ဘယ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုမှာမဆို ကိုယ်စားလှယ်လောင်းတွေနဲ့ ပြည်သူတွေဟာ ရွေးကောက်ပွဲ အခြေအနေကို သိဖို့၊ သူတို့လုပ်ရပ်တွေ၊ ရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး အသိပေးဖို့ လူထုသဘောထား စစ်တမ်းတွေကို အားကိုးရပါတယ်။ ဒါပေမဲ့ ဒီလိုစစ်တမ်းတွေက နားလည်ရခက်၊ ရှေ့နောက်မညီနဲ့ တခါတလေ လုံးဝမှားတာမျိုးတောင် ရှိပါတယ်။
အမေရိကန် စီးပွားရေးဟာ ဘဏ်တိုးနှုန်းတွေမြင့်နေဆဲ ဖြစ်ပေမဲ့လည်း ဝယ်ယူစားသုံးသူတွေရဲ့ ဝယ်လိုအားတွေကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာရေး ၃ လပတ်အတိုင်း ဆက်လက် အားကောင်းနိုင်တယ်လို့ စီးပွားရေးစစ်တမ်းတခုက ခန့်မှန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ TPS ယာယီအကာအကွယ်ပေးအဆင့်နဲ့ နေထိုင်ခွင့်ကို ရုတ်သိမ်းမယ်လို့ ရီပါဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ပြောထားလို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြောဆိုဆွေးနွေးစရာတွေ ထပ်တိုးလာနေတာပါ။
၂၀၂၄ အမေရိကန်ရွေးကောက်ပွဲမှာ အမေရိကန်နိုင်ငံသားတွေရဲ့ သဘောထားကို ထုတ်ဖော်တာ တွေ့မြင်ကြရမှာပါ။၊ တကယ်လို့ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာ ၅ ရက်နေ့မှာ မဲရုံကို မလာနိုင်ဘူးဆိုရင် ဘယ်လိုလုပ်နိုင်ပါလဲ။ ပြည်သူတွေ မဲပေးနိုင်တဲ့ တခြားနည်းလမ်းတွေ ရှိသေးတာပါ။ ပုံပြရုပ်သံမှာ ကိုစည်သူ တင်ပြထားပါတယ်။
ပြိုင်ဆိုင်မှုပြင်းထန်မယ့် ပြည်နယ် ၇ ခုထဲက တခုဖြစ်တဲ့ Pennsylvania ပြည်နယ်မှာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Trump က မဲဆွယ်ပွဲကျင်းပခဲ့သလို၊ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းဖြစ် Harris ကတော့ အိမ်ဖြူတော်နဲ့ မလှမ်းမကမ်း ဝါရှင်တန်ဒီစီမှာ မနေ့ညနေပိုင်းက မိန့်ခွန်းပြောခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ လူသိနည်းတဲ့ Green Party က သမ္မတလောင်း Jill Stein လည်း ပါဝင်ယှဉ်ပြိုင်ပါလိမ့်မယ်။ မဲဆန္ဒရှင်တွေရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ ထောက်ခံမှု ရမယ်လို့ လူထုစစ်တမ်းတွေမှာ ဖေါ်ပြပေမဲ့ သူရမယ့် ထောက်ခံမဲက ရွေးကောက်ပွဲ တခုလုံးရဲ့ ရလဒ်အတွက် အရေးပါနိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲအတွက် ပြည်နယ်တော်တော်များများမှာ ကြိုတင်မဲပေးနေကြပြီး မဲပေးသူတွေထဲ ပြည်ပရောက် မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေအပြင်၊ အမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေချပြီး အမေရိကန်နိုင်ငံသားဖြစ်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲပြီးကတည်းက အမေရိကန်နိုင်ငံသား ၃.၅ သန်းနီးပါး အသစ်တိုးလာကြောင်း National Partnership for New Americans အဖွဲ့က ဆိုပါတယ်။ ဒီအုပ်စုက လာမယ့်ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေနိုင်ဟု ကျွမ်းကျင်သူများပြောပါတယ်။ Aline Barros သတင်းကို ကိုငြိမ်းချမ်းတင်ပြပေးမှာပါ။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲတွေ ကျင်းပဖို့ သီတင်းတပတ်ပဲ လိုတော့တဲ့အချိန်၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် မနေ့ တနင်္လာနေ့က ကြိုတင်မဲ ပေးခဲ့ပါတယ်။
လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့ ကျင်းပမယ့် ရွေးကာက်ပွဲမှာ သမ္မတနဲ့ ဒုသမ္မတွေကိုတင် မဟုတ်ဘဲ လွှတ်တော်အမတ်တွေကိုလည်း အမေရိကန်ပြည်သူတွေ ရွေးကောက်တင်မြှောက်ကြမှာပါ။ လွှတ်တော်တွေကို ထိန်းချုပ်နိုင်တဲ့ ပါတီက သမ္မတသစ်ရဲ့ ဥပဒေပြုရေး အစီအစဉ်တွေကို အကောင်အထည်ဖော်ရေး အောင်မြင်ဖို့အတွက် အဓိကကျပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ သီတင်းပတ် တပတ်လောက်သာ ကျန်တော့တဲ့ အချိန်မှာပဲ သမ္မတလောင်းနှစ်ဦး အပြိုင်အဆိုင် မဲဆွယ်စည်းရုံးနေကြပါတယ်။ ရီပါပလင်ကန် သမ္မတလောင်း Donald Trump ကတော့ သူ့မွေးရပ် နယူးယောက်မြို့ မှာ မနေ့တနင်္ဂနွေနေ့က မဲဆွယ်စည်းရုံးခဲ့ပါတယ်။
အမေရိကန် ရွေးကောက်ပွဲ ကျင်းပဖို့ ၁၀ ရက်လောက်သာ လိုတော့ချိန်မှာ သမ္မတလောင်းတွေဟာ အနိုင်ရဖို့ အရေးကြီးတဲ့ ပြည်နယ်တွေကို သွားရောက် မဲဆွယ်မှုတွေ အရှိန်မြှင့်လုပ်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။