အစ္စရေးနိုင်ငံ Caesarea ကမ်းရိုးတန်းမြို့က အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နေအိမ်ကို မီးကျည်တွေနဲ့ ပစ်ခတ်ခံခဲ့ရပြီးနောက် မသင်္ကာသူ ၃ ယောက်ကို အစ္စရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ။
ဂါဇာဒေသတချို့မှာ အငတ်ဘေး ဆိုက်တော့မယ့် အချိန်မှာပဲ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းက ပါလက်စတိုင်းတွေလည်း ဒုက္ခရောက်နေကြပါတယ်။ သူတို့ဟာ အစ္စရေးဘက်မှာလည်း အလုပ်သွားမလုပ်နိုင်တာကြောင့် ဒေသစီးပွားရေးတခုလုံး ကျုံ့လာနေပါတယ်။ Linda Gradstein ရာမာလာ မြို့ကနေ သတင်းပေးပို့ထားတာပါတယ်။ကိုငြိမ်းချမ်း တင်ပြမှာပါ။
လက်ဘနွန်နိုင်ငံတောင်ပိုင်းရပ်ကွက်တခုအပေါ် အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အထပ်မြင့် အဆောက်အဦးတခု ပြိုကျပျက်စီးသွားခဲ့ပါတယ်။ ဒရုန်းယာဉ်သုံးပြီး Missile ဒုံး ၂ ခုနဲ့ ပစ်ခတ်ခဲ့လို့ မြူနီစပယ်ရုံးတွေနားက အဆောက်အဦးတခု ပြိုကျသွားခဲ့တယ်လို့ လက်ဘနွန် အစိုးရသတင်းဌာန NNA က ထုတ်ပြန်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသနဲ့ လက်ဘနွန်နိုင်ငံအပေါ် အစ္စရေးဆက်လက်စစ်ဆင်နေချိန်မှာပဲ ဂါဇာမှာ အစ္စရေးစစ်တပ်က စစ်ရာဇဝတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့အမှုတွေ ချိုးဖောက်နေတယ်လို့ Human Rights Watch အဖွဲ့ကြီးက စွပ်စွဲလိုက်ပါတယ်။
“ဂါဇာက နေရာဒေသအတော်များများမှာ တကယ် စစ်မှန်ပြီး ကာလရှည်ကြာတည်တံ့မယ့် အပစ် ရပ်စဲရေး ရှိလာတာကို ကျနော်တို့ မြင်ရဖို့ လိုပါတယ်။ ယာယီပစ်ခတ်မှု ရပ်စဲတယ်ဆိုတဲ့ နေရာမှာ လည်း တိုက်ပွဲတိုင်းကို ဆိုလိုတာပါ။ ဒါမှလည်း အကူအညီတွေဟာ လိုအပ်သူတွေထံ တိုက်ရိုက် ရောက်နိုင်မှာ ဖြစ်ပါတယ်” (ဝန်ကြီး Blinken)
ဂါဇာက သွေးထွက်သံယို ပဋိပက္ခတွေ တနှစ်ကျော်ကြာလာချိန်ထိ ဟားမတ် စစ်သွေးကြွတွေဖမ်းဆီးထားတဲ့ ဓားစားခံတွေ ပြန်လွတ်လာတာကိုလည်း တွေ့မြင်လိုတယ်လို့လည်း သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။
စစ်ဖြစ်နေတဲ့ အစ္စရေး နဲ့ ဟားမက်စ်အကြား အပစ်ရပ်ဆဲရေးအတွက် စိတ်ဆန္ဒမရှိသလို အလေးအနက်လည်း မထားဘူးလို့ ပြောဆိုပြီး အပစ်ရပ်ရေး စေ့စပ်ပေးနေတဲ့ ကာတာနိုင်ငံဟာ ညှိနှိုင်းပေးနေတာတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒီအကြောင်း Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေရှိနေတဲ့ ယီမင်နိုင်ငံဘက်က တနင်္လာနေ့က ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစင်းကို အစ္စရေးက ကြားဖြတ်ပစ်ချနိုင်ခဲ့ပါတယ်။ ဂျေရုဆလင်မြို့နား ပျက်ကျခဲ့တဲ့ဒုံးကျည်ကြောင့် မီးလောင်ခဲ့သလို ဟူသီသူပုန်တွေကတော့ အစ္စရေးနိုင်ငံအလယ်ပိုင်း ကို တိုက်ခိုက်နိုင်ခဲ့ကြောင်းပြောခဲ့ပါတယ်။
အစ္စရေး-ဟာမတ်စ် စစ်ပွဲစတင်ကတည်းက စားနပ်ရိက္ခာနဲ့ ခိုလှုံရာမဲ့နေတဲ့ ပါလက်စတိုင်းတွေကို အကူအညီတွေ ပိုပေးနိုင်ရေး အမေရိကန်ပြည်ထောင်စုက ဖိအားတွေ ပေးလာနေချိန်မှာပဲ ဂါဇာကမ်းမြောင်ဒေသကို ဖြတ်ကျော်ပြီး လူသားချင်း စာနာမှုအကူအညီတွေပေးရေး ခွင့်ပြုပေးသွားမယ်လို့ အစ္စရေးက ပြောပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဂါဇာကမ်းမြောင်မှာ စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်နိုင်တဲ့ နိုင်ငံတကာဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှုကျူးလွန်နေတယ်လို့ စွပ်စွဲထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ အစီရင်ခံစာကို အစ္စရေးက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံ Damascus မြို့တော်မှာရှိတဲ့ ဟက်ဇ်ဘိုလာ ဆီးရီးယားဌာနခွဲ ရဲ့ ထောက်လှမ်းရေးဌာနချုပ်ကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဆီးရီးယားမှာ အခုလို တိုက်ခိုက်တာတွေကို အစ္စရေး အာဏာပိုင်တွေက အရင်က ထုတ်ဖော် ပြောလေ့ သိပ်မရှိပါဘူး။
အစ္စရေးနိုင်ငံမှာ ရှေ့နှစ်ဆန်း ဥပဒေသစ် စတင်ကျင့်သုံးတဲ့အခါ ပါလက်စတိုင်း ဒုက္ခသည်ရေးရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းမှာဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂကို ဒီကနေ့ပဲ တရားဝင် အကြောင်းကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်