ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်သစ်တရပ်ကို အစ္စရေးက ကမ်းလှမ်းထားတဲ့အကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က ပြောဆိုလိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ ဂါဇာတောင်ပိုင်း Rafah မြို့ကို အစ္စရေးစစ်တပ်က တင့်ကားတွေ၊ လက်နက်ကြီးတွေနဲ့ ဒီကနေ့ အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။
အာရှပစိဖိတ်ဒေသမှာ တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကို ပြန်လည်အာရုံစိုက်အောင် အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ Shangri-La Dialogue ဆွေးနွေးပွဲကြီးမှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ အဓိကထားပြောကြားသွားပါတယ်။
"ဒါဟာ သိပ်ကို အကျည်းတန်တဲ့ လုပ်ရပ်ပါ။ အကွက်ဆင် တရားဆွဲတာဖြစ်ပြီး အကျင့်ပျက်လာဘ်စားပြီး အကျိုးစီးပွား ဝိရောဓိဖြစ်နေတဲ့ တရားသူကြီးရဲ့ လှည့်ကွက်၊ အကွက်ဆင်တဲ့ စီရင်ချက်ပါ။ သိပ်ကို အကျည်းတန်ပါတယ်လို့" သမ္မတဟောင်း Donald Trump က မနေ့က နယူးယောက် တရားရုံးမှာ ပြောဆိုသွားတာပါ။
အမေရိကန်နဲ့ တရုတ် စစ်တပ်အချင်းချင်း ဆက်ဆံရေးကို လာမယ့် လပိုင်းတွေအတွင်း ပြန်စမယ်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီး Lloyd Austin က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေး ပြန်လည် တည်ငြိမ်လာနေတဲ့အပေါ် တရုတ်အစိုးရ ကလည်း အမွှမ်းတင်ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ထောက်ခံမဲတွေ ရဖို့ သမ္မတကိုယ်စားလှယ်လောင်းတွေ လူနည်းစုတွေကို ပစ်မှတ်ထား စည်းရုံးနေတာ၊ စစ်မှုထမ်းဟောင်းတွေအတွက် ဘယ်သမ္မတကိုယ်စားလှယ်လောင်းက ပိုပြီး ဆောင်ရွက် ပေးခဲ့သလဲ ဆိုတာတွေကို သုတစုံလင် အမေရိကန်တခွင်အစီအစဥ်မှာ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
နယ်စပ်ကုန်းလမ်းကို ဖြတ်ပြီး မက္ကဆီကိုနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုထဲ တရားမဝင် ဝင်ရောက်ဖြတ်ကူးသူတွေက နွေဦးကာလမှာ များတတ်ပေမယ့် ဒီနှစ်ဧပြီလမှာတော့ မတ်လထက်စာရင် ၆ ရာခိုင်နှုန်း ပိုနည်းတာကို တွေ့ရပါတယ်။ VOA သတင်းထောက် Aline Barros ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင် တင်ဆက်ထားပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump အပေါ် စွဲဆိုထားတဲ့ လိင်ဖျော်ဖြေရေးသရုပ်ဆောင်ကို နှုတ်ပိတ်ခပေးခဲ့တဲ့အမှုနဲ့ ၂၀၁၆ ရွေးကောက်ပွဲရလဒ်အပေါ် ဩဇာလွှမ်းမိုးဖို့ တရားမဝင်ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွဲချက်တွေအပါအဝင် ရာဇဝတ်မှု စွဲချက် ၃၄ ခုစလုံးမှာ အပြစ်ရှိကြောင်း ဂျူရီလူကြီးတွေက ကြာသပတေးနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
နယူးယောက် တရားရုံးမှာ ခုလို အမှုရင်ဆိုင်နေရတဲ့ တချိန်တည်းမှာပဲ ဒီနှစ် ရွေးကောက်ပွဲမှာ ပြန်အရွေးခံဖို့ မဲဆွယ်မှုတွေလည်း အပြိုင် ဆက်ရှိနေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Scott Stearns ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဒီဆွေးနွေးပွဲအတွင်း အထူးသဖြင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်နေချိန်မှာ တဘက်နဲ့တဘက် ထင်မြင်ချက်လွဲမှားတာတွေ နဲ့ မလိုလားအပ်တဲ့ ပဋိပက္ခတွေကို ကာကွယ်နိုင်ဖို့ ဆက်သွယ်ရေးလမ်းကြောင်းကို ဆက်လက်ထားရှိဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
အားလုံးပါဝင်တဲ့ ဆွေးနွေးရေး ကို အမေရိကန် ပြည်ထောင်စုက ထောက်ခံပြီး၊ ကျယ်ပျံ့နှံ့စပ် တကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်အချက်အားဖြင့်သာ လက်ရှိ ကြောက်မက်ဖွယ် ပဋိပက္ခ ကို ငြိမ်းချမ်း တရားမျှတစွာ အဆုံးသတ်နိုင်ပါမယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး က ပြောကြားလိုက်ပါတယ်။
စစ်လွန်ကာလ စီမံကိန်းတစ်ရပ် မြန်နိုင်သမျှ အမြန်ဆုံး အစ္စရေးလိုအပ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောလိုက်ပါတယ်။
အမေရိကန် သမ္မတလောင်း ၂ ယောက်လုံးက သူတို့ဟာ ဘာသာရေးအကိုင်းရှိုင်းဆုံးဖြစ်တယ်လို့ ပြောနေပါတယ်။ ဘာသာရေးယုံကြည်ချက်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်တို့ရဲ့ ယုံကြည်ကိုးကွယ်ရာ အကြောင်း Carolyn Presutti သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။