လာမယ့် နိုဝင်ဘာ အမေရိကန်သမ္မတးကောက်ပွဲမှာ သူပါဝင်ယှဥ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ သမ္မတ Joe Biden က တနင်္ဂနွေနေ့မှာ ကြေညာပြီးနောက် ဒုသမ္မတ Kamala Harris ကို ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ထောက်ခံလိုက်ပါတယ်။ VOA သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီး ဒုသမ္မတဖြစ်တဲ့ Kamala Harris ဟာ ဒီမိုကရက်တစ်ပါတီရဲ့ ပါတီကိုယ်စားပြု လာမယ့်ရွေးကောက်ပွဲ သမ္မတလောင်းအဖြစ် တရားဝင်ရွေးချယ်ခံရနိုင်ခြေ ရှိနေပါတယ်။ သူ့ရဲ့ ဘဝဇာတ်ကြောင်း၊ ပြီးခဲ့တဲ့လေးနှစ် နိုင်ငံရေးဖြတ်သန်းမှုတွေနဲ့ ပတ်သက်လို့ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ မပြိုင်တော့ဖို့ သမ္မတဂျိုးဘိုင်ဒန် ကြေညာလိုက်ပြီးနောက် သမ္မတလောင်းအဖြစ် ဒုသမ္မတကမ်မလာဟဲရစ်စ်ကို ဒီမိုကရက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ အလှူရှင်တွေက ထောက်ခံမှုတွေလည်း တိုးလာနေပါတယ်။
လာမယ့် နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲမှာ ဒုသမ္မတ Kamala Harris ဒီမိုကရက် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်နိုင်မှာပါလား။ ဘယ်လို ကိုယ်စားလှယ်လောင်းမျိုးကို မဲဆန္ဒရှင်တွေက လိုလားနေတာပါလဲ။ မြန်မာအမေရိကန်တွေရဲ့ သဘောထားကို သိရဖို့ ချီကာဂိုမြို့က မဇွန်ဇွန်ကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
လာမယ့် ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ထပ်ပြီး အရွေးခံတော့မှာ မဟုတ်တဲ့အကြောင်း သမ္မတ Joe Biden က ဒီနေ့ ကြေညာပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ဟာ လုပ်ကြံဖို့ ကြိုးစားခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ် မနေ့ကပဲ ပြန်စခဲ့ပါတယ်။
ယူကရိန်းအနေနဲ့ သူတို့ရဲ့ မြို့တွေနဲ့ ရှေ့တန်းမှာရှိတဲ့ တပ်ဖွဲ့တွေကို ရုရှားဘက်က ဒရုန်းတွေ ၊ ဗုံးတွေနဲ့ တိုက်ခိုက်တာကနေ ကာကွယ်ဖို့အတွက် တာဝေးပစ်လက်နက်တွေသုံးဖို့ လိုအပ်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောလိုက်ပါတယ်။
ရီပါဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ Donald Trump က ပါတီသမ္မတလောင်း အဖြစ် လက်ခံတဲ့ မိန့်ခွန်း ပြောနေတာပါ။
ဂါဇာအလယ်ပိုင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို မနေ့ညက အစ္စရေးက လေကြောင်းကနေ ၃ ကြိမ် တိုက်ခိုက်တာကြောင့် ၁၃ ယောက် ထက်မနည်းသေဆုံးသွားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာရွေးကောက်ပွဲမှာ နိုင်ခြေသိပ်မရှိဘူးလို့ ဒီမိုကရက်ပါတီဝင်တွေ လူသိရှင်ကြား ပြောဆိုလာကြသလို ပါတီ မဲဆွယ်ပွဲအတွက် အဓိက ရံပုံငွေထည့်သူတွေကပါ မထည့်ချင်ပဲဖြစ်လာတဲ့အတွက် သူဝင်မပြိုင်ပဲ နေဖို့ နီးစပ်လာပြီလို့ သတင်းတွေ ထွက်နေတာပါ။
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာကျင်းပမယ့် သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမေရိကားရောက် မြန်မာတွေအကြားမှာလည်း အမြင်သဘောထား အမျိုးမျိုး ကွဲပြားနေပါတယ်။ ရီပတ်ဘလစ်ကန်ပါတီရဲ့ မူဝါဒတွေကို ထောက်ခံသူတွေ ရှိသလို၊ ဒီမိုကရက်တစ်ပါတီကို မဲပေးမယ့်သူတွေလည်း ရှိနေကြပါတယ်။
လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် အနိုင်ရခဲ့မယ်ဆိုရင်၊ သူ့အနေနဲ့ ဖယ်ဒရယ် ဗြူရိုကရေစီ အုပ်ချုပ်ရေးယန္တရားတခုလုံးကို သမ္မတရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာထားဖို့ ကြိုးပမ်းလာနိုင်ချေ ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။