Wisconsin ပြည်နယ်၊ Milwaukee မြို့မှာ ဒီနေ့ စတင် ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံကာလအတွင်း တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြပွဲနဲ့ ချီတက်ပွဲတွေ ကျင်းပဖို့ စီစဉ်နေပါတယ်။
"ရွေးကောက်ပွဲ ကမ်ပိန်းတွေလုပ်နေစဉ်ကာလမှာ အခုလိုမျိုး အသက်အန္တရယ်ကို လုပ်ကြံခံရဖို့ ကြိုးစားတဲ့ အမှုအခင်းမျိုးကြုံရတာတော့ ဒီမိုကရေစီအတွက်လည်း ကောင်းတဲ့လက္ခဏာလို့တော့ ကျွန်မတော့ မမြင်ပါဘူး။..."
သမ္မတဟောင်း Trump အပေါ် ပါတီတွင်းထောက်ခံမှုနဲ့ ပြိုင်ဘက် လက်ရှိသမ္မတ Joe Biden ရွေးကောက်ပွဲမှာ ဝင်ပြိုင်သင့် မပြိုင်သင့်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတဲ့အပေါ် ဖလော်ရီဒါပြည်နယ် Saint Johns မြို့က နိုင်ငံရေးသုံးသပ်သူ ဉီးဆန်းအောင်ထွန်းရဲ့ သုံးသပ်ချက်အမြင် ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပါတယ်။
သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို ဒီသီတင်းပတ် နှောင်းပိုင်း ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တရားဝင် ကြေညာဖို့ စီစဉ်ထားတဲ့ ရီပတ်ဘစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒီနေ့ Wisconsin ပြည်နယ် Milwaukee မြို့မှာ စတင် ကျင်းပပါမယ်။
Donald Trump ကိုလုပ်ကြံဖို့ကြိုးစားခဲ့တဲ့လုပ်ရပ်ကို ကမ္ဘာ့ခေါင်းဆောင်တွေ ဝိုင်းဝန်းပြစ်တင်ရှုတ်ချကြတဲ့ထဲမှာ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါ၊ သြစတေးလျ၊ သြစတီးရီးယား ၊ ဘရာဇီးလ်၊ တရုတ်နိုင်ငံတို့အပြင် အီဂျစ်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ အစ္စရေးလ်၊ အီတလီ၊ ဂျပန်၊ မက္ကဆီကို စတဲ့နိုင်ငံခေါင်းဆောင်တွေပါဝင်ကြပါတယ်။
သမ္မတဟောင်းထရမ့်ကိုလုပ်ကြံဖို့ ကြိုးစားတဲ့ဖြစ်ရပ်ဟာ အင်မတန်အကျည်းတန်ပြီး ဒီလို နိုင်ငံရေးအကြမ်းဖက်မှုကို ရှုတ်ချတယ်လို့ အမေရိကန်ပြည်ထောင်စုနေ မြန်မာနွယ်အသိုင်းအဝိုင်းတွေကလည်း တုံ့ပြန်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံရေးမှာ အရေးကြီးနေတဲ့ ခုလိုအချိန်မှာ ဒီအဖြစ်အပျက်ကြောင့် စိုးရိမ်မကင်းလည်းဖြစ်ခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဆိုးသွမ်းရက်စက်မှုတွေ အနိုင်ရမသွားအောင် တနိုင်ငံလုံး ခိုင်မာစွာဆက်လက်ရပ်တည်ရေးဟာ အရင်ကထက် ပိုပြီးအရေးကြီးလာပြီလို့ သမ္မတဟောင်း Donald Trump က တနင်္ဂနွေနေ့မှာပြောပါတယ်။
သမ္မတဟောင်း ထရန့်ကို လုပ်ကြံဖို့ ကြိုးစားတဲ့ဖြစ်ရပ်ဟာ အင်မတန်အကျည်းတန်ပြီး၊ ဒီလို နိုင်ငံရေးအကြမ်းဖက်မှုကို ရှုတ်ချတယ်လို့ အမေရိကန်ပြည်ထောင်စုနေ မြန်မာနွယ် အသိုင်းအဝိုင်းတွေကလည်း တု့န်ပြန်ခဲ့ကြပါတယ်။ မြန်မာအသိုင်းအဝိုင်းတွေအမြင် ကိုသားညွန့်ဦး စုစည်းတင်ဆက်ထားပါတယ်။
ထရမ့်ကိုလုပ်ကြံတဲ့အဖြေကို ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို (အက်ဖ်ဘီအိုင်) က ထိပ်တန်းဦးစားပေး ရှာဖွေနေဆဲဖြစ်ပြီး လုပ်ကြံသူလို့ စွပ်စွဲခံရသူဟာ ၂၀ အရွယ်အမျိုးသား Thomas Matthew Crooks ဖြစ်ပြီး ပင်န်ဆယ်ဗေးနီးယား ပြည်နယ် Bethel Park မှာ နေထိုင်သူဖြစ်တယ်လို့ တနင်္ဂနွေနေ့အစောပိုင်းမှာ FBI က ပြောပါတယ်။
လုပ်ကြံသတ်ဖြတ်မှုဆိုတာ အမေရိကန်ရဲ့ရပ်တည်ချက်နဲ့ကွဲလွဲပြီး အခုချိန်မှာ အားလုံးညီညွတ်တာထက် ဘာမှအရေးမကြီးဘူးလို့ သမ္မတဟောင်း Trump ကို လုပ်ကြံဖို့ကြိုးပမ်းမှုဖြစ်ပြီးနောက် တနင်္ဂနွေနေ့မှာ နိုင်ငံအဝန်းကို သမ္မတ Biden က မိန့်ခွန်းပြောပြီး အခုလို အကြမ်းဖက်မှုမှန်သမျှကို လက်ခံလို့မရဘူးလို့ ပြောသွားပါတယ်။
သမ္မတဟောင်း Donald Trump ကို လုပ်ကြံပစ်ခတ်တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ မြန်မာ-အမေရိကန် လူမှုရေးအသင်း (BACI) ရဲ့ ဘုတ်အဖွဲ့ဒါရိုက်တာ Dr. Ro Dinga က သူ့ရဲ့အမြင်သဘောထားကို ပြော။
မနေ့က Pennsylvania ပြည်နယ် Butler မြို့ မဲဆွယ်စည်းရုံးပွဲ ကျင်းပနေတဲ့အချိန် သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားသူဟာ အသက် ၂၀ အရွယ် Matthew Crooks ဆိုသူဖြစ်တယ်လို့ FBI - ထောက်လှမ်းရေးဗျူရိုက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။