မြောက်အန္တလန်တိတ် စစ်ရေးမဟာမိတ် NATO အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထိပ်သီး ဆွေးနွေးပွဲကို ဒီကနေ့ အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန်မှာ စတင်မှာဖြစ်ပြီး ရုရှားကျူးကျော်မှုနဲ့ ရင်ဆိုင်နေတဲ့ရတဲ့ ယူကရိန်းကို ကူညီရေးကိစ္စ အဓိက ဆွေးနွေးကြဖို့ ရှိနေပါတယ်။
မြောက်အန္တလန်တစ် စစ်ရေး မဟာမိတ်အဖွဲ့က အသစ်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ဝင်တွေအပါအဝင် နေတိုး မဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေကို ဒီနေ့ သမ္မတ Joe Biden ဝါရှင်တန်မြို့တော်မှာ ကြိုဆိုတွေ့ဆုံပါတယ်။
အမေရိကန် မက်ဆီကိုနယ်စပ်မှာ ခိုလှုံခွင့်တောင်းခံတာကို ယာယီရပ်ဆိုင်းပြီးတဲ့နောက် သမ္မတဘိုင်ဒန်က အမေရိကန် နိုင်ငံသား နဲ့ လက်ထပ်ထားတဲ့အထောက်အထားမဲ့ ရွှေ့ပြောင်းအခြေချသူတွေကို အကာအကွယ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ထရမ့်ကတော့ ပြန်ပို့တာတွေကို အကြီးအကျယ်လုပ်မယ်လို့ ပြောထားပါတယ်။
လာမယ့်နိုဝင်ဘာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အမေရိကပြည်ထောင်စုမှာ ကျောင်းပြီးသွားသူတွေကို အမြဲတမ်း နေထိုင်ခွင့် (Green Card) ထုတ်ပေးမယ်ဆိုပြီး ရွေးကောက်ပွဲအကြို မဲဆွယ်မှုအဖြစ် ဇွန်လထဲမှာ လုပ်ခဲ့တဲ့ Podcast အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။
နိုဝင်ဘာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် သမ္မတဟာင်းထရမ့်က ကျောင်းပြီးသွားသူတွေကို အမြဲတမ်း နေထိုင်ခွင့် ထုတ်ပေးမယ်ဆိုပြီး ရွေးကောက်ပွဲအကြို မဲဆွယ်မှု အဖြစ် အင်တာဗျူး တခုမှာ ပြောခဲ့ပါတယ်။ လက်တွေ့ ဘယ်လောက်ဖြစ်လာနိုင်ခြေ ရှိပါသလဲ။ မြန်မာကျောင်းသားတွေအမြင်တွေ မခင်လေးစုစည်းထားပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာပြန်အရွေးခံဖို့ အခိုင်အမာဆုံးဖြတ်ထားကြောင်းနဲ့ သမ္မတဟောင်း Donald Trump နဲ့လတ်တလောစကားစစ်ထိုးပွဲမှာ ကောင်းကောင်းမဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဘေးထွက်ထိုင်ပေးဖို့ပြောဆိုနေတာတွေရပ်ချိန်တန်ပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီမိုကရက်လွှတ်တော်အမတ်တွေကိုတနင်္လာနေ့မှာ စာပို့ခဲ့ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ပတ်သက်လို့ သူ့ အသက်အရွယ်နဲ့ ဉီးဆောင်နိုင်စွမ်းအပေါ် စိုးရိမ်မှုတွေ တိုးလာနေပြီး ရွေးကောက်ပွဲမှာ ဆက်မပြိုင်သင့်ဘူးဆိုပြီး ပြောဆိုတာတွေ ရှိလာနေပါတယ်။ လာမယ့် သီတင်းပတ်ဟာ သမ္မတဘိုင်ဒန်အတွက် အရေးကြီးပြီး ရွေးကောက်ပွဲအပေါ် သက်ရောက်မှုတွေ ရှိနိုင်တာပါ။
အမေရိကန်က အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် အစ္စရေးရဲ့ တုန့်ပြန်ချက်ကို စောင့်ဆိုင်းနေကြောင်း ဟာမတ်စ်အဖွဲ့က ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ ပြောပါတယ်။
၂၀၂၄ ဇူလိုင်လ ၄ ရက် ကြာသပတေးနေ့ဟာ ဗြိတိန်လက်အောက်ကနေ အမေရိကန်နိုင်ငံရဲ့ ၂၄၈ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပြီး ၂၀ ရာစုနှစ်တွေမှာတော့ ဗြိတိန်နဲ့ အခိုင်မာဆုံး ဒီမိုကရေစီမိတ်ဆွေအဖြစ်နဲ့ ကမ္ဘာစစ် ၂ ကြိမ် စလုံးကိုရော ကမ္ဘာ့ပဋိပက္ခအမျိုးမျိုးကိုပါ အတူတကွ လက်တွဲကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လာမယ့် ၂၀၂၄ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဆက်ပြီးအရွေးခံသွားမှာဖြစ်တယ်လို့ မနေ့ ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အားလပ်ရက် သီတင်းပတ်ကုန်မှာ ခရီးထွက်သူတွေ ဒီနှစ်မှာ စံချိန်တင်မယ်လို့ ခန့်မှန်းနေကြပါတယ်။ တနင်္ဂနွေနေ့ အမေရိကန် လေဆိပ်တွေမှာ ခရီးသွား ၃ သန်းကျော်မယ်လို့လည်း သယ်ယူပို့ဆောင်ရေး လုံခြုံရေးဌာနက ခန့်မှန်းထားတာပါ။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အရင်သီတင်းပတ်က သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့စကားစစ်ထိုးပွဲမှာ အခြေမလှ ဖြစ်ခဲ့ပြီးနောက် လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ပါတီရဲ့ သမ္မတလောင်းအဖြစ် ဆက်လက်ရှိနိုင်ဖို့ နိုင်ငံတဝန်းက ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူး ၂၃ ယောက်ထဲက တချို့နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။