လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က အမေရိကန်သံရုံးအနီး ပစ်ခတ်မှု ဖြစ်ခဲ့ပြီး၊ ဝန်ထမ်းတွေနဲ့ သံရုံးကတော့ လုံခြုံမှုရှိကြောင်း အမေရိကန်သံရုံးက ပြောပါတယ်။ လက်ဘနွန်စစ်တပ်ကတော့ သေနတ်သမားတယောက် သံရုံးကို ပစ်ခတ်ခဲ့တာကြောင့် လက်ဘနွန်တပ်ဖွဲ့တွေက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ပြောပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမိုင်းမှာ ပထမဆုံးအနေနဲ့ ပါတီကြီးတရပ်ကို ကိုယ်စားပြုပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ခံထားရသူ ရာဇဝတ်သားတယောက်အနေနဲ့ သမ္မတရွေးကောက်ပွဲဝင်သူလည်း ဖြစ်ပါတယ်။ အခုပြန်စနေတဲ့ မဲဆွယ်စည်းရုံးရေးခရီစဉ်တွေအတွင်း မဲဆန္ဒရှင်တွေအနေနဲ့ ဒီဖြစ်ရပ်အပေါ် ဘယ်လိုများတုံ့ပြန်ကြပါသလဲ။
အမေရိကန်ပြည်ထောင်စုမှာ အဓိကနိုင်ငံရေးပါတီကြီး ၂ ခု ရှိပါတယ်။ ဒီမိုကရက်တစ်နဲ့ ရီပါဘလစ်ကန် ဖြစ်ပါတယ်။ အခု ရီပါဘလစ်ကန်ပါတီသမိုင်းကို ကြည့်ကြရအောင်ပါ။ ကိုဝင်းခန့်မောင်က တင်ဆက်ထားပါတယ်။
သမ္မတဘိုင်ဒန်ရဲ့ အဆင့် ၃ ဆင့်ပါ အစ္စရေး ဟာမတ်စ် အပစ်ရပ်ရေးအဆိုပြုချက်မူကြမ်းကို ထောက်ခံကြဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် မက္ကဆီကိုနယ်စပ်ကနေ ဝင်ရောက်ပြီး နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူအရေအတွက် ကန့်သတ်မယ့်အမိန့်ကို အမေရိကန်သမ္မတဘိုင်ဒန်က အင်္ဂါနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဂါဇာဒေသမှာ တိုက်ခိုက်မှုတွေရပ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ဖို့နဲ့ ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံအချို့ကို လွှတ်ပေးရေး စတဲ့ အဆိုပြုချက်တွေပါတဲ့ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ဒီနေ့အထိ မရေမရာဖြစ်နေပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ဟာ သူ့ရဲ့ စီးပွားရေလုပ်ငန်းနဲ့ ပတ်သတ်တဲ့ အချက်အလက်အမှားတွေ လိမ်ညာ ပြသခဲ့တာကြောင့် နောက်လမှာ ထောင်ဒဏ် ရင်ဆိုင်ရနိုင်တဲ့ အခြေအနေနဲ့ ပတ်သတ်လို့ သူအတွက် ရပ်တည်ပေးနိုင်မယ့်သူတွေရဲ့ အလားအလာနဲ့ ပတ်သတ်ပြီး တနင်္ဂနွေနေ့က သုံးသပ်ပြောဆိုပါတယ်။
အမေရိကန် ပြည်ထောင်စု လော့အိမ်ဂျယ်လိစ် မြို့မှာ ရှိတဲ့ တရုတ်တန်းဟာ အပြောင်းအလဲတွေ များစွာ နဲ့ ကြုံခဲ့ရပြီး ဟောင်ကောင်၊ ထိုင်ဝမ် နဲ့ အရှေ့တောင်အာရှနိုင်ငံက တရုတ်တွေအပြင် တရုတ်ပြည်မကြီး က ရွှေ့ပြောင်းအခြေချသူတွေ နေထိုင်ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အဓိကနိုင်ငံရေးပါတီကြီး ၂ ခု ရှိပါတယ်။ ဒီမိုကရက်တစ်နဲ့ ရီပါဘလစ်ကန် ဖြစ်ပါတယ်။ အခု ဒီမိုကရက်တစ်ပါတီသမိုင်းကို ကြည့်ကြရအောင်ပါ။ ကိုစည်သူက တင်ဆက်ထားပါတယ်။
ဆွစ်ဇာလန်နိုင်ငံမှာကျင်းပမယ့် ယူကရိန်းငြိမ်းချမ်းရေးညီလာခံကို အမေရိကန်ဒုသမ္မတ Kamala Harris နဲ့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan တို့တက်ရောက်မယ်လို့ အိမ်ဖြူတော်က တနင်္လာနေ့မှာ ကြေညာပါတယ်။
ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးအတွက် အဆိုပြုချက်တရပ်ကို ဟာမတ်က သဘောတူလိုက်မယ်ဆိုရင် ဒီအစီအစဉ်ကို အစ္စရေးကလက်ခံမယ်လို့ အမေရိကန်ဘက်က မျှော်လင့်ထားကြောင်း သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရသူ John Kirby က ပြောပါတယ်။
ပါလက်စတိုင်းဒေသ၊ ဂါဇာမှာ ဖြစ်နေတဲ့ စစ်ပွဲတွေအဆုံးသတ်ရေး အမေရိကန်သမ္မတ Joe Biden ရဲ့ အဆိုပြုချက် အခြေခံမူဘောင်ကို အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က လက်ခံလိုက်ကြောင်း ဝန်ကြီးချုပ်ရဲ့ လက်ထောက်တဦး ပြော
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။