မဲဆွယ်စည်းရုံးရေးပွဲတွေအတွင်း အမေရိကန်သမ္မတလောင်း Donald Trump က လူဝင်မှုကြီးကြပ်ရေးကိစ္စကို အဓိကပြောဆိုမဲဆွယ်တာမှာ အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်ဖို့ ကြိုးစားသူတွေကို မူရင်းနိုင်ငံတွေက မဟန့်တားဘူးဆိုရင် တရုတ်အပါအဝင် အဲ့လို နိုင်ငံတွေကို ပိတ်ဆို့ဒဏ်ခတ်မယ်လို့ ပြောဆိုလိုက်ပါတယ်။
အာဖဂ္ဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်တပ်ဖွဲ့တွေကို ဆုတ်ခွာဖို့ ဆုံးဖြတ်လိုက်ရတဲ့ ဆုံးဖြတ်ချက်ဟာ ဖြစ်နိုင်ချေရှိတဲ့ ချဉ်းကပ်မှုတွေထဲမှာ အဆိုးဆုံးရွေးချယ်မှုလို့ ထင်မြင်ယူဆမိတဲ့အကြောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး Frank McKenzie က VOA ကို ပြောပါတယ်။
ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ် အဆင့်ဆင့် ပါဝင်တဲ့ အဆိုပြုချက်ကို လက်ခံကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ထပ်လောင်းအတည်ပြုခဲ့ပြီး၊ ဟာမတ်စ်တွေဘက်က သဘောတူလက်ခံဖို့ပဲ လိုတော့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီနေ့ပဲ ပြောလိုက်ပါတယ်။
သမ္မတကိုယ်စားလှယ်လောင်း ၂ ဦးဖြစ်တဲ့ လက်ရှိသမ္မတ Joe Biden နဲ့ သမ္မတဟောင်း Donald Trump တို့ရဲ့ ဦးစားပေးရမယ့် နိုင်ငံခြားရေးရာမူဝါဒနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ဆိုင်ရာ VOA သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးပါမယ်။
၈ လကြာလာပြီဖြစ်တဲ့ အစ္စရေးလ်-ဟာမတ်စ်စစ်ပွဲတွေ အပစ်ရပ်စဲနိုင်ရေး အဆိုပြုချက်တရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပထမဆုံးအကြိမ် မဲခွဲအတည်ပြုလိုက်ပါတယ်။ အဆိုပြုချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိနေတဲ့အတွက်ဆိုပြီး ရုရှားကတော့ မဲမပေးဘဲ ကြားနေခဲ့ပါတယ်။
နှုတ်ပိတ်ခငွေပေးခဲ့တဲ့အမှုမှာ စီးပွားရေးမှတ်တမ်းတွေကို လိမ်လည်မှုနဲ့ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို ဂျူရီတွေက အပြစ်ရှိတယ်လို့ ဆုံးဖြတ်အပြီး ထောင်ဒဏ်ကျခံရမယ့် အခြေအနေရှိပါတယ်။ ဒီအမှုတွေဟာ သူ့မဲဆွယ်စည်းရုံးပွဲတွေနဲ့ အနာဂတ်ရွေးကောက်ပွဲအလားအလာတွေကို ဝေဝါးစေတဲ့အကြောင်း ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ ပြင်သစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အဆုံးသတ်ပြီး မထွက်ခွာခင်လေးမှာ ပြင်သစ်မှာရှိတဲ့ Aisne-Marne အမေရိကန်စစ်သင်္ချိုင်းကို သွားရောက်ခဲ့ပြီး ပထမကမ္ဘာစစ်အတွင်းက တိုက်ပွဲကျခဲ့တဲ့ အမေရိကန်စစ်သည် ၂,၂၀၀ ကျော်အတွက် ပန်းခွေချ ဂါ ရဝပြုပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ နှစ်ဘက်စလုံးဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေပြီး လက်ရှိ ဖြစ်နေတဲ့ စစ်ပွဲအတွင်း ကလေးငယ်တွေကို အန္တရာယ်တွေနဲ့ ရင်ဆိုင်ရအောင် ဖန်တီးနေကြတယ်ဆိုတာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရှေ့သီတင်းပတ်အတွင်း လုံခြုံရေးကောင်စီမှာ တင်ပြဖို့ရှိပါတယ်။
ရုရှားရဲ့ နောက်ဆုံးပေါ် အဆင့်မြင့် တိုက်လေယာဉ် Sukhoi Su-57 တစင်းကို ရုရှားနိုင်ငံအတွင်းပိုင်းမှာ ယူကရိန်းတပ်ဖွဲ့တွေ ထိအောင်တိုက်ခိုက်နိုင်ခဲ့ကြောင်း ကောင်းကင်ဂြိုဟ်တုက ရိုက်ယူထားတဲ့ ဓာတ်ပုံ အထောက်အထားတွေနဲ့အတူ ယူကရိန်း စစ်ထောက်လှမ်းရေးဌာနက အတည်ပြုပြောဆိုလိုက်ပါတယ်။
လူ သုံးသောင်းလောက် ပါဝင်တယ်လို့ အမေရိကန်မီဒီယာတွေက ခန့်မှန်းထားတဲ့ အစ္စရေးရဲ့ ဂါဇာစစ်ပွဲကို ဆန့်ကျင်ကြတဲ့ ဆန္ဒပြသူတွေဟာ ဝါရှင်တန်ဒီစီမြို့တော် သမ္မတော်အိမ်ဖြူတော် ကို မွန်းတည်းချိန်လောက်မှာ ရောက်ရှိ စုဝေးခဲ့ကြသလို မြို့တော်ရဲ့ နေရာအနှံ့အပြားမှာလည်း ချီတက် ဆန္ဒထုတ်ဖော်ကြပါတယ်။
ပြင်သစ်နိုင်ငံကို နိုင်ငံတော်ခရီး စတင်တဲ့ အမေရိကန်သမ္မတ Joe Biden ကို ပြင်သစ်သမ္မတ Emmanuel Macron က ပါရီမြို့လယ်က Arc de Triomphe မုဂ်ဦးမှာ နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။
မြန်မာ့ ဒီမိုကရေစီရေးကို နှစ်ပေါင်းများစွာ မပြတ်ထောက်ခံလာခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင် Mitch McConnell ကို ကမ္ဘာတဝန်း ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားပေးကူညီနေတဲ့ NED အဖွဲ့ကြီးက ဒီနှစ် ၂၀၂၄ ခုနှစ်အတွက် ဒီမိုကရေစီ ပံ့ပိုးကူညီမှုဆု ချီးမြှင့်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။