ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက် သမ္မတလောင်းလည်းဖြစ် လက်ရှိ ဒု သမ္မတလည်းဖြစ်တဲ့ ကမ်မလာ ဟဲရစ်စ်တို့ဟာ ဘယ်သူ့ကို မဲပေးရမလဲဆိုတာ ဝေခွဲမရဖြစ်နယ်တဲ့ ပြည်နယ်တွေကို ဦးတည်ထား စည်းရုံးနေတဲ့ တချိန်တည်းမှာ အားနည်းချက်တွေနဲ့ ပတ်သတ်လို့ အပြန်အလှန် ထောက်ပြ အပြစ်တင်နေကြပါတယ်။
လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ထောက်ခံမှုရဖို့ အကြိတ်အနယ် ကြိုးစားနေရတဲ့ ပြည်နယ်တွေမှာ အာရပ်နွယ်ဖွား အမေရိကန်တွေရဲ့ ထောက်ခံမှုရဖို့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဖြစ်လာနိုင်ခြေရှိတဲ့ ဒုသမ္မတ Kamala Harris ကပြင်ဆင် နေပါတယ်။
လူသိများ ကျော်ကြားတဲ့ YouTuber- Lily Hevesh ဟာ ဒိုမီနို (ခေါ်) ဒိုးဇက်ပြားတွေနဲ့ ဖန်တီးမှုနဲ့ ပရိသတ်ကို ဆွဲဆောင်လာတာ ၁၅ နှစ်တာ ရှိခဲ့ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကတော့ ဝါရှင်တန် မြို့တော်မှာ ရှိတဲ့ National Building ပြတိုက်မှာ သူမရဲ့ ဧရာမရည်မှန်းချက်ကြီးတခုကို အကောင်အထည်ဖော်ခဲ့ပါတယ်။
အမေရိကန်နဲ့ ဂျပန် ၂ နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ နောက်ထပ်တိုးမြှင့်ဖို့အတွက် ၂ နိုင်ငံ ကာကွယ်ရေး ဝန်ကြီးတွေနဲ့ နိုင်ငံခြားရေဝန်ကြီးတွေဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေး သဘောတူလိုက်ကြပါတယ်။
ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်းနဲ့ ဒုသမ္မတလောင်းတွေ ဖြစ်ကြတဲ့ သမ္မတဟောင်း Donald Trump နဲ့ အထက်လွှတ်တော်အမတ် JD Vance တို့ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီကို ထောက်ခံတဲ့ အမာခံနယ်မြေ Minnesota ပြည်နယ်မှာ စည်းရုံးရေး ဆင်းခဲ့ကြပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဖက်တွေ ဖြစ်လာဖွယ်ရှိနေတဲ့ ဒုသမ္မတ ကယ်မလာဟဲရစ် နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ဟာ အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ သီးခြားစီ တွေ့ဆုံခဲ့ကြပြီး ဂါဇာ စစ်ပွဲနဲ့ ပတ်သက်တဲ့ မတူကွဲပြားတဲ့ အမြင်တွေကို ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ကြေကွဲဖွယ်ကောင်းကြောင်း လာအိုနိုင်ငံမြို့တော် Vientiane မှာ ကျင်းပနေတဲ့ အာဆီယံစည်းဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ ဇူလိုင် ၂၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နဲ့ ဘက်စုံမဟာဗျူဟာမြောင် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအပါအဝင် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ပံ့ပိုးကူညီမှု ချိတ်ဆက်မှုတွေ တိုးမြှင့် နေတယ်လို့ နိုင်ငံခြားရေးဌာနက သောကြာနေ့ (ဇူလိုင် ၂၆ ရက်)က သတင်းထုတ်ပြန်ပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲ ထပ်မပြိုင်တော့ဖို့ ဆုံးဖြတ်ခဲ့ပြီး ကျန်နေတဲ့ သက်တမ်းအတွင်း ဆောင်ရွက်ဖို့ ရှိတာတွေနဲ့ ပတ်သက်လို့ တိုက်ရိုက်မိန့်ခွန်းစကားပြောကြားနေတာပါ။
ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းဖြစ်လာနိုင်ခြေရှိသူ လက်ရှိ ဒုသမ္မတ Kamala Harris ကို ထောက်ခံကြောင်း အမေရိကန်သမ္မတဟောင်း ဘာရက် အိုဘားမား (Barack Obama) နဲ့ ဇနီး မီရှယ်အိုဘားမား (Michelle Obama) တို့က တရားဝင် ထုတ်ပြန် ပြောကြားလိုက်ကြပါတယ်။
Pew သုတေသနစင်တာရဲ့ ကောက်ထူတဲ့ စစ်တမ်းတစ်ခုအရ လူအများစုအနေနဲ့ သူတို့နိုင်ငံအတွင်းမှာ တရုတ်ရဲ့ စီးပွားရေးသြဇာလွှမ်းမိုးမှုကို သတိပြုမိနေကြပြီး ဒီလွှမ်းမိုးမှုဟာ ကောင်းသလား ဆိုးသလား အပေါ်မှာလည်း သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ ဒီလိုလွှမ်းမိုးမှုအပေါ်မှာ အမေရိကန်တွေရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။
ဂါဇာစစ်ပွဲနဲ့ အပစ်ရပ်သဘောတူညီမှုရရှိရေးအလားအလာတွေကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu သမ္မတအိမ်ဖြူတော်မှာ ကြာသပတေးနေ့က တွေ့ဆုံဆွေးနွေးခဲ့ချိန် ဒီမိုကရက်သမ္မတကိုယ်စားလှယ်လောင်းဖြစ်နိုင်ခြေရှိတဲ့ ဒုသမ္မတ Kamala Harris လည်း အိမ်ဖြူတော် အစည်းအဝေးမှာ ရှိနေခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။