သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇူလိုင် ၁၃ ရက်အဖြစ်အပျက် လစ်ဟင်းမှုရှိခဲ့ကြောင်း Secret Service အကြီးအကဲထွက်ဆို 


အမေရိကန်ပြည်ထောင်စုရဲ့ အဆင့်မြင့်လုံခြုံရေးအဖွဲ့ Secre Service ညွန်ကြားရေးမှူး Kimberly Cheatle က သမ္မတဟောင်းထရမ့်ကို လုပ်ကြံဖို့ကြိုးစားမှုအတွက် လွှတ်တော်ရှေ့မှောက် ထွက်ဆိုစဥ်။ (ဇူလိုင် ၂၂၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စုရဲ့ အဆင့်မြင့်လုံခြုံရေးအဖွဲ့ Secre Service ညွန်ကြားရေးမှူး Kimberly Cheatle က သမ္မတဟောင်းထရမ့်ကို လုပ်ကြံဖို့ကြိုးစားမှုအတွက် လွှတ်တော်ရှေ့မှောက် ထွက်ဆိုစဥ်။ (ဇူလိုင် ၂၂၊ ၂၀၂၄)

သမ္မတဟောင်း Trump ကို လုပ်ကြံဖို့ကြိုးစားမှုဖြစ်ရပ်မှာ Secret Service ဘက်ကလစ်ဟင်းခဲ့တယ်လို့ ဝန်ခံသလို Secret Service ညွှန်ကြားရေးမှူးတဦးအနေနဲ့ လုံခြုံရေးလစ်ဟာမှုတွေတွေအတွက် အပြည့်အဝ တာဝန်ယူပါတယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ အဆင့်မြင့်လုံခြုံရေးအဖွဲ့ Secre Service ညွန်ကြားရေးမှူး Kimberly Cheatle က လွှတ်တော်ရှေ့မှောက် ထွက်ဆိုပါတယ်။

သမ္မတတွေနဲ့ သမ္မတဟောင်းတွေကို လုံခြုံရေးပေးရတဲ့အဖွဲ့အစည်းအနေနဲ့ ဆယ်စုနှစ်တွေအတွင်း အဆိုးဝါးဆုံး လစ်ဟာမှုဖြစ်ခဲ့တယ်လို့လည်း ဝန်ခံပါတယ်။ Pennsylvania ပြည်နယ် Butler မြို့က သမ္မတဟောင်း Trump မဲဆွယ် စည်းရုံးရေးအတွင်း သမ္မတဟောင်း Trump ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ Secret Service ညွန်ကြားရေးမှူးကို လွှတ်တော်က တနင်္လာနေ့မှာ ခေါ်ယူကြားနာစစ်‌ဆေးခဲ့တာပါ။ ဇူလိုင် ၁၃ ရက်နေ့ကလို အဖြစ်အပျက်မျိုး နောက်ထပ်မဖြစ်စေရပါဘူးလို့လည်း Secret Service ညွှန်မှူးက လွှတ်တော်ကြားနာမှုမှာပြောပါတယ်။

ဒါပေမယ့် လွှတ်တော်အမတ်တွေမေးမြန်းကြတဲ့ သေနတ်သမားရဲ့လှုပ်ရှားမှုတွေကိုမဟန့်တားနိုင်ခဲ့တဲ့ ဖြစ်ရပ်အသေးစိတ်အခြေအနေတွေကို ဌာနတွင်း စုံစမ်းမှုတွေလုပ်နေပါတယ်သာပြောပြီး ဖြေဆိုဖို့ ငြင်းခဲ့ပါတယ်။ ဒီဖြစ်ရပ်အပေါ်မှာ သူ့မှာ အရည်အချင်းမရှိဘူးလို့ အောက်လွှတ်တော်ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ရီပတ်ဘလီကန်အမတ် Mike Turner က ဝေဖန်ခဲ့ပေမယ့် ဒီဖြစ်ရပ်ကြောင့် တာဝန်ကနေ အနားယူဖို့ကိုတော့ Secret Service ညွန်ကြားရေးမှူးက ငြင်းပယ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG