နယူးယောက် တရားရုံးမှာ ခုလို အမှုရင်ဆိုင်နေရတဲ့ တချိန်တည်းမှာပဲ ဒီနှစ် ရွေးကောက်ပွဲမှာ ပြန်အရွေးခံဖို့ မဲဆွယ်မှုတွေလည်း အပြိုင် ဆက်ရှိနေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Scott Stearns ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဒီဆွေးနွေးပွဲအတွင်း အထူးသဖြင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်နေချိန်မှာ တဘက်နဲ့တဘက် ထင်မြင်ချက်လွဲမှားတာတွေ နဲ့ မလိုလားအပ်တဲ့ ပဋိပက္ခတွေကို ကာကွယ်နိုင်ဖို့ ဆက်သွယ်ရေးလမ်းကြောင်းကို ဆက်လက်ထားရှိဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
အားလုံးပါဝင်တဲ့ ဆွေးနွေးရေး ကို အမေရိကန် ပြည်ထောင်စုက ထောက်ခံပြီး၊ ကျယ်ပျံ့နှံ့စပ် တကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်အချက်အားဖြင့်သာ လက်ရှိ ကြောက်မက်ဖွယ် ပဋိပက္ခ ကို ငြိမ်းချမ်း တရားမျှတစွာ အဆုံးသတ်နိုင်ပါမယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး က ပြောကြားလိုက်ပါတယ်။
စစ်လွန်ကာလ စီမံကိန်းတစ်ရပ် မြန်နိုင်သမျှ အမြန်ဆုံး အစ္စရေးလိုအပ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောလိုက်ပါတယ်။
အမေရိကန် သမ္မတလောင်း ၂ ယောက်လုံးက သူတို့ဟာ ဘာသာရေးအကိုင်းရှိုင်းဆုံးဖြစ်တယ်လို့ ပြောနေပါတယ်။ ဘာသာရေးယုံကြည်ချက်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်တို့ရဲ့ ယုံကြည်ကိုးကွယ်ရာ အကြောင်း Carolyn Presutti သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အီရန်နိုင်ငံက HEU လို့ခေါ်တဲ့ စစ်ရေးလက်နက်အဖြစ် အသုံးပြုနိုင်တဲ့နီးပါးအထိ ပြင်းအားမြင့်တဲ့ သန့်စင်တဲ့ယူရေနီယမ် စုဆောင်းမှုမြင့်တက်လာတယ်ဆိုတဲ့ အစီရင်ခံစာ ထွက်လာတာကြောင့် အီရန်ရဲ့နျူကလီယားအစီအစဥ်အတွက်စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အောက်မေ့ဖွယ်နေ့အခမ်းအနားကို Minnesota ပြည်နယ်မှာ လာအိုနွယ်ဖွား Hmong လူမျိုးတွေ ဦးဆောင်ပြီး ကျင်းပရာမှာ၊ အမေရိကန်ရောက် ကရင်လူမျိုးတွေလည်း ပါဝင်ခဲ့ကြပါတယ်။ အဲဒီ ပွဲကို တတ်ရောက်ခဲ့တဲ့ ဟောင်ဆာက သတင်းပေးပို့ထားပါတယ်။
အမေရိကန်သမ္မတဘိုင်ဒန်အစိုးရလက်ထက်မှာ စစ်မှုထမ်းဟောင်းတွေ ကျန်းမာရေးအတွက် ၅.၇ ဘီလျံကျော် သုံးစွဲခဲ့ပြီး သမ္မတဟောင်းထရမ့်ကတော့ သူ့လက်ထက်မှာ ဒီအသုံးစားရိတ် ပိုသုံးစွဲခဲ့တယ်ဆိုပြီး ငြင်းခုန်ပြောဆိုပါတယ်။ စစ်မှုထမ်းဟောင်းတွေအနေနဲ့ နောင်တက်လာမယ့် သမ္မတလက်ထက်မှာ ဘာတွေများ ပိုပြီး မျှော်လင့်နိုင်ပါမလဲ။
Libertarian ပါတီ ညီလာခံမှာ စနေနေ့က သမ္မတဟောင်းထရမ့် မိန့်ခွန်းပြောတဲ့အချိန် အပြင်းအထန် ဝေဖန်ကန့်ကွက်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။ သမ္မတဘိုင်ဒန်ကတော့ စစ်တက္ကသိုလ်ကျောင်းဆင်း ဗိုလ်လောင်းတွေကို မိန့်ခွန်းပြောကြားခဲ့ပြီး အမေရိကန်ရဲ့ ဒီမိုကရေစီကို စောင့်ရှောက်ကာကွယ်ဖို့ တိုက်တွန်းသွားပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်ပြည်ထောင်စုကို ပိုမိုပြီးပြည့်စုံတဲ့နိုင်ငံတခုဖြစ်လာအောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့မေလ ၂၇ ရက်နေ့မှာကျရောက်တဲ့ အောက်မေ့ဖွယ်နေ့မှာ ပြောဆိုခဲ့ပါတယ်။
တနင်္လာနေ့မှာ ကျရောက်တဲ့ အခုနှစ်အတွက် Memorial Day အောက်မေ့ဘွယ်နေ့ အားလပ်ရက်နေ့မတိုင်ခင် သီတင်းပတ်ကုန် ရက်တွေမှာ လေကြောင်းကနေ ခရီးသွားသူ အရေအတွက်ဟာ စံချိန်တင်ခဲ့တယ်လို့ အမေရိကန် လေဆိပ်လုံခြုံရေးဌာန TSA က မနေ့ မေလ ၂၅ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
စင်္ကာပူနိုင်ငံမှာ မေလ ၃၁ ရက်ကနေ ဇွန်လ ၂ ရက်နေ့ကျင်းပမယ့် Shangri-La Dialogue ဆွေးနွေးပွဲကျရင် အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံဖို့ရှိတယ်လို့ Pentagon စစ်ဌာနချုပ်က ကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။