သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကျွန်စနစ် အဆုံးသတ်အထိမ်းအမှတ် Juneteenth နေ့


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာကျင်းပတဲ့ ၃၁ကြိမ်မြောက် Juneteenth နေ့ အထိမ်းအမှတ် ချီတက်ပွဲအခမ်းအနား (ဇွန် ၁၅၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာကျင်းပတဲ့ ၃၁ကြိမ်မြောက် Juneteenth နေ့ အထိမ်းအမှတ် ချီတက်ပွဲအခမ်းအနား (ဇွန် ၁၅၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့ ဇွန်လ ၁၉ ရက်နေ့ဟာ ကျွန်စနစ် လုံးဝအဆုံးသတ်ခဲ့တာကို အထိမ်းအမှတ် သတ်မှတ်ထားတဲ့ Juneteenth နေ့ဖြစ်ပါတယ်။ အမေရိကန်ပြည်တွင်းစစ် ပြီးဆုံးပြီး ၄ နှစ်အကြာ ၁၈၆၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ကျမှ တက္ကဆက်ပြည်နယ်က အရေအတွက် ၂ သိန်း ခွဲလောက်ရှိတဲ့ ကျွန်တွေကို ကျွန်အဖြစ်က လွတ်ပြီလို့ အသိပေးကြေညာခဲ့ပါတယ်။ ဒီနေ့ကို အစွဲပြုပြီး ဇွန်လ ၁၉ ရက်နေ့ကို Juneteenth ဖယ်ဒရယ်အစိုးရ အားလပ်ရက်အဖြစ် ၂၀၂၁ ခုနှစ်မှာ သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး သတ်မှတ်ခဲ့ပါတယ်။ ဒီနေ့ဟာ ကျွန်စနစ်ကို အဆုံးသတ်တဲ့နေ့ ဖြစ်ရုံသာမက အမေရိကန်နိုင်ငံထဲမှာ နေထိုင်နေကြသူအားလုံးဟာ ဘဝတလျှောက်လုံး တန်းတူရည်တူ ဆက်ဆံခံရဖို့ ထိုက်တန်တယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုက အာမခံချက်ပေးတဲ့နေ့လည်း ဖြစ်ပါတယ်လို့ သမ္မတဂျိုးဘိုင်ဒန်ကပြောကြားခဲ့ပါတယ်။

ခုလို ဖယ်ဒရယ်အစိုးရရဲ့ ရုံးပိတ်ရက်အဖြစ် မသတ်မှတ်ခင်က ပြည်နယ်တချို့မှာပဲ ပြည်နယ်အစိုးရတွေက ကျွန်စနစ်အဆုံးသတ်မှု အထိမ်းအမှတ် လုပ်ခဲ့ကြတာပါ။ ပထမဆုံး ပြည်နယ်ရုံးပိတ်ရက်သတ်မှတ်ခဲ့တာက တက္ကဆက်ပြည်နယ်မှာ ၁၉၈၀ ခုနှစ်က ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန်ပြည်ထောင်စု ပြည်နယ်ပေါင်း ၅၀ အထိ တဖြည်းဖြည်းနဲ့ နှစ်စဉ် ပုံစံအမျိုးမျိုးနဲ့ လက်ခံလာကြတာဖြစ်ပါတယ်။
တကယ်တော့ ၁၈၆၃ ခုနှစ်ထဲက သမ္မတအေဘရာဟင်လင်ကွန်းက ကျွန်စနစ် ဖျက်သိမ်းကြောင်း ကြေညာခဲ့ပေမဲ့ အာဖရိကနွယ်ဘွား အမေရိကန်တွေက ၁၈၆၆ ခုနှစ်မှာမှစပြီး ကျွန်စနစ်ချုပ်ငြိမ်းတဲ့ အထိမ်းအမှတ်တွေကို နှစ်စဉ် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက Juneteenth ရုံးပိတ်ရက်
please wait

No media source currently available

0:00 0:01:41 0:00

၂၀၂၀ ခုနှစ်တုန်းက လူဖြူရဲတပ်ဖွဲ့ဝင်ရဲ့ လက်ချက်နဲ့ လူမည်းအမျိုးသားတဦးဖြစ်တဲ့ George Floyd သေဆုံးခဲ့ပြီးတဲ့နောက်ပိုင်း Juneteenth ကို ဖယ်ဒရယ်အစိုးရရဲ့ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရေး ဆောင်ရွက်မှုတွေ အရှိန်မြင့်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်ကလို့ အခုလို အားလပ်ရက်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG