သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတ Harris သမ္မတလောင်းအဖြစ် ပါတီတွင်းထောက်ခံမှု အလုံအလောက်ရရှိ


မဲဆွယ်စည်းရုံးရေး ရုံးခန်းမှာတွေ့ရတဲ့ ဒုသမ္မတ Kamala Harris (ဇူလိုင် ၂၂၊ ၂၀၂၄)
မဲဆွယ်စည်းရုံးရေး ရုံးခန်းမှာတွေ့ရတဲ့ ဒုသမ္မတ Kamala Harris (ဇူလိုင် ၂၂၊ ၂၀၂၄)

နိုဝင်ဘာလ အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းကို ရှေ့လ ပါတီညီလာခံမှာ ရွေးချယ်ဖို့ ပြင်ဆင်နေချိန်မှာပဲ ဒုသမ္မတ Kamala Harris ဟာ လုံလောက်တဲ့ ထောက်ခံမှုတွေ ရနေပါပြီ။


ပြည်နယ်တွေမှာရှိတဲ့ ပါတီရဲ့ထုတ်ပြန်ချက်တွေနဲ့ ကိုယ်စားလှယ်တဦးချင်းစီကို မေးမြန်းထား တာတွေကို အခြေခံပြီး AP သတင်းဌာနက စုဆောင်းထားပြီး၊ မနေ့နှောင်းပိုင်း ထုတ်ပြန်ခဲ့တဲ့ စာရင်းထဲမှာတော့ သမ္မတလောင်းအဖြစ် တရားဝင် အသိ အမှတ်ပြုဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်မဲအရေအတွက် ၁,၉၇၆ မဲကို ကျော်လွန်ပြီး ထောက်ခံမဲ ၂,၂၀၀ ကျော်ရရှိထား တယ်လို့ ဖော်ပြထားပါတယ်။

ဒုသမ္မတ Harris ကလည်း သမ္မတလောင်းအဖြစ် မကြာခင် တရားဝင်လက်ခံဖို့ မျှော်လင့်ထားကြာင်း တနင်္လာနေ့နှောင်းပိုင်းက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ သမ္မတ Joe Biden က ရွေးကောက်ပွဲမှာ မပြိုင်တော့ဖို့ မကြေညာခင်ကတည်းက ဩဂုတ်လ ၁၉ ရက်ကနေ ၂၂ ရင်အထိ လုပ်မယ့် ဒီမိုကရက်တစ်ပါတီညီလာခံမတိုင်ခင် အွန်လိုင်းကနေ မဲခွဲဆုံးဖြတ်ဖို့ ပါတီခေါင်းဆောင်တွေ စီစဉ်ထားခဲ့ကြတာပါ။

သမ္မတလောင်းအဖြစ် ရွေးချယ်ရေး တာဝန်ရှိသူတွေကတော့ အပြီးသတ်လုပ်ငန်းစဉ်တွေအတွက် ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံကြဖို့ စီစဉ်ထားပြီး၊ သမ္မတလောင်းကို သြဂုတ် ၇ ရက် နေ့မှာ ရွေးချယ်မယ်လို့ ဒီမိုကရက်တစ် အမျိုးသားညီလာခံ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ Jaime Harrison က သတင်းထောက်တွေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG