၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း၊ သမ္မတဟောင်း Donald Trump အနိုင်ရပြီလို့ ကနဦး ကြေညာချက် ထွက်လာပါတယ်။ သူ ဒုတိယအကြိမ် သမ္မတဖြစ် ထပ်ပြီးတာဝန်ယူတဲ့အချိန် ဘာတွေ လုပ်နိုင်သလဲ၊ အရင်မူဝါဒတွေနဲ့ လက်ရှိရပ်တည်ချက်တွေကို သုံးသပ်ပြီး VOA သတင်းထောက် Tina Trinh သတင်းပေးပို့ထားပါတယ်။
နိုဝင်ဘာလ ၆ရက်နေ့ ဗုဒ္ဓဟူးနေ့ မနက်စောစော နောက်ဆုံးထွက်လာတဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ ရီပတ်ဘလစ်ကန် ပါတီသမ္မတလောင်း Donald Trump က ပန်ဆဲလ်ဗေးနီးယား ပြည်နယ် အပါအဝင် အဓိကကျတဲ့ ပြည်နယ်တော်တော်များများမှာ အနိုင်ရနေတဲ့အတွက် သမ္မတအဖြစ် ရွေးချယ်ခံရဖို့ နီးကပ်လာနေပါပြီ။
သမ္မတ အကူးအပြောင်းကာလမှာ အမေရိကန်ပြည်ထောင်စု အတွင်း ခြိမ်းခြောက်မှု၊ မတည်မငြိမ် ဖြစ်မှုတွေကို တားဆီးနိုင်ဖို့ လက်ရှိ သမ္မတဘိုင်ဒင်အစိုးရက အထူးပြင်ဆင်ထားပေမယ့် စိုးရိမ်ချက်တွေကတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရှိနေပါတယ်။
နိုဝင်ဘာလ (၅) ရက်နေ့ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဗာဂျီးနီးယားပြည်နယ် နဲ့ ဝါရှင်တန်ဒီစီ မဲရုံတချို့မှာ မဲလာပေးကြတဲ့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတချို့ကို မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်း ရိုက်ကူးထားပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာလ (၅)ရက်နေ့ ည မဲရုံးတွေမပိတ်ခင် VOA ရုံးချုပ်နဲ့ သိပ်မဝေးလှတဲ့ ဗာဂျီးနီးယားပြည်နယ် အာလင်တန် မြို့က မဲရုံတရုံကို ရောက်ရှိနေတဲ့ VOA ဝိုင်းတော်သူ မအင်ကြင်းနိုင် ကို ကိုဉာဏ်ဝင်းအောင်က တိုက်ရိုက် ဆက်သွယ်မေးမြန်းထားပါတယ်။
နောက်ဆုံးအချိန်အထိ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ၂၀၂၄ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲအကြောင်း ပြောရင် မဲရလဒ်တွေ ပေါ်ထွက် အပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ အစိုးရ အသစ်ကို အာဏာလွှဲပြောင်းပေးရေးက လူအများကြား အလေးထား ပြောစရာ ဖြစ်နေတာပါ။
ဒုတိယ သမ္မတ Kamala Harris ကို နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး ခေါင်းဆောင် အဖြစ် ရွေးချယ်မလား ဒါမှမဟုတ်လည်း ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးခဲ့တဲ့ သမ္မတဟောင်း Donald Trump ကိုဘဲ အိမ်ဖြူတော်ကို ပြန်ပို့မလားဆိုတာကို ရွေးချယ် ဆုံးဖြတ်နေကြတာ ဖြစ်ပါတယ်။
မဲရုံတွေကို ဗုံးအန္တရာယ် ခြိမ်းခြောက်မှုတွေဟာ ရုရှားက ဖြစ်ပုံရကြောင်း ပြည်ထောင်စုနဲ့ ပြည်နယ် တာဝန်ရှိသူတွေရဲ့ ဆန်းစစ်ချက်သစ်က ဖော်ပြပါတယ်။ အင်္ဂါနေ့ မနက်ခင်း ဗုံးအန္တရာယ် ခြိမ်းခြောက်မှုတွေကြောင့် ဂျော်ဂျီယာ ပြည်နယ် အရှေ့တောင်ပိုင်းက မဲရုံ တချို့ကို မဲပေးမှု ယာယီ ရပ်ဆိုင်းခဲ့ရပါတယ်။
အမေရိကန် ကွန်ဂရက်မှာ အများစု ကြီးစိုးရေး ရလဒ်ဟာလည်း အင်္ဂါနေ့ မဲပေးပွဲကနေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီရလဒ်ဟာဆိုရင် သမ္မတ ရွေးကောက်ပွဲ အနိုင်ရသူရဲ့ ဥပဒေ အဆိုပြုချက်တွေ အရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်လာမှာလည်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲကို ကပြောင်းကပြန် ဖြစ်သွားအောင် ကြံစည် ကြိုးပမ်းကြတဲ့ ပြည်ပစွက်ဖက်တဲ့ လှုပ်ရှားမှုတွေ၊ လုပ်ကြံသတင်းတွေ၊ ထိုးနှက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး မဲပေးကြမယ့် မဲဆန္ဒရှင်တွေကို FBI က ကြိုတင် သတိပေးထားပါတယ်။
ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်း Tim Walz ဟာ အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် သက်တမ်းနှစ်ခု ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ ရွေးကောက်ပွဲမဲဆွယ်ပွဲတွေမှာ Nebraska ပြည်နယ်တွင်း သူကြီးပြင်းလာတဲ့ဘဝနဲ့ သူဘယ်လိုလူဖြစ်တယ် ဘယ်လိုအရွေးချယ်ခံခဲ့ရတယ်ဆိုတဲ့အကြောင်း ကိုသားညွန့်ဦး ပြောပြမှာပါ။
ရီပါဗလစ်ကန်ပါတီ ဒုသမ္မတလောင်း အထက်လွှတ်တော်အမတ် JD Vance ဟာ မချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာသူဖြစ်ပြီးတော့ စက်မှုလုပ်ငန်းတွေ ပျက်စီးနေတဲ့ အနောက်အလယ်ပိုင်းက အိုဟိုင်းယိုးပြည်နယ် Middletown မြို့လေးမှာ ကြီးပြင်းခဲ့သူပါ။ သူ့အကြောင်း Carolyn Presutti သတင်းပေးပို့ ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။