သမ္မတဟောင်း Donald Trump ကို လုပ်ကြံပစ်ခတ်တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ မြန်မာ-အမေရိကန် လူမှုရေးအသင်း (BACI) ရဲ့ ဘုတ်အဖွဲ့ဒါရိုက်တာ Dr. Ro Dinga က သူ့ရဲ့အမြင်သဘောထားကို ပြော။
မနေ့က Pennsylvania ပြည်နယ် Butler မြို့ မဲဆွယ်စည်းရုံးပွဲ ကျင်းပနေတဲ့အချိန် သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားသူဟာ အသက် ၂၀ အရွယ် Matthew Crooks ဆိုသူဖြစ်တယ်လို့ FBI - ထောက်လှမ်းရေးဗျူရိုက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ကြိုးစားတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ကမ္ဘာ့ခေါင်းဆောင်တွေကလည်း အံ့အားသင့်စွာ တုံံ့ပြန်ပြောဆိုလာကြပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားတဲ့ ဖြစ်ရပ်အပေါ် သမ္မတ Joe Biden က ပြင်းထန်စွာ ပြစ်တင် ရှုတ်ချလိုက်ပြီး ဒီဖြစ်ရပ်ကို တနိုင်ငံလုံးက ပြစ်တင်ရှုတ်ချကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
သမ္မတဟောင်း Donald Trump က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း မနေ့ စနေနေ့က ညာဘက်နားရွက် အပေါ်ပိုင်းကို သေနတ် ထိမှန်ခဲ့ပြီးတဲ့နောက် အခြေအနေကောင်းမွန်ကြောင်း လူမှုကွန်ယက်မှာ ရေးပါတယ်။ သူ့ကို လိုအပ်တဲ့ ဆေးကုသမှုပေးပြီးတဲ့နောက် စနေနေ့နှောင်းပိုင်းမှာဘဲ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပါတယ်။
သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကျိုးစားသူဟာ အသက် ၂၀ အရွယ် Matthew Crooks ဆိုသူဖြစ်ကြောင်း FBI - ပြည်ထောင်စု ထောက်လှမ်းရေးဗျူရိုက ဒီကနေ့ ဇူလိုင်လ ၁၄ ရက်နေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
သမ္မတဟောင်း Trump ရဲ့ Pennsylvania ပြည်နယ် Butler မှာ လုပ်တဲ့ ရွေးကောက်ပွဲ စည်းရုံးရေးပွဲမှာ လူအုပ်ထဲကနေ သေနက်သံကြားရတဲ့နောက် Trump ကို စင်ပေါ်ကနေ လုံခြုံရေးတာဝန်ရှိသူတွေက ခေါ်ထုတ်သွားရပါတယ်။
မြောက်ကိုရီးယား အစိုးရဟာ ရုရှားကို လက်နက်တွေ တင်ပို့နေတယ်လို့ ပြီးခဲ့တဲ့ နေတိုးထိပ်သီးဆွေးနွေးပွဲအတွင်း ကြေညာချက်ထုတ်ပြီး ပြစ်တင်လိုက်တဲ့အပေါ် မြောက်ကိုရီးယားနိုင်ငံက ရှုတ်ချလိုက်ပြီး ဒီကြေညာချက်ဟာ တရားမဝင်ဘူးလို့လည်း မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ဒီနေ့ ပြောလိုက်ပါတယ်။
NATO အတွင်းရေးမှုးချုပ် Stoltenberg ကလည်း ယူကရိန်းအတွက် နှစ်စဉ် ဒေါ်လာ ၄၃ ဘီလီယံ ထောက်ပံ့ဖို့ NATO က သဘောတူကြောင်းနဲ့ ယူကရိန်းရဲ့ ခုခံစစ်အတွက် NATO ရဲ့ အရှေ့ပိုင်းဒေသ ထောက်ပို့လုပ်ငန်းတွေအတွက် အရှေ့ပိုင်းဂျာမနီ Wiesbaden က ကွပ်ကဲရေးစခန်းကိုသုံးပြီး အကူညီပေးမှာဖြစ်ကြောင်း ကြာသပတေးနေ့က ပြောပါတယ်။
သမ္မတဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ်ပါတီ အမတ်တချို့အပြင်၊ ဟောလိဝုဒ် မင်းသားကြီး George Clooney အပါအဝင် ပါတီရဲ့ ထိပ်တန်း မဲဆွယ်ရန်ပုံငွေ ထည့်ဝင်သူတချို့ကပါ သမ္မတဘိုင်ဒန်ကို ရွေးကောက်ပွဲ ဆက်မပြိုင်ဖို့ တောင်းဆိုကြပေမဲ့ သမ္မတကတော့ သူ နောက်ဆုတ်မှာ မဟုတ်ကြောင်းနဲ့ အနိုင်ရဖို့ ယုံကြည်ကြောင်း ပြောပါတယ်။
NATO ညီလာခံနောက်ဆုံးနေ့မှာ သမ္မတ ဂျိုးဘိုင်ဒန် လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကိုခြုံကြည့်ရင်၊ ဝေဖန်မှုတွေ ဘယ်လိုပဲ ရှိနေပါစေဦးတော့ သူ့အနေနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် ဆက်လက်ယှဥ်ပြိုင်သွားဖို့ စိတ်ဆန္ဒပြင်းပြနေတာမြင်ရကြောင်း နိုင်ငံရေးလေ့လာသူ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။ ကိုဉာဏ်ဝင်းအောင် မေးမြန်းထားတာပါ။
အမေရိကန်လုံခြုံရေးအတွက် ခိုင်မာအားကောင်းတဲ့ NA နေတိုးမဟာမိတ်အဖွဲ့ဟာ အရင်ကထက်ပို ခိုင်မာအားကောင်းလာပြီး အဖွဲ့ဝင်နိုင်ငံတနိုင်ငံ တိုက်ခိုက်ခံရမယ်ဆိုရင် ကျန်တဲ့နိုင်ငံတွေက ဝိုင်းဝန်းကာကွယ်ဖို့ ဂတိပြုထားတယ်ဆိုတာကိုလည်း သမ္မတ Biden က NATO ထိပ်သီးအစည်းအဝေးအဆုံးသတ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။