အကျိုးအမြတ်မယူတဲ့ NGO အဖွဲ့အစည်းတခုက အမေရိကန်၊ နယူးယောက်မြို့ Brooklyn အရပ်မှာမှာရှိတဲ့ ငွေကြေးချို့တဲ့တဲ့ လူမှုအသိုင်းအဝိုင်းထဲက လူငယ်တွေကို ရေကူးသင်တန်းနဲ့ ရေဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်းတွေ အခမဲ့ပို့ချပေးနေပါတယ်။ ဒီအကြောင်း June Hsu နဲ့ Rendy Wicaksana တို့ရဲ့သတင်းကို မမြသဇင်အောင်ပြောပြပေးပါမယ်။
အမေရိကန်သမ္မတဟောင်းထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီက ဒုသမ္မတ ကမ်မလာဟဲရစ်ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ်မှာ တိုက်ခိုက်နေပြီး သူ့မကို လည်း “နယ်စပ်အုပ်ချုပ်သူ ဇာဘုရင်မ” ဆိုပြီး ခေါ်ဝေါ်ပြောဆိုနေကြပါတယ်။ VOA လူဝင်မှုကြီးကြပ်ရေးသတင်းထောက် Aline Barros ပေးပို့လာတဲ့သတင်းကို ကိုစံကျော်ပြောပြပါမယ်။
ဒီမိုကရက်ပါတီ သမ္မတလောင်း ဖြစ်လာနိုင်သူ ဒုသမ္မတ Kamala Harris ကာလီဖိုးနီးယားပြည်နယ် ရှေ့နေချုပ်အဖြစ် တာဝန် ထမ်းဆောင်စဉ်အတွင်း နယ်စပ်လုံခြုံရေးနဲ့ ပတ်သတ်ပြီး အတွေ့အကြုံတွေ အများကြီး ရှိခဲ့ကြောင်း ချေပ ပြောဆိုပါတယ်။
တောင်နဲ့ အရှေ့တရုတ်ပင်လယ်တွေမှာ တရုတ်နိုင်ငံက တိုးမြှင့်လုပ်ဆောင်မှုတွေအပေါ် ဒေသတွင်းနိုင်ငံတွေနဲ့အတူ စိုးရိမ်ကြောင်းနဲ့ ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အရေးကြီးမှုတွေကိုလည်း ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr နဲ့ တွေ့ဆုံရာမှာ ဝန်ကြီးဘလင်ကန်က အလေးထား ပြောကြားခဲ့တာပါ။
ဒီမိုကရက်ပါတီသမ္မတလောင်း ဖြစ်နိုင်ခြေရှိတဲ့ Kamala Harris နဲ့အတူ ရွေးကောက်ပွဲမှာ ဒုသမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ဖို့ လျာထားခံရသူတွေ စာရင်းထဲကနေ မြောက် Carolina ပြည်နယ် အုပ်ချုပ်ရေးမှူး Roy Cooper နဲ့ Michigan ပြည်နယ် အုပ်ချုပ်ရေးမှူး Gretchen Whitmer တို့၂ ဦး မနေ့ကပဲ နုတ်ထွက်သွားပါတယ်။
အမေရိကန်ပြည်ထောင်စုက ဂျာမနီမှာ ဒုံးကျည်တွေ ထားဖို့အစီအစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားသမ္မတပူတင်ကလည်း ဒုံးလက်နက်သစ်တွေ ထားနိုင်တဲ့အကြောင်း ပြောပါတယ်။ စစ်အေးခေတ်သဘောတူစာချုပ်နဲ့ တားမြစ်ထားခဲ့တဲ့ တာလတ်ပစ်လက်နက်စနစ်တွေ ပြန်တပ်ဆင်ဖို့ နှစ်နိုင်ငံလုံး အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း အချက်ပြထားပါတယ်။
အမေရိကန်တရားရုံးချုပ်စနစ်ကို ပြန်လည်ပြုပြင်မယ့်အစီအစဉ်တွေကို ၆ လသက်တမ်းပဲကျန်တော့တဲ့ သမ္မတ Joe Biden က ချပြခဲ့ပါတယ်။ တရားရုံးချုပ် တရားသူကြီး ၉ ဦးကို တသက်လုံးသက်တမ်းနဲ့ထမ်းဆောင်ခွင့်ကနေ ၁၈ နှစ်သက်တမ်းပဲထားဖို့နဲ့ တရားရုံးချုပ်ဆိုင်ရာလိုက်နာရမယ့်ကျင့်ဝတ်တွေ သတ်မှတ်ဖို့ ဒီ အဆိုပြုချက်ထဲ ပါဝင်ပါတယ်။
အမေရိကန်အနေနဲ့ ယူကရိန်းကို စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁. ၇ ဘီလီယံ ကူညီသွားမယ်လို့ တာဝန်ရှိသူတွေက ကြေညာပါတယ်။ ဒီအထဲမှာ လေကြောင်းကာကွယ်ရေးစနစ်အတွက် ခဲယမ်းတွေ၊ အမြောက်လက်နက်ကြီး၊ တင့်ကားနဲ့ သင်္ဘောဖျက်ဒုံးကျည်တွေ ပါဝင်မယ်လို့ သိရပါတယ်။
ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက် သမ္မတလောင်းလည်းဖြစ် လက်ရှိ ဒု သမ္မတလည်းဖြစ်တဲ့ ကမ်မလာ ဟဲရစ်စ်တို့ဟာ ဘယ်သူ့ကို မဲပေးရမလဲဆိုတာ ဝေခွဲမရဖြစ်နယ်တဲ့ ပြည်နယ်တွေကို ဦးတည်ထား စည်းရုံးနေတဲ့ တချိန်တည်းမှာ အားနည်းချက်တွေနဲ့ ပတ်သတ်လို့ အပြန်အလှန် ထောက်ပြ အပြစ်တင်နေကြပါတယ်။
လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ထောက်ခံမှုရဖို့ အကြိတ်အနယ် ကြိုးစားနေရတဲ့ ပြည်နယ်တွေမှာ အာရပ်နွယ်ဖွား အမေရိကန်တွေရဲ့ ထောက်ခံမှုရဖို့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဖြစ်လာနိုင်ခြေရှိတဲ့ ဒုသမ္မတ Kamala Harris ကပြင်ဆင် နေပါတယ်။
လူသိများ ကျော်ကြားတဲ့ YouTuber- Lily Hevesh ဟာ ဒိုမီနို (ခေါ်) ဒိုးဇက်ပြားတွေနဲ့ ဖန်တီးမှုနဲ့ ပရိသတ်ကို ဆွဲဆောင်လာတာ ၁၅ နှစ်တာ ရှိခဲ့ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကတော့ ဝါရှင်တန် မြို့တော်မှာ ရှိတဲ့ National Building ပြတိုက်မှာ သူမရဲ့ ဧရာမရည်မှန်းချက်ကြီးတခုကို အကောင်အထည်ဖော်ခဲ့ပါတယ်။
အမေရိကန်နဲ့ ဂျပန် ၂ နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ နောက်ထပ်တိုးမြှင့်ဖို့အတွက် ၂ နိုင်ငံ ကာကွယ်ရေး ဝန်ကြီးတွေနဲ့ နိုင်ငံခြားရေဝန်ကြီးတွေဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေး သဘောတူလိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။