အမေရိကန်ပြည်ထောင်စု၊ Wisconsin ပြည်နယ် Milwaukee မြို့မှာ ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒုတိယနေ့မှာ အရင်က ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်ရေး Donald Trump နဲ့ ယှဉ်ပြိုင်ခဲ့သူတွေ တက်ရောက် မိန့်ခွန်းပြောကြားကြပြီး Trump ကို ထောက်ခံခဲ့ကြပါတယ်။
“အကြမ်းဖက်မှုပေါင်းစုံ ဖြစ်ပေါ်လာအောင် ပြောဆို၊ လုပ်ဆောင်မှုတွေ လျော့နည်းသွားအောင်၊ အဲဒီလို လုပ်ရပ်တွေကို ပြစ်တင် ရှုတ်ချကြဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်” - လို့ သမ္မတ Biden က ပြောသွားတာပါ။
ရီပတ်ဘလစ်ကန်ပါတီ ပါတီညီလာခံ ကျင်းပနေတဲ့ ဒုတိယမြောက်နေ့ အင်္ဂါနေ့က ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်ခြေရှိတဲ့ Nevada ပြည်နယ်မှာ သမ္မတဂျိုးဘိုင်ဒန် မဲဆွယ်စည်းရုံးပွဲ ကျင်းပပါတယ်။
Wisconsin ပြည်နယ် Milwaukee မြို့မှာ ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒုတိယနေ့မှာ အရင်က ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်ရေး Donald Trump နဲ့ ယှဉ်ပြိုင်ခဲ့သူတွေ တက်ရောက် မိန့်ခွန်းပြောကြားကြပြီး Trump ကို ထောက်ခံခဲ့ကြပါတယ်။
ဒုသမ္မတလောင်း ဘယ်သူဖြစ်မလဲဆိုတဲ့ လပေါင်းများစွာ ခန့်မှန်းမှုတွေ အပြီး Donald Trump က သူနဲ့ လက်တွဲဖက် ယှဉ်ပြိုင်သူ အဖြစ် J.D. Vance ကို ရွေးလိုက်ပါတယ်။၁၉၅၂ ခုနှစ် ရစ်ချက်နစ်ဆင် လက်ထက်ကတည်းက ဆိုရင် Vance က အသက်အငယ်ဆုံး ရီပါဗလစ်ကန် ဒုသမ္မတလောင်းဖြစ်ပါတယ်။
အမေရိကန် နယူးဂျာစီပြည်နယ် အထက်လွှတ်တော်အမတ် Bob Menendez ဟာ နယူးဂျာစီလုပ်ငန်းရှင် ၃ ယောက်ဆီက ငွေ၊ ရွှေ နဲ့ ဇိမ်ခံကားတစီး လာဘ်ယူခဲ့တာကြောင့် အပြစ်ရှိကြောင်း အင်္ဂါနေ့က ဆုံးဖြတ်လိုက်ပါတယ်။ နယူးယောက်မြို့ ဖက်ဒရယ်တရားရုံးမှာ ဂျူရီအဖွဲ့က ခုလို ဆုံးဖြတ်လိုက်တာပါ။
Ohio ပြည်နယ် အထက်လွှတ်တော်အမတ် J.D Vance ကို ဒု−သမ္မတလောင်းအဖြစ် Donald Trump က ရွေးချယ်လိုက်တာက ထူးခြားမှုတရပ်ဖြစ်ပြီး ၊ သူတို့ ၂ ဦးသာ အနိုင်ရခဲ့ရင် မထင်မှတ်ထားတဲ့ နိုင်ငံရေးဖြစ်စဥ်တွေ မြင်လာရလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာ တင့်ဆွေက မြင်ပါတယ်။ ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းထားပါတယ်။
ဇူလိုင်လ ၁၃ ရက်၊ စနေနေ့က သမ္မတဟောင်း Donald Trump လုပ်ကြံမှု ဖြစ်ရပ်အပြီးမှာတော့ လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်ကြမယ့် သမ္မတ Joe Biden နဲ့ သမ္မတဟောင်း Trump တို့ နှစ်ဦးလုံးက တိုင်းပြည်မှာ စုစည်းညီညွတ်မှု ရှိကြဖို့ တိုက်တွန်း ပြောဆိုနေကြပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Wisconsin ပြည်နယ်၊ Milwaukee မြို့မှာ ကျင်းပနေတဲ့ ရီပတ်ဘလီကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မနေ့က သမ္မတဟောင်း Donald Trump ရောက်လာတယ်ဆိုရင်ပဲ သူ့ကို ထောက်ခံသူတွေ ကြိုဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လုပ်ကြံဖို့ ကြိုးစားခံခဲ့ရတဲ့ သမ္မတဟောင်း Donal Trump ဟာ အခု ကျင်းပနေတဲ့ ရီပတ်ပလင်ကန်ပါတီညီလာခံကို တတ်ရောက်နေပါတယ်။ ညီလာခံကျင်းပရာ Wisconsin ပြည်နယ် Milwaukee ကနေ ဗွီအိုအေ အကြီးတန်သတင်းထောက် Carolyn Presutti သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦး ပြောပြမှာပါ။
၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းအဖြစ် Donald Trump ကို ပါတီညီလာခံကရွေးချယ်လိုက်ပါတယ်။ Milwaukee မှာကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီညီလာခံမှာပဲ သူနဲ့အတူယှဥ်ပြိုင်မယ့် ဒုသမ္မတလောင်းအဖြစ် အိုဟိုင်းယိုးပြည်နယ် အထက်လွှတ်တော်အမတ် JD Vance ကိုရွေးချယ်လိုက်ပါတယ်။
Wisconsin ပြည်နယ်၊ Milwaukee မြို့မှာ ဒီနေ့ စတင် ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံကာလအတွင်း တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြပွဲနဲ့ ချီတက်ပွဲတွေ ကျင်းပဖို့ စီစဉ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။