အမေရိကန်ပြည်ထောင်စုမှာ အာဖရိကန်နွယ်ဘွား အမေရိကန် လူမည်းတချို့ရဲ့ လက်ကိုင်ဖုန်းတွေဆီ လူမျိုးရေးအရ နှိမ်ချစော်ကားတဲ့ အသိပေးစာတိုတွေရောက်လာတဲ့အပေါ် သက်ဆိုင်ရာက စုံစမ်းနေပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲ မဲရလဒ်တွေ ရေတွက်ပြီး ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက Donald Trump သမ္မတရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာလိုက်တဲ့အခါ နောက်ထပ်အရေးကြီးတဲ့ လုပ်ဆောင်စရာတွေ စပေါ်လာပါပြီ။
နိုဝင်ဘာ ၅ ရက်နေ့ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက အမေရိကန် အထက်လွှတ်တော်နေရာ အများစုကို ရသွားပါတယ်။ ဒီရလဒ်ဟာ ရွေးကောက်ခံ သမ္မတ Donald Trump တာဝန်ယူတဲ့အချိန် ဥပဒေပြုရေး ကိစ္စတွေ အောင်မြင်ဖို့အတွက် ပိုပြီးလွယ်ကူသွားစေပါလိမ့်မယ်။ Katherine Gypson ရဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ရွေးချယ်ခံသမ္မတ Donald Trump က သူရဲ့ မဲဆွယ်စည်ရုံးရေးအဖွဲ့ မန်နေဂျာ Susie Wiles ကို သမ္မတအိမ်ဖြူတော် အရာရှိချုပ်အဖြစ် ခန့်အပ်မယ်လို့ ကြေညာလိုက်ပါတယ်။ ဒါဟာ လာမယ့် ဇန်နဝါရီ ၂၀ရက်နေ့ ဖွဲ့မယ့် သူ့အစိုးရအဖွဲ့ဝင် တာဝန်ရှိသူတဦးကို ပထမဦးဆုံး ထုတ်ပြန် ကြေညာလိုက်တာပါ။
အရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့အစိုးရအဖွဲ့ရဲ့ အရေးပါတဲ့ ရာထူးတွေအတွက် ခန့်အပ်မယ့်သူတွေကို အမြန်ရွေးချယ်ဖို့ လုပ်နေသလို၊ သူ ဘယ်သူတွေကို ရွေးထားတယ်ဆိုတာကို ရက်ပိုင်းအတွင်းမှာပဲ ထုတ်ပြန်လာနိုင်ခြေ ရှိနေပါတယ်။ သူ့အစိုးရအဖွဲ့မှာ ဘယ်သူတွေကို ရွေးချယ်ရမယ်ဆိုတာ ဝိုင်းဝန်း ဆန်းစစ်နေကြတာပါ။
ရွေးချယ်ခံ သမ္မတ Donald Trump ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းရေး ချောချောမွေ့မွေ့ဖြစ်အောင် သူ့အစိုးရအဖွဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ဖြစ်ရမယ်လို့လည်း ပြောပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump ဟာ သူ့ရဲ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ လူဝင်မှုကြီးကြပ်ရေးကို အဓိကအနေနဲ့ထားပြီး၊ တောင်ပိုင်းနယ်စပ်မှာ သူ့အခေါ် "မကြုံစဖူးအမိန့်" တစ်ခုကို အကောင်အထည်ဖော်သွားမယ်လို့ ကတိပြုထားပါတယ်။
အမေရိကန်မှာ နောက်တကြိမ် သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ Donald Trump က တရုတ်ကတင်ပို့ကုန် ၆၀% ကျော်ကို ကုန်သွယ်ခွန်တိုးကောက်မယ်လို့ ရွေးကောက်ပွဲမတိုင်ခင် ကတိပြုထားတာကြောင့် တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေကို အကြီးဆုံးပြည်ပဈေးကွက်ဖြစ်တဲ့ အမေရိကန်ကို အမြန်ပို့လာနေတယ်လို့ ခန့်မှန်းကြပါတယ်။
ကမ္ဘာကြီးမှာဖြစ်ပေါ်နေတဲ့ ခြိမ်းခြောက်ရန်တွေကို အမေရိကန်သမ္မတသစ်နဲ့ ပူးပေါင်းဖြေရှင်းသွားဖို့ လိုလားတယ်လို့ NATO စစ်ရေးမဟာမိတ်အဖွဲ့ အကြီးအကဲက ပြောကြားလိုက်ပါတယ်။
အောက်လွှတ်တော်က အမတ်နေရာ ၄၃၅ နေရာအတွက် လာမယ့် ၂ နှစ်သက်တမ်း မှာ ဘယ်သူရမယ်ဆိုတာတော့ မဲတွေ ရေတွက်ဆဲမို့ အဖြေ မထွက်သေးပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်က အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကင်တွေ ထိန်းချုပ်ထားသလို ဒီမိုကရက်တွေ က အောက်လွှတ်တော်ကို ထိန်းချုပ်ထားတာပါ။
အမေရိကန် နိုင်ငံရေးသမိုင်းမှာ ထူးထူးခြားခြားပဲ သမ္မတဟောင်းဖြစ်တဲ့ ရီပတ်ဘလစ်ကင်ပါတီက ဒေါ်နယ်ထရမ့်ဟာ ဒီမိုကရက်တစ်ပါတီက ပြိုင်ဘက် ကင်မလာဟဲရစ်ကို အနိုင်ရပြီး ၄ နှစ်အကြာမှာ သမ္မတတာဝန်ကို ပြန်ထမ်းဆောင်သူဖြစ်တာတာပါ။
သမ္မတ Joe Biden ဟာ ရွေးချယ်ခံသမ္မတ Donald J. Trump ကို ဖုန်းခေါ်ပြီး ၊ ရွေးကောက်ပွဲမှာ သူအနိုင်ရတာကို ချီးကြူးဂုဏ်ပြုကြောင်း ပြောဆိုခဲ့တယ်လို့ Trump စည်းရုံးရေးအဖွဲ့က ကြေညာချက်ထုတ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။