ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ CNN ဌာနချုပ်မှာ မနေ့ညက ကျင်းပတဲ့ သမ္မတလောင်း စကားစစ်ထိုးပွဲမှာ သမ္မတ Biden က အမေရိကန်ပြည်ထောင်စုရဲ့ နောင်တာဝန်ယူမယ့် သမ္မတ ဘာကြောင့် သူ ဆက်ဖြစ်သင့်တယ်ဆိုတာကို အခိုင်အမာပြောဆိုသွားသလို သမ္မတဟောင်း Trump ကလည်း သူဘာကြောင့် သမ္မတဖြစ်သင့်တယ်ဆိုတာကို ပြောဆိုသွားခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၅ ရက်ကျင်းပမယ့် ရွေးကောက်ပွဲကျင် သူအနိုင်ရခဲ့မယ်ဆိုရင် သမ္မတတာဝန် စမယူခင်မှာထဲက ယူကရိန်းကိုကျူးကျော်တိုက်နေတဲ့ ရုရှားစစ်ပွဲ အဆုံးသတ်တာ တွေ့ရမယ်လို့ ဒေါ်နယ်ထရမ့်က သမ္မတလောင်း စကားစစ်ထိုးပွဲမှာ ပြောပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်တို့နှစ်ယောက် ကြာသပတေးနေ့ညက ၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ပထမဆုံး စကားစစ်ထိုးပွဲမှာ ပွဲစစချင်းမှာပဲ အပြန်အလှန် ထိုးနှက် ငြင်းခုံခဲ့ကြပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပိုပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုအနေနဲ့ Burma Act မြန်မာနိုင်ငံဆိုင်ရာအက်ဥပဒေနောက်ဆက်တွဲအဖြစ် BRAVE Burma Act ဥပဒေမူကြမ်းတရပ် တင်သွင်းဖို့ရှိတယ်လို့ Burma Caucus အဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်အမတ် Bill Huizenga (ဘင်လ် ဟိုင်ဇင်ဂါ) က ကြေညာလိုက်ပါတယ်။
သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်တို့ ဒီကနေ့ ဇွန်လ ၂၇ ညမှာ ကျင်းပမယ့် စကားစစ်ထိုးပွဲမှာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကာလက ကျင်းပခဲ့တဲ့ စကားစစ်ထိုးပွဲမှာလို ကသောင်းကနင်း မဖြစ်ရအောင် စည်းကမ်းအသစ်တွေ ချထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီက သမ္မတဂျိုးဘိုင်ဒန် (Joe Biden) နဲ့ ရီပတ်ဘလစ်ကန်ပါတီဘက်က သမ္မတဟောင်းဒေါ်နယ်ထရမ့် (Donald Trump) တို့ ဒီနေ့ညမှာ ပထမဆုံးအကြိမ် စကားစစ်ထိုးကြမှာဖြစ်ပါတယ်။
၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် သမ္မတကိုယ်စားလှယ်လောင်းနှစ်ဦး ဒီနေ့ ပထမအကြိမ်စကားစစ်ထိုးကြမှာပါ။ ဒီနေ့ စကားစစ်ထိုးပွဲမှာ ဘယ်လို အကြောင်းအရာတွေ ဦးစားပေး ဆွေးနွေးငြင်းခုန်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ VOA သတင်းထောက် Carolyn Presutti ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် သမ္မတ Joe Biden နဲ့ သမ္မတဟောင်း Donald Trump တို့ရဲ့ ပထမဆုံး စကားစစ်ထိုးပွဲကို ဒီနေ့ ကျင်းပပါလိမ့်မယ်။ ဒီစကားစစ်ထိုးပွဲကနေ ဘာတွေ မျှော်လင့်နိုင်မလဲ Atlanta ပြည်နယ်ကနေ VOA သတင်းထောက် Calla Yu သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ မကောင်းတဲ့သူတွေက AI ဉာဏ်ရည်တု နည်းပညာနဲ့ လုပ်ကြံသတင်းတွေ ဖန်တီးပြီး ပြိုင်ဘက် နိုင်ငံရေးသမားတွေထက် အသာရစေဖို့ နဲ့ နိုင်ငံခြားအစိုးရတွေရဲ့ အကျိုးကို မြှင့်တင်ဖို့ လုပ်ဆောင်တတ်ကြပါတယ်။ အခုလာမယ့် ၂၀၂၄ ရွေးကောက်ပွဲအပေါ် AI နည်းပညာက ဘယ်လိုလွှမ်းမိုးဖို့ကြိုးစားနေပါသလဲ။
အမေရိကန်ပြည်ထောင်စုမှာ ၁၉၇၃ ခုနှစ်က ချမှတ်ထားတဲ့ သန္ဓေသားဖျက်ချခွင့်ဆိုင်ရာ ဥပဒေကို လွန်ခဲ့တဲ့ နှစ်နှစ်က အမေရိကန် တရားရုံးချုပ်က ပြောင်းလဲပြင်ဆင်ခဲ့တာကြောင့် အမေရိကန်နိုင်ငံရေး အခင်းအကျင်းကိုရိုက်ခတ်ခဲ့ပါတယ်။ ဒီအကြောင်းအရာက ၂၀၂၄ နိုဝင်ဘာ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ အဓိကပြဿနာတခုအဖြစ်ဆက်ရှိနေတာပါ။
အမေရိကန် နိုင်ငံခြားဝန်ကြီးဌာနရဲ့ ၂၀၂၃ ခုနှစ်အတွက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ဆက်ဖြစ်နေတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ရိုဟင်ဂျာတွေ အပါအဝင် လူနည်းစု လူမျိုးစုနဲ့ ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေအကြောင်း မီးမောင်းထိုး ဖော်ပြထားပါတယ်။
သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်ဘက်တွေ ဖြစ်တဲ့ Joe Biden နဲ့ Donald Trump တို့ဟာ ကြာသပတေးနေ့မှာ စကားစစ်ထိုးကြမှာပါ။ ယူကရိန်း စစ်ပွဲနဲ့ပတ်သတ်ပြီး သူတို့ ၂ ဦးရဲ့ မတူညီတဲ့ ချဉ်းကပ်ပုံတွေ ကြောင်း Tatiana Vorozhoko က သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။