အမေရိကန်သမ္မတဟောင်း Donald Trump ဟာ လုပ်ကြံဖို့ ကြိုးစားခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ် မနေ့ကပဲ ပြန်စခဲ့ပါတယ်။
ယူကရိန်းအနေနဲ့ သူတို့ရဲ့ မြို့တွေနဲ့ ရှေ့တန်းမှာရှိတဲ့ တပ်ဖွဲ့တွေကို ရုရှားဘက်က ဒရုန်းတွေ ၊ ဗုံးတွေနဲ့ တိုက်ခိုက်တာကနေ ကာကွယ်ဖို့အတွက် တာဝေးပစ်လက်နက်တွေသုံးဖို့ လိုအပ်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောလိုက်ပါတယ်။
ရီပါဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ Donald Trump က ပါတီသမ္မတလောင်း အဖြစ် လက်ခံတဲ့ မိန့်ခွန်း ပြောနေတာပါ။
ဂါဇာအလယ်ပိုင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို မနေ့ညက အစ္စရေးက လေကြောင်းကနေ ၃ ကြိမ် တိုက်ခိုက်တာကြောင့် ၁၃ ယောက် ထက်မနည်းသေဆုံးသွားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာရွေးကောက်ပွဲမှာ နိုင်ခြေသိပ်မရှိဘူးလို့ ဒီမိုကရက်ပါတီဝင်တွေ လူသိရှင်ကြား ပြောဆိုလာကြသလို ပါတီ မဲဆွယ်ပွဲအတွက် အဓိက ရံပုံငွေထည့်သူတွေကပါ မထည့်ချင်ပဲဖြစ်လာတဲ့အတွက် သူဝင်မပြိုင်ပဲ နေဖို့ နီးစပ်လာပြီလို့ သတင်းတွေ ထွက်နေတာပါ။
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာကျင်းပမယ့် သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမေရိကားရောက် မြန်မာတွေအကြားမှာလည်း အမြင်သဘောထား အမျိုးမျိုး ကွဲပြားနေပါတယ်။ ရီပတ်ဘလစ်ကန်ပါတီရဲ့ မူဝါဒတွေကို ထောက်ခံသူတွေ ရှိသလို၊ ဒီမိုကရက်တစ်ပါတီကို မဲပေးမယ့်သူတွေလည်း ရှိနေကြပါတယ်။
လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် အနိုင်ရခဲ့မယ်ဆိုရင်၊ သူ့အနေနဲ့ ဖယ်ဒရယ် ဗြူရိုကရေစီ အုပ်ချုပ်ရေးယန္တရားတခုလုံးကို သမ္မတရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာထားဖို့ ကြိုးပမ်းလာနိုင်ချေ ရှိနေပါတယ်။
ရီပတ်ဘလစ်ကန်ပါတီ ညီလာခံအပိတ်မှာ ပြောကြားတဲ့ သမ္မတဟောင်း Donald Trump ရဲ့ မိန့်ခွန်းဟာ အရင် မိန့်ခွန်းတွေနဲ့စာရင် ညီညွတ်ရေးကို နှိုးဆော်သွားပြီး ထိန်းထိန်းသိမ်းသိမ်း ပြောကြားတဲ့ မိန့်ခွန်းတခုအဖြစ် ကယ်လီဖိုးနီးယားပြည်နယ် San Francisco Bay Area က နိုင်ငံရေးသုံးသပ်သူ ဦးကိုကိုလေးက ရှုမြင်ပါတယ်။
ယုံကြည်မှု၊ ခိုင်မာမှုနဲ့ မျှော်လင့်ချက်တွေကို ကိုယ်စားပြုပြီး အားလုံးရှေ့မှာ သမိုင်းဝင်အောင်ပွဲကို ကြိုဖို့ ရောက်လာခဲ့တာလို့ အစချီပြီး အမေရိကန် အားလုံးအတွက် သမ္မတဖြစ်ဖို့ အားလုံးရဲ့ ပါတီကိုယ်စားပြုသမ္မတလောင်းအဖြစ် လက်ခံပါကြောင်း Doanld Trump က ပြောကြားသွားပါတယ်။
RNC ရီပတ်ပလင်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံအတွင်း မူဝါဒဆိုင်ရာ ဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူတွေဖြစ်တဲ့ ဒေါက်တာတင့်ဆွေနဲ့ ဦးဇိုသုန်းမှုန်တို့ကို ဗွီအိုအေ အယ်ဒီတာဦးကျော်ဇံသာက ဆွေးနွေးထားပါတယ်။
ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump က ဒုတိယ သမ္မတလောင်းအဖြစ် ရွေးချယ်ထားတဲ့ Ohio ပြည်နယ်က အထက်လွှတ်တော်အမတ် J.D. Vance ဟာ မနေ့ ဗုဒ္ဓဟူးနေ့က ပါတီညီလာခံမှာ ဒုသမ္မတလောင်းအဖြစ်နဲ့ တနိုင်ငံလုံးကို ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်မှာ ကိုဗစ်ရှိကြောင်း မနေ့ ဗုဒ္ဓဟူးနေ့တုန်းက စစ်ဆေးတွေ့ရှိပြီးနောက် သူနေထိုင်ရတာ ကောင်းပါတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။