သမ္မတဘိုင်ဒန်ရဲ့ ဒီမိုကရက်တစ်ပါတီ အမတ်တချို့အပြင်၊ ဟောလိဝုဒ် မင်းသားကြီး George Clooney အပါအဝင် ပါတီရဲ့ ထိပ်တန်း မဲဆွယ်ရန်ပုံငွေ ထည့်ဝင်သူတချို့ကပါ သမ္မတဘိုင်ဒန်ကို ရွေးကောက်ပွဲ ဆက်မပြိုင်ဖို့ တောင်းဆိုကြပေမဲ့ သမ္မတကတော့ သူ နောက်ဆုတ်မှာ မဟုတ်ကြောင်းနဲ့ အနိုင်ရဖို့ ယုံကြည်ကြောင်း ပြောပါတယ်။
NATO ညီလာခံနောက်ဆုံးနေ့မှာ သမ္မတ ဂျိုးဘိုင်ဒန် လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကိုခြုံကြည့်ရင်၊ ဝေဖန်မှုတွေ ဘယ်လိုပဲ ရှိနေပါစေဦးတော့ သူ့အနေနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် ဆက်လက်ယှဥ်ပြိုင်သွားဖို့ စိတ်ဆန္ဒပြင်းပြနေတာမြင်ရကြောင်း နိုင်ငံရေးလေ့လာသူ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။ ကိုဉာဏ်ဝင်းအောင် မေးမြန်းထားတာပါ။
အမေရိကန်လုံခြုံရေးအတွက် ခိုင်မာအားကောင်းတဲ့ NA နေတိုးမဟာမိတ်အဖွဲ့ဟာ အရင်ကထက်ပို ခိုင်မာအားကောင်းလာပြီး အဖွဲ့ဝင်နိုင်ငံတနိုင်ငံ တိုက်ခိုက်ခံရမယ်ဆိုရင် ကျန်တဲ့နိုင်ငံတွေက ဝိုင်းဝန်းကာကွယ်ဖို့ ဂတိပြုထားတယ်ဆိုတာကိုလည်း သမ္မတ Biden က NATO ထိပ်သီးအစည်းအဝေးအဆုံးသတ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
၇၅နှစ်တိုင်လာပြီဖြစ်တဲ့ NATO မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့ကြီးရဲ့ ထိပ်သီးအစည်းအဝေးကြီးကို ဒီတပတ်အတွင်း ဝါရှင်တန်ဒီစီမှာ ကျင်းပခဲ့ပါတယ်။ ယူကရိန်း-ရုရှားစစ်နဲ့ NATO အဖွဲ့အတွင်း စုစည်းကာကွယ်ရေး လုံခြုံရေးကိစ္စရပ်တွေဟာ အစည်းအဝေးရဲ့ အဓိက ဆွေးနွေးမှုတွေဖြစ်နေပါတယ်။
ဆေးခြောက်ကို တရားဝင်လုပ်ပြီးနောက် နယူးယောက်မြို့ကြီးမှာ ဆေးခြောက်တရားမဝင်ရောင်းတဲ့ ဆိုင်တွေအများအပြား ပေါ်ပေါက်လာတာကို တာဝန်ရှိသူတွေရင်ဆိုင်နေရပါတယ်။ လမ်းထောင့်တိုင်းမှာလိုလိုတရားမဝင် ဆေးခြောက် ဆိုင်တွေပေါ်လာပါတယ်။ Aron Ranen သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်ကတင်ပြပေးပါမယ်။
၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ပထမအကျော့ စကားစစ်ထိုးပွဲအတွင်း အသက် ၈၁ နှစ်အရွယ် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ စွမ်းဆောင်ရည် အားနည်းတယ်လို့ သုံးသပ်နေကြပြီး အသက် ၇၈ နှစ်အရွယ် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ကတော့ အဲဒီအပေါ် ထိုးနက်ပြောဆိုခဲ့ပါတယ်။ အခုသီတင်းတပတ်ကြာအပြီး တုန့်ပြန်မှုတွေဘယ်လိုဆက်ရှိနေပါလဲ။
နယ်သာလန်နဲ့ ဒိန်းမတ်အစိုးရတွေက အမေရိကန် F-16 တိုက်လေယာဥ်တွေကို အမေရိကန်ထောက်ခံပံ့ပိုးမှုနဲ့အတူ ယူကရိန်းကိုလှူဖို့ ဆောင်ရွက်နေကြောင်း နယ်သာလန်ဝန်ကြီးချုပ် Dick Schoof ၊ ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen နဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်တို့က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
မဟာမိတ်အဖွဲ့ဟာ အကြီးမားဆုံးစမ်းသပ်မှုကို ခံနေရချိန်မှာ စုပေါင်းအင်အားတွေကနေ ငြိမ်းချမ်းရေးအတွက် တည်ဆောက်ကြဖို့ သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ သမ္မတ Joe Biden က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဒီနှစ်ရွေးကောက်ပွဲအတွက် ပထမဆုံး ကျင်းပတဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်နဲ့ စကားစစ်ထိုးပွဲမှာ ထိထိရောက်ရောက်ယှဉ်ပြိုင် နိုင်စွမ်းမရှိတဲ့အပေါ် သမ္မတဂျိုးဘိုင်ဒန်ဝေဖန်မှုတွေ တိုးလာနေပါတယ်။ အမေရိကန်မဲဆန္ဒရှင်တွေကြား သမ္မတဘိုင်ဒန်ဆက်ပြိုင်မှာနဲ့ ပတ်သက်ပြီး အမြင်သဘောထား အမျိုးမျိုး ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်ဘက်ဒေသ ကော်လိုရာဒိုပြည်နယ်ဟာ နိုင်ငံတကာ ကျောင်းသားအများအပြား လာရောက် ပညာသင်တဲ့ပြည်နယ်ခုဖြစ်ပါတယ်။ Fort Collins မှာရှိတဲ့ ပြည်နယ်တက္ကသိုလ်ဟာ ကော်လိုရာဒိုပြည်နယ်ရဲ့ အကြီးဆုံးတက္ကသိုလ်တခုဖြစ်ပါတယ်။
“ အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့ လာမယ့်လတွေမှာ ယူကရိန်းကို နည်းဗျူဟာကျတဲ့ လေကြောင်းကာကွယ်ရေးလက်နက် ဒါဇင်နဲ့ချီ ကူညီသွားဖို့ရှိကြောင်း” ဇူလိုင် ၉ ရက်နေ့ ညနေပိုင်း ဝါရှင်တန်ဒီစီမှာကျင်းပတဲ့ NATO မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ သမ္မတဘိုင်ဒန်ပြောသွားပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်ဖက်ဒေသ ကော်လိုရာဒိုပြည်နယ်ဟာ နိုင်ငံတကာ ကျောင်းသားအများအပြား လာရောက် ပညာသင်တဲ့ပြည်နယ်ခုဖြစ်ပါတယ်။ Fort Collins မှာရှိတဲ့ ပြည်နယ်တက္ကသိုလ်ဟာ ကော်လိုရာဒို ပြည်နယ်ရဲ့ အကြီးဆုံးတက္ကသိုလ်တခုဖြစ်ပါတယ်။ Svitlana Prystynska ပေးပို့တဲ့သတင်း ကိုဇော်မိုးကျော်ကပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။