သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ကြံဖို့ ကြိုးစားခံရပြီးနောက် သမ္မတဟောင်းထရမ့် ပထမဆုံးအကြိမ် စည်းရုံးရေးထွက်


အမေရိကန်သမ္မတဟောင်း Donald Trump နှင့် ဒုသမ္မတလောင်း Ohio ပြည်နယ် အထက်လွှတ်တော်အမတ် JD Vance
အမေရိကန်သမ္မတဟောင်း Donald Trump နှင့် ဒုသမ္မတလောင်း Ohio ပြည်နယ် အထက်လွှတ်တော်အမတ် JD Vance

အမေရိကန်သမ္မတဟောင်း Donald Trump ဟာ လုပ်ကြံဖို့ ကြိုးစားခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ် မနေ့ကပဲ ပြန်စခဲ့ပါတယ်။ ထောက်ခံမှုရဖို့ အပြိုင်အဆိုင် ကြိုးစားနေရတဲ့ Michigan ပြည်နယ်က စည်းရုံးရေးခရီးစဉ်မှာ ရီပတ်ဘလစ်ကန်ပါတီရဲ့ ဒုသမ္မတလောင်းအဖြစ် သူနဲ့အတူ ရွေးကောက်ပွဲဝင်မယ့် Ohio ပြည်နယ် အထက်လွှတ်တော်အမတ် JD Vance လည်း လိုက်ပါလာခဲ့တာပါ။

Wisconsin ပြည်နယ် Milwaukee မြို့က ရီပတ်ဘလစ်ကန်ပါတီ ညီလာခံမှာ သမ္မတ ကိုယ်စားလှယ်လောင်းတွေအဖြစ် အတည်ပြုခဲ့ပြီးနောက် မနေ့တုန်းက စည်းရုံးရေး ခရီးစဉ် အတူတွဲထွက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် နောက်တကြိမ် ဝင်မပြိုင်တော့ဖို့ သမ္မတ Joe Biden ကို ဖိအားပေးတာတွေ ရှိနေပေမဲ့ ဒုသမ္မတ Kamala Harris ကတော့ ရွေးကောက်ပွဲမှာ အနိုင်ရလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ အလွယ်တကူ မဟုတ်ပေမဲ့ ရွေးကောက်ပွဲမှာ အနိုင်ရအောင် လုပ်နိုင်တယ်လို့လည်း Massachusetts ပြည်နယ်မှာ မနေ့က ကျင်းပခဲ့တဲ့ ရန်ပုံငွေရှာပွဲမှာ ဒုသမ္မတက ပြောခဲ့တာပါ။

ပြီးခဲ့တဲ့လက သမ္မတဟောင်းထရမ့်နဲ့ စကားစစ်ထိုးပွဲမှာ အစွမ်းမပြနိုင်ခဲ့တာကြောင်း ရွေးကောက်ပွဲက ထွက်ဖို့ ဒီမိုကရက်ပါတီ တာဝန်ရှိသူတချို့နဲ့ ပါတီရန်ပုံငွေအများအပြား ထောက်ပံ့နေသူတချို့က ဖိအားပေးနေပေမဲ့ ဒုသမ္မတကတော့ ထွက်ဖို့ ပြောဆိုတာမျိုး မရှိပါဘူး။ သမ္မတဘိုင်ဒင်ကတော့ ကိုဗစ်ရောဂါ ကူးစက်ခံနေရတာကြောင့် Delaware ပြည်နယ် နေအိမ်မှာ သီးသန့်နေထိုင်နေပါတယ်။

Forum

XS
SM
MD
LG