သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လူငယ်ခေါင်းဆောင်တချို့ ပညာရေး ကန်ကူညီ


အမေရိကန်ပြည်ထောင်စုအနေနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နဲ့ ဘက်စုံမဟာဗျူဟာမြောင် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအပါအဝင် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ပံ့ပိုးကူညီမှု ချိတ်ဆက်မှုတွေ တိုးမြှင့် နေတယ်လို့ နိုင်ငံခြားရေးဌာနက သောကြာနေ့ (ဇူလိုင် ၂၆ ရက်) က သတင်းထုတ်ပြန်ပါတယ်။

အဲဒီမူဝါဒ အစိတ်အပိုင်းထဲက တခု အဖြစ် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) က တဆင့် ငါးနှစ်စာ ဒေါ်လာ ၁၉ သန်; ထောက်ပံ့တဲ့ လင်ကွန်း ပညာသင်ဆု အစီအစဉ် အပါအဝင် မြန်မာနိုင်ငံက လူမျိုး ဘာသာစုံ လူငယ်ခေါင်းဆောင် ၁၃၅ ဦးကို အမေရိကန်ပြည်ထောင်စုမှာ မဟာဘွဲ့တွေ ရယူနိုင်ဖို့ ပံ့ပိုးကူညီနေတယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံ နိုင်ငံတွေနဲ့ ဘက်စုံမဟာဗျူဟာမြောင် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး ချဲ့ထွင်သွားဖို့ ရှိတယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီထဲမှာ နိုင်ငံခြားရေးရာ မူဝါဒတွေ၊ စီးပွားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ အပြင် ဒစ်ဂျစ်တယ် ဆိုက်ဘာ လုပ်ငန်း၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတု၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန် ဟာ ဇူလိုင် ၂၇ ရက် (စနေနေ့) မှာ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ မှာ အမေရိကန်-အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ဝန်ကြီးများညီလာခံ၊ ၁၄ ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး (EAS) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ၃၁ ကြိမ်မြောက် အာဆီယံဒေသတွင်းဖိုရမ်တွေကိုလည်း တက်ရောက်ဖို့ ရှိနေသလို တတိယမဲခေါင်-အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာလည်း ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ဖို့ ရှိပါတယ်။

ဒီအစည်းအဝေးတွေမှာ ဘလင်ကန်ဟာ ဒေသတွင်းမှာ အာဆီယံဗဟိုပြု ဆက်ဆံရေး မူဝါဒ အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ်နဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အာဆီယံအမြင်အတွက် ထောက်ခံမှုကို အလေးပေးသွားမယ်လို့လည်း နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG