အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet ဟာ လက်ရှိရာထူးက အနားယူပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ပြောင်းလဲထမ်းဆောင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
အမေရိကန်သမ္မတကိုယ်စားလှယ်လောင်း ၂ ယောက်ဖြစ်တဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ဟာ ဒီသီတင်းပတ် ဇွန်လ ၂၇ ရက်နေ့ကျရင် စကားစစ်ထိုးကြမှာပါ။ ရွှေ့ပြောင်းဝင်ရောက်သူတွေအရေးလို အမေရိကန်ပြည်ထောင်စုအတွက် အရေးကြီးတဲ့ မူဝါဒရေးရာတွေနဲ့ ပတ်သက်ပြီး စကားစစ်ထိုးကြမှာ ဖြစ်ပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant ဟာ ဂါဇာစစ်ဆင်ရေး နောက်တဆင့်တက်မယ့် အစီအစဉ်နဲ့ ပဋိပက္ခတွေ ကျယ်ပြန့်လာမှာ စိုးရိမ်နေချိန် Hezbollah စစ်သွေးကြွတွေနဲ့ လက်ဘနွန်နယ်စပ်မှာ တိုက်ခိုက်မှုတွေ ကြီးထွားလာနေတဲ့ ကိစ္စတွေကို ဝါရှင်တန်မှာ ဆွေးနွေးဖို့ ဒီကနေ့ပဲ အစ္စရေးက ထွက်ခွာလာပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ဇူလိုင်လ ၂၆ ရက်ကနေ ဩဂုတ်လ ၁၁ ရက်အထိ ကျင်းပမယ့် အိုလံပစ်အားကစားပွဲတွေမှာ ယှဉ်ပြိုင်ကြမယ့် အမေရိကန်အိုလံပစ်အသင်းက ကိုယ်ပိုင်လေအေးပေးစက်တွေ ယူသွားကြမှာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံကြား အခုလိုမျိုး ဆွေးနွေးပြောဆိုမှုတွေလုပ်ဖို့ အထူး လိုအပ်နေကြောင်း၊ ဒါဟာ လက်ရှိမှာ ပြဿနာတွေ စုပုံဖြစ်ပွါးလာနေပြီး၊ ကမ္ဘာ့လုံခြုံရေး တည်ဆောက်မှုနဲ့ပတ်သက်တဲ့ ပြဿနာတွေ အများအပြား ရှိနေတာကြောင့် ဖြစ်ကြောင်း Peskov က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ယူကရိန်းရဲ့ဓါတ်အားပေးစက်ရုံတွေကို ရုရှားက မစ်ဇိုင်းဒုံးကျည်နဲ့ရော ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တဲ့နောက အားပြင်း လေကြောင်းကာကွယ်ရေး မြေပြင်ကနေ ဝေဟင်ပစ် နောက်ဆုံးထုတ် Patriot နဲ့ NASAM မစ်ဇိုင်းဒုံး ရာနဲ့ချီအရင်ပေးပို့ဖို့ သမ္မတအိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရသူ John Kirby က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့ ဇွန်လ ၁၉ ရက်နေ့ဟာ ကျွန်စနစ် လုံးဝအဆုံးသတ်ခဲ့တာကို အထိမ်းအမှတ် သတ်မှတ်ထားတဲ့ Juneteenth နေ့ဖြစ်ပါတယ်။ ပြည်တွင်းစစ်ပြီးဆုံးပြီး ၄ နှစ်အကြာ ၁၈၆၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ကျမှ တက္ကဆက်ပြည်နယ်က ၂ သိန်း ခွဲလောက်ရှိတဲ့ ကျွန်တွေကို ကျွန်အဖြစ်က လွတ်ပြီလို့ အသိပေးကြေညာခဲ့ပါတယ်။
အမေရိကန်သမ္မတဘိုင်ဒန်ဟာ မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ် (NATO) အဖွဲ့အကြီးကဲ Jens Stoltenberg ကို အိမ်ဖြူတော်မှာ မနေ့က ဇွန် ၁၇ ရက်နေ့က လက်ခံတွေ့ဆုံပါတယ်။ ဒီလိုတွေ့ဆုံစဥ်မှာ ယူကရိန်းကို ရေရှည် ဘယ်လိုဆော်ကထောက်ပံ့သွားမလဲဆိုတာကို ဆွေးနွေးခဲ့ကြတာပါ။
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကသူ့ရဲ့ ဂါဇာ စစ်ကြီးကြပ်ရေးအဖွဲ့ကို တနင်္လာနေ့မှာ ဖျက်သိမ်းလိုက်တယ်လို့ အစ္စရေးအရာရှိတဦးက ပြောပါတယ်။ ဗဟိုဝါဒီတဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း Benny Gantz ပြီးခဲ့တဲ့သီတင်းပတ်မှာ နုတ်ထွက်သွားပြီးတဲ့နောက် ဒါဟာ မျှော်လင့်ထားပြီးသား ဆုံးဖြတ်ချက်တခုလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေနဲ့ တရုတ်နိုင်ငံ ဝီဂါဒေသက မူဆလင်တွေလို ကမ္ဘာတဝှမ်း ဖိနှိပ်ခံနေရတဲ့ မူဆလင်အသိုင်းအဝန်းရဲ့ အခွင့်အရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေးသွားမှာ ဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒန်က အစ္စလမ်ဘာသာဝင်တွေရဲ့ Eid al-Adha အထိမ်းအမှတ် ကြေညာချက်မှာ ဖော်ပြပါတယ်။
အမေရိကန်သမ္မတတွေရဲ့ တာဝန်ထမ်းဆောင်နိုင်ခွင့်က ၈ နှစ်ဖြစ်တာကြောင့် နိုဝင်ဘာသမ္မတရွေးကောက်ပွဲမှာ သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း Donald Trump တို့ ဘယ်သူပဲနိုင်နိုင် သူတို့နှစ်ဦးစလုံးအတွက် နောက်ဆုံးသမ္မတသက်တမ်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း သမ္မတဟောင်း Trump ကတော့ တတိယသက်တမ်းပဲ ရှိတော့မလို ပြောဆိုနေပါတယ်။
ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ ယူကရိန်း ငြိမ်းချမ်းရေး နိုင်ငံတကာညီလာခံရဲ့ ဒီကနေ့ တနင်္ဂနွေနေ့ ဆွေးနွေးမှုတွေမှာ စားနပ်ရိက္ခာ ဖူလုံရေး၊ နျူကလီးယား ကပ်ဘေးကို ရှောင်ရှားနိုင်ရေး၊ ယူကရိန်းကနေ ခေါ်သွားတဲ့ ကလေးတွေ ရုရှားထံက ပြန်လည်ရရှိရေး ကိစ္စတွေကို အဓိက ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။