အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ Volodymyr Zelensky ဒီကနေ့ ပြင်သစ်နိုင်ငံမှာ တွေ့ဆုံပြီး အမေရိကန် က ယူကရိန်းအတွက် နောက်ထပ်အကူအညီ ဒေါ်လာ ၂၂၅ သန်း ပေးသွားမယ့်အကြောင်း သမ္မတ ဘိုင်ဒန်က ကြေညာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၃ နှစ်အတွင်း မုန်းတီးမှုနဲ့ အစွန်းရောက်ဝါဒဟာ ခေါင်းထောင်ထလာတယ်လို့ အင်္ဂါနေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာဖေါ်ပြထားပါတယ်၊ လူဖြူအမျိုးသားရေးဝါဒီနဲ့ LGBTQ+ မုန်းတီးရေးဝါဒီ ပမာဏဟာစံချိန်တင်မြင့်တက်လာပြီးတိုင်းပြည်ရဲ့ ဒီမိုကရေစီ စံတန်ဖိုးတွေကို ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။
“လွန်ခဲ့တဲ့ ၃၅ နှစ်ကနေ ဒီနေ့ထိ တီယန်နန်မင်ကပေးခဲ့တဲ့ အရေးကြီးဆုံးသင်ခန်းစာက အမေရိကန်ရဲ့ တရုတ် နိုင်ငံဆိုင်ရာမူဝါဒဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအပေါ် အာရုံစိုက်ဖို့ပဲ ဖြစ်ပါတယ် ။" (တရုတ် လူ့အခွင့်အရေးအဖွဲ့ကို ဦးဆောင်လှုပ်ရှားနေတဲ့ ကျောင်းသားဟောင်း Zhou)
ဒုတိယကမ္ဘာစစ်အတွင်း အနောက်ဥရောပမှာ နာဇီဂျာမနီတွေရဲ့ ကျူးကျော်သိမ်းပိုက်မှုကိုအဆုံးသတ်စေတဲ့ နော်မန်ဒီကမ်းတက်တိုက်ပွဲ D-Day နှစ် ၈၀ ပြည့်အခမ်းအနားမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်နဲ့ NATO မဟာမိတ်တွေအနေနဲ့ ယူကရိန်းကိုပစ်မထားဘဲ ဆက်ကူမှာ ဖြစ်ကြောင်းပြောပါတယ်။
နာဇီလက်ထဲကနေ ဥရောပ လွတ်မြောက်ရေးအစပြုတဲ့ D-Day ဒီ-ဒေးကမ်းတက်တိုက်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် အနောက်နိုင်ငံခေါင်းဆောင်တွေ ပြင်သစနိုင်ငံမြောက်ပိုင်း ကမ်းခြေမှာ အခမ်းအနား ကျင်းပခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်ကာလ က ပြင်သစ်နိုင်ငံ နော်မန်ဒီ ကမ်းခြေမှာ မဟာမိတ်တပ်ဖွဲ့တွေ ကမ်းတက်တိုက်ပွဲ စတင်ခဲ့တဲ့ အထင်ကရ D day နေ့ အနှစ် ၈၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ပြင်သစ်နိုင်ငံကို ရောက်ရှိနေပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဥရောပစစ်ပွဲ အဆုံးသတ်ရာမှာ အရေးပါတဲ့ D-Day လို့ လူသိများတဲ့ နော်မန်ဒီကမ်းခြေထိုးစစ် နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ဖို့ အတွက် ပြင်သစ် နိုင်ငံ ပါရီ မြို့တော်ကို ဗုဒ္ဓဟူးနေ့က ရောက်ရှိသွားပါတယ်။
ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ရေး အဆင့် ၃ ဆင့်ပါ အပစ်ရပ်ရေးအဆိုပြုချက်သစ်အတွက် တွန်းအားပေးနိုင်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ ထိပ်တန်းလက်ထောက်တွေဖြစ်ကြတဲ့ CIA ဒါရိုက်တာ Bill Burns က ကာတာနိုင်ငံကိုရောက်နေပြီး အရှေ့အလယ်ပိုင်းထိပ်တန်းအကြံပေး Brett McGurk ဟာလည်း ကိုင်ရိုမြို့တော်ကို ရောက်နေပါတယ်။
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့က အမေရိကန်သံရုံးအနီး ပစ်ခတ်မှု ဖြစ်ခဲ့ပြီး၊ ဝန်ထမ်းတွေနဲ့ သံရုံးကတော့ လုံခြုံမှုရှိကြောင်း အမေရိကန်သံရုံးက ပြောပါတယ်။ လက်ဘနွန်စစ်တပ်ကတော့ သေနတ်သမားတယောက် သံရုံးကို ပစ်ခတ်ခဲ့တာကြောင့် လက်ဘနွန်တပ်ဖွဲ့တွေက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ပြောပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမိုင်းမှာ ပထမဆုံးအနေနဲ့ ပါတီကြီးတရပ်ကို ကိုယ်စားပြုပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ခံထားရသူ ရာဇဝတ်သားတယောက်အနေနဲ့ သမ္မတရွေးကောက်ပွဲဝင်သူလည်း ဖြစ်ပါတယ်။ အခုပြန်စနေတဲ့ မဲဆွယ်စည်းရုံးရေးခရီစဉ်တွေအတွင်း မဲဆန္ဒရှင်တွေအနေနဲ့ ဒီဖြစ်ရပ်အပေါ် ဘယ်လိုများတုံ့ပြန်ကြပါသလဲ။
အမေရိကန်ပြည်ထောင်စုမှာ အဓိကနိုင်ငံရေးပါတီကြီး ၂ ခု ရှိပါတယ်။ ဒီမိုကရက်တစ်နဲ့ ရီပါဘလစ်ကန် ဖြစ်ပါတယ်။ အခု ရီပါဘလစ်ကန်ပါတီသမိုင်းကို ကြည့်ကြရအောင်ပါ။ ကိုဝင်းခန့်မောင်က တင်ဆက်ထားပါတယ်။
သမ္မတဘိုင်ဒန်ရဲ့ အဆင့် ၃ ဆင့်ပါ အစ္စရေး ဟာမတ်စ် အပစ်ရပ်ရေးအဆိုပြုချက်မူကြမ်းကို ထောက်ခံကြဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။