖြစ် ဒုသမ္မတကမ်မလာဟဲရစ်စ်ကို ဒီမိုကရက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ အလှူရှင်တွေက ထောက်ခံမှုတွေလည်း တိုးလာနေပါတယ်။
လာမယ့် နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲမှာ ဒုသမ္မတ Kamala Harris ဒီမိုကရက် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်နိုင်မှာပါလား။ ဘယ်လို ကိုယ်စားလှယ်လောင်းမျိုးကို မဲဆန္ဒရှင်တွေက လိုလားနေတာပါလဲ။ မြန်မာအမေရိကန်တွေရဲ့ သဘောထားကို သိရဖို့ ချီကာဂိုမြို့က မဇွန်ဇွန်ကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
လာမယ့် ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ထပ်ပြီး အရွေးခံတော့မှာ မဟုတ်တဲ့အကြောင်း သမ္မတ Joe Biden က ဒီနေ့ ကြေညာပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ဟာ လုပ်ကြံဖို့ ကြိုးစားခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ် မနေ့ကပဲ ပြန်စခဲ့ပါတယ်။
ယူကရိန်းအနေနဲ့ သူတို့ရဲ့ မြို့တွေနဲ့ ရှေ့တန်းမှာရှိတဲ့ တပ်ဖွဲ့တွေကို ရုရှားဘက်က ဒရုန်းတွေ ၊ ဗုံးတွေနဲ့ တိုက်ခိုက်တာကနေ ကာကွယ်ဖို့အတွက် တာဝေးပစ်လက်နက်တွေသုံးဖို့ လိုအပ်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။