ယူကရိန်းစစ်ပွဲ အပစ်ရပ်ဖို့အတွက် ရုရှားသမ္မတ Vladimir Putin ဘက်က တောင်းဆိုတဲ့အချက်တွေကို အမေရိကန်၊ ယူကရိန်း၊ NATO မဟာမိတ်အဖွဲ့ကြီးက ပယ်ချလိုက်ပါတယ်။
အခု အရေးယူမှုဟာ ဖေဖေါ်ဝါရီလတုန်းက သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးခဲ့တဲ့ သမ္မတ အမိန့်အာဏာအရ အနောက်ဘက်ကမ်းဒေသ တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေတဲ့ အစွန်းရောက် အစ္စရေးအခြေချသူတွေအပေါ် အရေးယူခွင့်အရ ဒဏ်ခတ်တာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ တခြား G7 စက်မှုထိပ်သီး ၇ နိုင်ငံက ယူကရိန်းကို ဒေါ်လာ ဘီလီယံ ၅၀ ချေးငွေချပေးမှာဖြစ်ကြောင်း ကြာသပတေးနေ့ G7 ထိပ်သီးညီလာခံမှာ ကြေညာခဲ့ပြီး ဒီချေးငွေအတွက် အနောက်နိုင်ငံတွေက ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကရတဲ့အတိုးငွေနဲ့ ယူကရိန်းက ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီရေးကို နှစ်ပေါင်းများစွာ မပြတ်ထောက်ခံလာခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကင် ခေါင်းဆောင် Mitch McConnell ကို ဇွန်လ ၁၃ ရက်မှာ ကမ္ဘာတဝန်း ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားပေးကူညီနေတဲ့ NED အဖွဲ့ကြီးက ၂၀၂၄ ဒီမိုကရေစီ ပံ့ပိုးကူညီမှု ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်လိုက်ပါတယ်။
ဂါဇာကမ်းမြောင်မှာ အပစ်ရပ်ရေးသဘောတူညီချက်အတွက် ဟာမတ်စ်ဘက်က “အပြောင်းအလဲအများအပြား” နဲ့ ပြန်လည် အဆိုပြုထားပြီး အဲဒီထဲကတချို့မှာ အလုပ်ဖြစ်နိုင်ပေမယ့် တချို့ကတော့ အဆင်မပြေနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်ဆိုင်ရာ အကျပ်အတည်းကိုဖြေရှင်းရာမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ခိုင်မာတဲ့မိတ်ဖက်အဖြစ် အမေရိကန်ပြည်ထောင်စုက ဆက်ရှိနေမယ်လို့ အမေရိကန် တာဝန်ရှိသူတဦးက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ရုရှားရေတပ်ဖရီးဂိတ်စစ်သင်္ဘောတစီးနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစီး ကျူးဘားနိုင်ငံ ဟာဗားနားဆိပ်ကမ်းကို ဇွန် ၁၂ ရက်က ဆိုက်ရောက်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဟာဗားနားဟာ အမေရိကန်ရေတပ်ဆိုင်ရာ လေတပ်အခြေစိုက်စခန်းရှိတဲ့ ဖလော်ရီဒါပြည်နယ် Key West ကနေ မိုင် ၁၀၀ ပဲ ဝေးတာပါ။
အမေရိကန်ပြည်ထောင်စုမှာ အရွယ်ရောက်ပြီးသူ ၇.၂ ရာခိုင်နှုန်းဟာ အမျိုးသား ဒါမှမဟုတ် အမျိုးသမီး အဖြစ် ခံယူမထားသူတွေဖြစ်ပြီး သမ္မတကိုယ်စားလှယ်လောင်း ၂ ယောက် အနေနဲ့ ဒီအရေအတွက်ကို အလေးထားလာပါတယ်။
တရုတ်တက္ကသိုလ်မှာ စာသွားသင်ပေးနေကြတဲ့ အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ် ကော်နဲလ်ကောလိပ် Cornell College က ဆရာ ၄ ယောက် တရုတ်ပန်းခြံတခုမှာ ဓားထိုးခံခဲ့ကြရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဇွန်လ ၁၃ ကနေ ၁၅ အထိ အီတလီနိုင်ငံမှာကျင်းပမယ့် စက်မှုထိပ်သီး ညီလာခံမှာ တရုတ်ရဲ့ စီးပွါးရေးခြိမ်းခြောက်မှုနဲ့ ရုရှားရဲ့ ယူကရိန်းထိုးစစ် ခြိမ်းခြောက်မှုနှစ်ရပ်ကိုဟန့်တားပြီး ကမ္ဘာလုံးဆိုင်ရာ ဘုံစိန်ခေါ်ချက်တွေကို ကိုင်တွယ်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တိုက်တွန်းဖွယ် ရှိနေပါတယ်။
အမေရိကန်သမ္မတဘိုင်ဒန်ရဲ့သား မစ္စတာ ဟန်တာဘိုင်ဒန်ဟာ သေနတ်ဝယ်ယူချိန် ကိုကင်းသုံးစွဲမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု စတဲ့ ပြစ်မှုကြီး ၃ မှုမှာအပြစ်ရှိတယ်လို့ ဖက်ဒရယ်တရားရုံးဂျူရီအဖွဲ့က အင်္ဂါနေ့က ဆုံးဖြတ်လိုက်ကြပါတယ်။ သမ္မတဘိုင်ဒန်ကတော့ တရားစီရင်ရေးဖြစ်စဥ်ကိုလေးစားမယ်လို့ ပြောပါတယ်။
မဲဆွယ်စည်းရုံးရေးပွဲတွေအတွင်း အမေရိကန်သမ္မတလောင်း Donald Trump က လူဝင်မှုကြီးကြပ်ရေးကိစ္စကို အဓိကပြောဆိုမဲဆွယ်တာမှာ အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်ဖို့ ကြိုးစားသူတွေကို မူရင်းနိုင်ငံတွေက မဟန့်တားဘူးဆိုရင် တရုတ်အပါအဝင် အဲ့လို နိုင်ငံတွေကို ပိတ်ဆို့ဒဏ်ခတ်မယ်လို့ ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။