ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump က ဒုတိယ သမ္မတလောင်းအဖြစ် ရွေးချယ်ထားတဲ့ Ohio ပြည်နယ်က အထက်လွှတ်တော်အမတ် J.D. Vance ဟာ မနေ့ ဗုဒ္ဓဟူးနေ့က ပါတီညီလာခံမှာ ဒုသမ္မတလောင်းအဖြစ်နဲ့ တနိုင်ငံလုံးကို ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်မှာ ကိုဗစ်ရှိကြောင်း မနေ့ ဗုဒ္ဓဟူးနေ့တုန်းက စစ်ဆေးတွေ့ရှိပြီးနောက် သူနေထိုင်ရတာ ကောင်းပါတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားမှု အပြီး ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာံမှာ ဆွေးနွေးချက်တွေ၊ လုပ်ကြံဖို့ ကြိုးစားမှုကြောင့် ညီလာခံနဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း Donald Trump အပေါ် ထောက်ခံမှုနဲ့ သက်ရောက်မှုအခြေအနေ သုံးသပ်ချက်တွေကို ကိုအောင်အောင် စုစည်းတင်ပထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် စနေနေ့က ပင်ဆားဗေးနီးယားပြည်နယ် မဲဆွယ်စည်းရုံးပွဲမှာ သမ္မတဟောင်း Donald Trump ကိုလုပ်ကြံဖို့ကြိုးပမ်းမှုက အမေရိကန်နိုင်ငံရေးလောကကို ဘယ်လို ဂယက်ရိုက်နိုင်ပါသလဲ။ လာမယ့် နိုဝင်ဘာ အမေရိကန်သမ္မတရွေးကောက်ပွဲကို ဘယ်လိုသက်ရောက်မှုရှိနိုင်လဲဆိုတာ မဲဆန္ဒရှင်တွေက သုံးသပ်နေကြပါတယ်။
လက်ရှိကျင်းပနေတဲ့ ရီပတ်ပလင်ကန်ပါတီညီလာခံအတွင်းမှာတော့ ပါတီတွင်း ညီညွတ်မှုရှိတယ်ဆိုတာကို ဖော်ပြနိုင်ဖို့ ကြိုးစားခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံရေးလေ့လာသူတွေက ယူဆပါတယ်။ ဒေါက်တာတင့်ဆွေ၊ ဦးဇိုသုန်းမှုန်တို့ကို RNC ညီလာခံ ပထမနေ့ ဒုတိယနေ့ ဆွေးနွေးချက်အပေါ် အယ်ဒီတာ ဦးကျော်ဇံသာ တွေ့ဆုံမေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Wisconsin ပြည်နယ် Milwaukee မြို့မှာ ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒုတိယနေ့မှာ အရင်က ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်ရေး Donald Trump နဲ့ ယှဉ်ပြိုင်ခဲ့သူတွေ တက်ရောက် မိန့်ခွန်းပြောကြားကြပြီး Trump ကို ထောက်ခံခဲ့ကြပါတယ်။
“အကြမ်းဖက်မှုပေါင်းစုံ ဖြစ်ပေါ်လာအောင် ပြောဆို၊ လုပ်ဆောင်မှုတွေ လျော့နည်းသွားအောင်၊ အဲဒီလို လုပ်ရပ်တွေကို ပြစ်တင် ရှုတ်ချကြဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်” - လို့ သမ္မတ Biden က ပြောသွားတာပါ။
ရီပတ်ဘလစ်ကန်ပါတီ ပါတီညီလာခံ ကျင်းပနေတဲ့ ဒုတိယမြောက်နေ့ အင်္ဂါနေ့က ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်ခြေရှိတဲ့ Nevada ပြည်နယ်မှာ သမ္မတဂျိုးဘိုင်ဒန် မဲဆွယ်စည်းရုံးပွဲ ကျင်းပပါတယ်။
Wisconsin ပြည်နယ် Milwaukee မြို့မှာ ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒုတိယနေ့မှာ အရင်က ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်ရေး Donald Trump နဲ့ ယှဉ်ပြိုင်ခဲ့သူတွေ တက်ရောက် မိန့်ခွန်းပြောကြားကြပြီး Trump ကို ထောက်ခံခဲ့ကြပါတယ်။
ဒုသမ္မတလောင်း ဘယ်သူဖြစ်မလဲဆိုတဲ့ လပေါင်းများစွာ ခန့်မှန်းမှုတွေ အပြီး Donald Trump က သူနဲ့ လက်တွဲဖက် ယှဉ်ပြိုင်သူ အဖြစ် J.D. Vance ကို ရွေးလိုက်ပါတယ်။၁၉၅၂ ခုနှစ် ရစ်ချက်နစ်ဆင် လက်ထက်ကတည်းက ဆိုရင် Vance က အသက်အငယ်ဆုံး ရီပါဗလစ်ကန် ဒုသမ္မတလောင်းဖြစ်ပါတယ်။
အမေရိကန် နယူးဂျာစီပြည်နယ် အထက်လွှတ်တော်အမတ် Bob Menendez ဟာ နယူးဂျာစီလုပ်ငန်းရှင် ၃ ယောက်ဆီက ငွေ၊ ရွှေ နဲ့ ဇိမ်ခံကားတစီး လာဘ်ယူခဲ့တာကြောင့် အပြစ်ရှိကြောင်း အင်္ဂါနေ့က ဆုံးဖြတ်လိုက်ပါတယ်။ နယူးယောက်မြို့ ဖက်ဒရယ်တရားရုံးမှာ ဂျူရီအဖွဲ့က ခုလို ဆုံးဖြတ်လိုက်တာပါ။
Ohio ပြည်နယ် အထက်လွှတ်တော်အမတ် J.D Vance ကို ဒု−သမ္မတလောင်းအဖြစ် Donald Trump က ရွေးချယ်လိုက်တာက ထူးခြားမှုတရပ်ဖြစ်ပြီး ၊ သူတို့ ၂ ဦးသာ အနိုင်ရခဲ့ရင် မထင်မှတ်ထားတဲ့ နိုင်ငံရေးဖြစ်စဥ်တွေ မြင်လာရလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာ တင့်ဆွေက မြင်ပါတယ်။ ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။