အမေရိကန်သမ္မတ Joe Biden ဟာ ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကို အိမ်ဖြူတော်မှာ လက်ခံ တွေ့ဆုံဖို့ရှိနေပြီး ဂါဇာက အစ္စရေးနဲ့ ဟာမတ်စ်ပွဲကိစ္စကို ဦးစားပေး ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ရဲ့ အာရှခရီးစဉ် ဒီကနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ စတင်ပြီဖြစ်တဲ့အကြောင်းနဲ့ ဒေသတွင်း မဟာမိတ်နိုင်ငံတွနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ထပ်လောင်းအတည်ပြုမှာ ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။
သမ္မတဘိုင်ဒန် ရွေးကောက်ပွဲက နှုတ်ထွက်သွားအပြီး ဒီမိုကရက်ရဲ့ သမ္မတလောင်းဖြစ်လာဖို့ မျှော်လင့်ထားကြတဲ့ ဒုသမ္မတကမ်မလာဟဲရစ်စ်ကို ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ထရမ့်ရင်ဆိုင်ရနိုင်ပါတယ်။ ဒီအတွက် ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး နည်းလမ်းတွေ ပြန်ပြီး ချိန်ညှိနေတယ်လို့ လေ့လာသူတွေ သုံးသပ်ပါတယ်။
မျိုးဆက်သစ်လူငယ်တွေရဲ့ လက်ထဲကို မီးရှူးတန်ဆောင်လက်ဆင့်ကမ်းသလိုမျိုး တိုင်းပြည်ရဲ့ အနာဂတ်အတွက် ရွေးကောက်ပွဲမဝင်ဖို့ သမ္မတ Joe Biden ဆုံးဖြတ်လိုက်တာကို အမေရိကန်ပြည်သူတွေ ကြိုဆိုကြကြောင်း ကယ်လီဖိုးနီးယားပြည်နယ် San Francisco Bay Area က နိုင်ငံရေးသုံးသပ်သူ ဦးကိုကိုလေးက ရှုမြင်ပါတယ်။
အကောင်းဆုံးကတော့ မျိုးဆက်သစ်ကို မီးရှုးတိုင်လက်ဆင့်ကမ်းပေးရမယ်ဆိုတာကို သူအနေနဲ့ ဆုံးဖြတ်ခဲ့တယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။ ဒါဟာလည်း နိုင်ငံညီညွတ်ရေးအတွက် အကောင်းဆုံးဖြစ်လိမ့်မယ် သူ့အနေနဲ့ ယူဆတယ်လို့ ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က မိန့်ခွန်းပြောနေတုန်းမှာပဲ ဂါဇာစစ်ပွဲဆန့်ကျင့်ပြီး ပါလက်စတိုင်းထောက်ခံတဲ့ ဆန္ဒပြသူ အမြောက်အမြားဟာ လွှတ်တော်ရှေ့မှာ စုရုံး လမ်းတွေပိတ်ပြီး “ပါလက်စတိုင်း လွတ်မြောက်ရေး” ဆန္ဒပြသူတချို့က အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။
ဂါဇာကမ်းမြောင်မှာ ဟာမတ်စ်ရဲ့ စစ်ရေးစွမ်းရည်တွေကို မဖျက်ဆီးနိုင်မချင်း အစ္စရေးအနေနဲ့ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီး စစ်ပွဲကို အလုံးစုံအောင်နိုင်တဲ့အထိ တိုက်ခိုက်ဖို့အသင့်ရှိကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ တခ
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒုသမ္မတ Kamala Harris ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်တဲ့အခါ သူနဲ့တွဲဖက် ဒုသမ္မတလောင်းအဖြစ် ဘယ်သူ့ကို လျာထားမလဲဆိုတာကို အမေရိကန် နိုင်ငံရေးမှာ အများက အာရုံစိုက်နေကြပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံဖို့ ကြိုးစားတဲ့ ဖြစ်ရပ်ဟာ သေနတ်ကိုင် အကြမ်းဖက်မှုပေါ် တုံ့ပြန်ဖို့ နှိုးဆော်ချက် ဖြစ်သင့်တယ်လို့ အမေရိကန်ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရာရှိချုပ်က ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီပြဿနာ အကျပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့အပေါ် အမြင်မတူတာတွေ ရှိနေပါတယ်။
အမေရိကန်နိုင်ငံ အဆင့်မြင့်လုံခြုံရေးဌာန (secret service) ညွှန်ကြားရေးမှူးဟာ ရာထူးက အင်္ဂါနေ့မှာ အနားယူလိုက်ပါ တယ်။ သမ္မတဟောင်းဒေါ်နယ်ထရမ့် လုပ်ကြံခံရမှုကလွတ်မြောက်သွားခဲ့ပေမဲ့ အဆင့်မြင့်လုံခြုံရေးဌာနက အကာအကွယ် မပေးနိုင်ခဲ့တာကြောင့် ညွှန်ကြားရေးမှူး ကင်ဘာလေ ချိတဲလ် နုတ်ထွက်ဖို့ ဖြစ်လာခဲ့တာပါ။
နိုဝင်ဘာလ အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းကို ရှေ့လ ပါတီညီလာခံမှာ ရွေးချယ်ဖို့ ပြင်ဆင်နေချိန်မှာပဲ ဒုသမ္မတ Kamala Harris ဟာ လုံလောက်တဲ့ ထောက်ခံမှုတွေ ရနေပါပြီ။
သီတင်းပတ်ပေါင်းများစွာ ဒီမိုကရက်ပါတီတွင်းဖိအားပေးမှုတွေနဲ့ ခန့်မှန်းပြောဆိုမှုတွေနောက် အမေရိကန် သမ္မတဘိုင်ဒန်ဟာ ရွေးကောက်ပွဲ ထပ်မပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒုသမ္မတဟဲရစ်စ်ကို သမ္မတလောင်းအဖြစ် ထောက်ခံလိုက်ခဲ့ပါတယ်။ ဒီသတင်းက လာမယ့် ၂၀၂၄ သမ္မတရွေးကောက်ပွဲအပေါ် ဘယ်လိုသက်ရောက်နိုင်ပါသလဲ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။