သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ ပန်းခြံတခုမှာ အမေရိကန်ကျောင်းဆရာလေးဦး တိုက်ခိုက်ခံရ


ကော်နဲလ်ကောလိပ်က အမေရိကန်ကျောင်းဆရာလေးဦး ဓားထိုးတိုက်ခိုက်ခံရတဲ့ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဂျီလင်းခရိုင်က Beishan ပန်းခြံအဝင်ဂိတ်။
ကော်နဲလ်ကောလိပ်က အမေရိကန်ကျောင်းဆရာလေးဦး ဓားထိုးတိုက်ခိုက်ခံရတဲ့ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဂျီလင်းခရိုင်က Beishan ပန်းခြံအဝင်ဂိတ်။

တရုတ်တက္ကသိုလ်မှာ စာသွားသင်ပေးနေကြတဲ့ အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ် ကော်နဲလ်ကောလိပ် Cornell College က ဆရာ ၄ ယောက် တရုတ်ပန်းခြံတခုမှာ ဓားထိုးခံခဲ့ကြရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

သူတို့ ၄ ယောက်လုံးကို ဆေးရုံတင် ကုသပေးနေကြောင်း၊ ဘယ်သူမှ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့မှာ ပြောကြားပါတယ်။ အမေရိကန်နိုင်ငံသားတွေ ခုလိုဓားထိုးခံရတာအတွက် စိုးရိမ်မကင်း ဖြစ်ကြောင်း၊ ဆရာတွေနဲ့ သက်ဆိုင်ရာ တရုတ်တာဝန်ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံနေပြီး ဆရာတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးနဲ့ ဥပဒေကြောင်းအရအရေးယူနိုင်ရေးတွေကို ဆောင်ရွက်နေကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန် (Jake Sullivan) က X လူမှုစာမျက်နှာမှာ ရေးပါတယ်။

ဆရာတွေဟာ တရုတ်အရှေ့မြောက်ပိုင်းက ဘေဟွာတက္ကသိုလ် (Beihua University) မှာ စာသင်နေကြတာ ဖြစ်ပါတယ်။ ကနဦး စစ်ဆေးချက်‌တွေအရ Jilin city မြို့ Beishan Park မှာ အမှုဖြစ်ပွါးခဲ့ပြီး အခြားတိုက်ခိုက်မှုတွေ မရှိကြောင်း၊ ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း (Lin Jian) က နေ့စဥ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG