နှုတ်ပိတ်ခငွေပေးခဲ့တဲ့အမှုမှာ စီးပွားရေးမှတ်တမ်းတွေကို လိမ်လည်မှုနဲ့ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို ဂျူရီတွေက အပြစ်ရှိတယ်လို့ ဆုံးဖြတ်အပြီး ထောင်ဒဏ်ကျခံရမယ့် အခြေအနေရှိပါတယ်။ ဒီအမှုတွေဟာ သူ့မဲဆွယ်စည်းရုံးပွဲတွေနဲ့ အနာဂတ်ရွေးကောက်ပွဲအလားအလာတွေကို ဝေဝါးစေတဲ့အကြောင်း ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ ပြင်သစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အဆုံးသတ်ပြီး မထွက်ခွာခင်လေးမှာ ပြင်သစ်မှာရှိတဲ့ Aisne-Marne အမေရိကန်စစ်သင်္ချိုင်းကို သွားရောက်ခဲ့ပြီး ပထမကမ္ဘာစစ်အတွင်းက တိုက်ပွဲကျခဲ့တဲ့ အမေရိကန်စစ်သည် ၂,၂၀၀ ကျော်အတွက် ပန်းခွေချ ဂါ ရဝပြုပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ နှစ်ဘက်စလုံးဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေပြီး လက်ရှိ ဖြစ်နေတဲ့ စစ်ပွဲအတွင်း ကလေးငယ်တွေကို အန္တရာယ်တွေနဲ့ ရင်ဆိုင်ရအောင် ဖန်တီးနေကြတယ်ဆိုတာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရှေ့သီတင်းပတ်အတွင်း လုံခြုံရေးကောင်စီမှာ တင်ပြဖို့ရှိပါတယ်။
ရုရှားရဲ့ နောက်ဆုံးပေါ် အဆင့်မြင့် တိုက်လေယာဉ် Sukhoi Su-57 တစင်းကို ရုရှားနိုင်ငံအတွင်းပိုင်းမှာ ယူကရိန်းတပ်ဖွဲ့တွေ ထိအောင်တိုက်ခိုက်နိုင်ခဲ့ကြောင်း ကောင်းကင်ဂြိုဟ်တုက ရိုက်ယူထားတဲ့ ဓာတ်ပုံ အထောက်အထားတွေနဲ့အတူ ယူကရိန်း စစ်ထောက်လှမ်းရေးဌာနက အတည်ပြုပြောဆိုလိုက်ပါတယ်။
လူ သုံးသောင်းလောက် ပါဝင်တယ်လို့ အမေရိကန်မီဒီယာတွေက ခန့်မှန်းထားတဲ့ အစ္စရေးရဲ့ ဂါဇာစစ်ပွဲကို ဆန့်ကျင်ကြတဲ့ ဆန္ဒပြသူတွေဟာ ဝါရှင်တန်ဒီစီမြို့တော် သမ္မတော်အိမ်ဖြူတော် ကို မွန်းတည်းချိန်လောက်မှာ ရောက်ရှိ စုဝေးခဲ့ကြသလို မြို့တော်ရဲ့ နေရာအနှံ့အပြားမှာလည်း ချီတက် ဆန္ဒထုတ်ဖော်ကြပါတယ်။
ပြင်သစ်နိုင်ငံကို နိုင်ငံတော်ခရီး စတင်တဲ့ အမေရိကန်သမ္မတ Joe Biden ကို ပြင်သစ်သမ္မတ Emmanuel Macron က ပါရီမြို့လယ်က Arc de Triomphe မုဂ်ဦးမှာ နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။
မြန်မာ့ ဒီမိုကရေစီရေးကို နှစ်ပေါင်းများစွာ မပြတ်ထောက်ခံလာခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင် Mitch McConnell ကို ကမ္ဘာတဝန်း ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားပေးကူညီနေတဲ့ NED အဖွဲ့ကြီးက ဒီနှစ် ၂၀၂၄ ခုနှစ်အတွက် ဒီမိုကရေစီ ပံ့ပိုးကူညီမှုဆု ချီးမြှင့်လိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅ ကျော်က လမျက်နှာပြင်ကနေ ကမ္ဘာကြီးကို လှမ်းမြင်နေရသလို၊ ပထမဆုံး သမိုင်းဝင် ရောင်စုံဓါတ်ပုံကို ရိုက်ကူးခဲ့သူ အမေရိကန် အာကာသယာဥ်မှူးကြီး William Anders ဟာ သူမောင်းနေတဲ့ လေယာဥ်ငယ် ပျက်ကျပြီး ကွယ်လွန်သွားပါတယ်။
မေလကုန်လောက်က မုန်တိုင်းကြောင့်ပျက်စီးခဲ့ရတဲ့ ဂါဇာက အမေရိကန် တည်ဆောက်နေတဲ့ ဆိပ်ကမ်းကနေ ရေလမ်းကလာတဲ့ အထောက်အကူပစ္စည်းတွေ ပြန်တင်ပို့နိုင်အောင် ယာယီဆိပ်ကမ်းကိုအသုံးပြုဖို့ လုပ်ပေးထားပြီလို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ စားသောက်ကုန်နဲ့ တခြားပစ္စည်းတွေ ဂါဇာကို လာမယ့်ရက်ပိုင်းထဲ စပို့ပေးတော့မှာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky ဒီကနေ့ ပြင်သစ်နိုင်ငံမှာ တွေ့ဆုံပြီး အမေရိကန် က ယူကရိန်းအတွက် နောက်ထပ်အကူအညီ ဒေါ်လာ ၂၂၅ သန်း ပေးသွားမယ့်အကြောင်း သမ္မတ ဘိုင်ဒန်က ကြေညာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၃ နှစ်အတွင်း မုန်းတီးမှုနဲ့ အစွန်းရောက်ဝါဒဟာ ခေါင်းထောင်ထလာတယ်လို့ အင်္ဂါနေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာဖေါ်ပြထားပါတယ်၊ လူဖြူအမျိုးသားရေးဝါဒီနဲ့ LGBTQ+ မုန်းတီးရေးဝါဒီ ပမာဏဟာစံချိန်တင်မြင့်တက်လာပြီးတိုင်းပြည်ရဲ့ ဒီမိုကရေစီ စံတန်ဖိုးတွေကို ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။
“လွန်ခဲ့တဲ့ ၃၅ နှစ်ကနေ ဒီနေ့ထိ တီယန်နန်မင်ကပေးခဲ့တဲ့ အရေးကြီးဆုံးသင်ခန်းစာက အမေရိကန်ရဲ့ တရုတ် နိုင်ငံဆိုင်ရာမူဝါဒဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအပေါ် အာရုံစိုက်ဖို့ပဲ ဖြစ်ပါတယ် ။" (တရုတ် လူ့အခွင့်အရေးအဖွဲ့ကို ဦးဆောင်လှုပ်ရှားနေတဲ့ ကျောင်းသားဟောင်း Zhou)
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။