တောင်ကယ်ရိုးလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်း ဖြစ်၊ ကုလသမဂ္ဂသံအမတ်ကြီးဟောင်းလည်းဖြစ်တဲ့ နစ်ကီဟေလီကို ဆက်လက်ထောက်ခံနေတဲ့ မဲဆန္ဒရှင်တွေဟာ အမေရိကန် လက်ရှိသမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်အကြား အနိုင်အရှုံးကို ဆုံးဖြတ်သွားနိုင်တဲ့ အကြောင်း Dora Mekouar သတင်းပေးပို့ထားပါတယ်။
နယူးယောက်ပြည်နယ် Utica (ယူတီကာ) မြို့က ၈ တန်းကျောင်းသား ကရင်တိုင်းရင်းသား မောင်ညမွှေးကို ရဲက လမ်းပေါ်မှာမေးမြန်းစစ်ဆေးစဥ် ရဲတပ်ဖွဲ့ဝင်တဦးရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားရတဲ့ဖြစ်ရပ်အတွက် အမှုမှန်ပေါ်ပေါက်စေချင်ပြီး တရားမျှတမှုရဖို့ လိုလားကြောင်း ယူတီကာမြို့ ကရင်လူမှုအဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။
"ဒီတိုင်းပြည်ကို တည်ထောင်ထားတဲ့ အခြေခံမူက အမေရိကန်ပြည်ထောင်စုမှာ ဘုရင်ဆိုတာ မရှိဘူးဆိုတဲ့ မူပါ။ လူတိုင်းဟာ ဥပဒေရှေ့မှောက်မှာ အားလုံး တန်းတူပါပဲ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိပါဘူး။ အမေရိကန် သမ္မတလည်း အတူတူပါပဲ" လို့ သမ္မတ Joe Biden ပြောဆိုသွားတာပါ။
လက်ဘနွန်နိုင်ငံတောင်ပိုင်းက ဟက်ဇဘိုလာတိုက်ခိုက်ရေးသမားတွေနဲ့ အစ္စရေးတပ်တို့ကြားက ပဋိပက္ခတွေအရှိန်မြင့်ပြီး စစ်ပွဲတရပ်ထိ ဖြစ်မလာအောင် အခိုင်အမာကာကွယ်သွားဖို့ ဆုံးဖြတ်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တနင်္လာနေ့မှာပြောပါတယ်။
၂၀၂၀ သမ္မတရွေးကောက်ပွဲရှုံးနိမ့်ခဲ့တာကို ပြောင်းလဲဖို့ကြိုးစားခဲ့တဲ့ အမေရိကန်သမ္မတဟောင်း Donald Trump အနေနဲ့ သမ္မတသက်တမ်း အတွင်း တရားဝင်ဆောင်ရွက်မှုတွေမှာ တရားစွဲခံရတာမျိုးကနေ ကင်းလွတ်ခွင့်ရှိတယ်လို့ အမေရိကန်တရားရုံးချုပ်က တနင်္လာနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
'ဥရောပမှာရှိတဲ့အမေရိကန်စစ်ဘက်ပုဂ္ဂိုလ်တွေနဲ့ စစ်အခြေစိုက်စခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရနိုင်ခြေရှိနေတယ်' ဆိုတဲ့ထောက်လှမ်းရေးသတင်းတွေကြောင့် Force Protection Condition ကာကွယ်ရေးသတိပေးချက်တွေထုတ်ပြန်ထားတယ်လို့ ကန်-ဥရောပ စစ်အခြေစိုက်စခန်း EUCOM က ကန် အရာရှိတဦးက ဗွီအိုအေကို တနင်္လာနေ့မှာ အတည်ပြုပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပသွားတဲ့ အမေရိကန်သမ္မတလောင်းတွေ စကားစစ်ထိုးပွဲမှာ သမ္မတ Joe Biden တော်တော်လေး ခက်ခက်ခဲခဲ ယှဉ်ပြိုင်ဆွေးနွေးခဲ့ရတယ်လို့ ရှုမြင်ပြီး သူ့နေရာမှာ ဒီမိုကရက်တစ်ဝင် တခြားသူတယောက်ကို သမ္မတလောင်းအဖြစ် ရွေးချယ်ဖို့ အကြံပြုပြောဆိုတာတွေလည်း ထွက်ပေါ်လာနေပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ အကြား ငြိမ်းချမ်းရေး အစီအစဉ် အကောင်အထည်ပေါ်လာအောင် အမေရိကန်ပြည်ထောင်စုက ဆက်လက် တွန်းတွန်းတိုက်တိုက် လုပ်ဆောင်နေပေမယ့် ဂါဇာမှာ တိုက်ပွဲတွေ ပိုပြင်းထန်နေပြီး အစ္စရေးရော ဟာမတ်စ်ဘက်ကပါ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ ပတ်သက်လို့ လက်ခံတဲ့ တိုးတက်မှု မတွေ့ရသေးပါဘူး။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ယူတီကာ (Utica) မြို့မှာ အသက် ၁၃ နှစ်အရွယ် ကရင်လူငယ်တဦးဟာ ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ရာက သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အသေအချာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ မြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ Utica မြို့မှာ အသက် ၁၃ နှစ်အရွယ် ကရင်လူငယ်တဦးဟာ ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ရာက သေဆုံးခဲ့တဲ့ဖြစ်စဉ်အတွက် ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့ပါတယ်။
ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ CNN ဌာနချုပ်မှာ မနေ့ညက ကျင်းပတဲ့ သမ္မတလောင်း စကားစစ်ထိုးပွဲမှာ သမ္မတ Biden က အမေရိကန်ပြည်ထောင်စုရဲ့ နောင်တာဝန်ယူမယ့် သမ္မတ ဘာကြောင့် သူ ဆက်ဖြစ်သင့်တယ်ဆိုတာကို အခိုင်အမာပြောဆိုသွားသလို သမ္မတဟောင်း Trump ကလည်း သူဘာကြောင့် သမ္မတဖြစ်သင့်တယ်ဆိုတာကို ပြောဆိုသွားခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၅ ရက်ကျင်းပမယ့် ရွေးကောက်ပွဲကျင် သူအနိုင်ရခဲ့မယ်ဆိုရင် သမ္မတတာဝန် စမယူခင်မှာထဲက ယူကရိန်းကိုကျူးကျော်တိုက်နေတဲ့ ရုရှားစစ်ပွဲ အဆုံးသတ်တာ တွေ့ရမယ်လို့ ဒေါ်နယ်ထရမ့်က သမ္မတလောင်း စကားစစ်ထိုးပွဲမှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။