နိုင်ငံထဲ ရောက်လာသူတွေကို တခြားနိုင်ငံမှာ သွားထားဖို့ ကြိုးစားတဲ့ အီတလီနိုင်ငံအကြောင်း ရိုက်တာသတင်းဆောင်းပါးကို အခြေခံပြီး ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာမှာ ဦးတင်မောင်သန်း တင်ပြထားပါတယ်။
ရုရှားကို မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်တဲ့အပေါ် မှာ နိုင်ငံတကာ အထူးသဖြင့် အနောက်မဟာမိတ်တွေက စိုးရိမ်နေကြပါတယ်။ ဒီလို စေလွှတ်တဲ့အတွက် ယူကရိန်းစစ်ပွဲ ပိုမိုကျယ်ပြန့်လာနိုင်ပါသလား။ အနောက်မဟာမိတ်တွေနဲ့ တကွ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်စတဲ့ အရှေ့ဖျားနိုင်ငံတွေရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိပါသလဲ။
အမေရိကန် လွှတ်တော်က ပြဌာန်းခဲ့တဲ့ Burma Act ဥပဒေအရ မြန်မာ့ဒီမိုကရေစီရေးအတွက် ဒေါ်လာ ၁၂၁ သန်း အထောက်အပံ့ပေးဖို့ အတည်ပြုထားပါတယ်။ ဒီရန်ပုံငွေရဲ့ ရာခိုင်နှုန်းဘယ်လောက် အောက်ခြေကို ရောက်နိုင်ပါမလဲ။
၂၀၂၄ ခုနှစ် မတ်လလယ်လောက်မှာ အမေရိကန်လွှတ်တော်က ပြဌာန်းခဲ့တဲ့ Burma Act အတွက် အမေရိကန် ဒေါ်လာသန်းပေါင်း ၁၂၁ သန်းကို ချထားခဲ့ပါတယ်။ ဒီရန်ပုံငွေရဲ့ ရာခိုင်နှုန်း ဘယ်လောက် အောက်ခြေကို ရောက်နိုင်ပါမလဲ။
နိုင်ငံတွေ သာယာဝပြော တိုးတက်ဖို့ လူတိုင်းပါဝင်နိုင်တဲ့ ဥပဒေမူဘောင်တွေ ခိုင်မာဖို့ အရေးကြီးတယ်ဆိုတာကို သုတေသနပြု ဖော်ထုတ်ခဲ့ကြတဲ့ ပညာရှင်တွေ အခုနှစ်အတွက် Nobel စီးပွားရေးဆု ရရှိခဲ့ကြပါတယ်။
မြန်မာစစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင်လုပ်နေတဲ့ လှုပ်ရှားမှုမှာ တရုတ်နဲ့ ပဋိပက္ခ မဖြစ်ဖို့ ကြိုးစားရမှာ ဖြစ်ပေမဲ့ ကိုယ့်ရည်မှန်းချက်ကို အထိခိုက်ခံလို့ မရဘူးလို့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှဇော်ကျော်ဇောက ပြောပါတယ်။
မြန်မာ့လက်တွေ့နိုင်ငံရေးမှာ တရုတ်ကို ချန်စဥ်းစားမလား။ တရုတ်ရဲ့ အနေအထားနဲ့ ဆက်ဆံပုံတွေကို နားလည်ပြီး မဟာဗျူဟာ ချမှတ်မလား ဆိုတာဟာ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုမှာ ကြုံတွေ့နေရတဲ့ အဓိကအကြောင်းအရာ ဖြစ်ပါတယ်။ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇော ကို ဦးတင်မောင်သန်းက မေးမြန်းထားပါတယ်။
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် စက်တင်ဘာ ၁၉ ရက်နေ့က တိုင်းရင်းသားအဖွဲ့ ၉ ဖွဲ့ပေါင်း ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ "ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး" ဆိုတဲ့ ရှေ့လုပ်ငန်းစဥ်တွေ ချမှတ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပုံဖျက်ထားတဲ့သတင်း အန္တရာယ်နဲ့ ပတ်သက်လို့ လွတ်လပ်သော မြန်မာ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ် ကို ဦးတင်မောင်သန်း မေးမြန်းတင်ပြထားပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမှာ ကျင်းပခဲ့တဲ့ မသန်စွမ်း အိုလံပစ်မှာ နိုင်ငံတကာက ဒုက္ခသည်တွေကလည်း အသင်းတခုအနေနဲ့ ဝင်ပြိုင်ခဲ့ကြပါတယ်။ မသန်ပေမဲ့ စွမ်းကြသူတွေက သူတို့ အခွင့်အရေးအကြောင်း အိုလံပစ်ပြိုင်ပွဲတွေမှာ ပြောခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ခြေနည်းတဲ့ အခြေအနေမှာ ငြိမ်းချမ်းရေးအတွက် ဘာလုပ်နိုင်ပါမလဲ။ ငြိမ်းချမ်းရေး လေ့လာမှု ဘာသာရပ်နဲ့ ပါရဂူဘွဲ့ရ ဒေါက်တာစိုးမြတ်နွယ်နဲ့ ဦးတင်မောင်သန်းက မေးမြန်းထားပါတယ်။
ဘဝတန်ဖိုးနဲ့ စံတန်ဖိုးထားစရာ မူတွေက ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ နိုင်ငံရေးမှာ အရေးကြီးကြောင်း အမေရိကန်ပြည်ထောင်စုမှာ ကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီညီလာခံ မိန့်ခွန်းတွေမှာ ပြောသွားကြပါတယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာမှာ ဦးတင်မောင်သန်းက ကောက်နှုတ်တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။