သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကုန်ပစ္စည်းတွေ အမေရိကန်ကို စံချိန်တင် တင်ပို့


နိုင်ငံတကာကိုတင်ပို့မယ့် တရုတ်နိုင်ထုတ် ကားများကို နိုင်ငံတကာဆိပ်ကမ်း Suzhou မှာတွေ့ရတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။
နိုင်ငံတကာကိုတင်ပို့မယ့် တရုတ်နိုင်ထုတ် ကားများကို နိုင်ငံတကာဆိပ်ကမ်း Suzhou မှာတွေ့ရတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။

အမေရိကန်နဲ့ ဥရောပသမဂ္ဂကနေ နောက်ထပ်ကုန်သွယ်ခွန်တွေ တိုးမြှင့်လာနိုင်တဲ့အတွက် တရုတ်နိုင်ငံ ကနေ ပြည်ပကိုကုန်ပစ္စည်းတွေ အမြန်တင်ပို့နေကြပါတယ်။ တရုတ်နိုင်ငံရဲ့ စက်ရုံတွေကနေ အဓိက ပြည်ပ ဈေးကွက်ကြီး ၂ ခုကိုကုန်ပစ္စည်းတွေ အမြန်တင်ပို့နေရာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလက ၂ နှစ် အတွင်း အများဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။

အမေရိကန်မှာ နောက်တကြိမ် သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ Donald Trump က တရုတ်နိုင်ငံက တင်ပို့ကုန် ၆၀% ကျော်ကို ကုန်သွယ်ခွန်တွေ တိုးကောက်မယ်လို့ ရွေးကောက်ပွဲမတိုင်ခင်မှာ ကတိပြု ထားတာကြောင့် တရုတ်နိုင်ငံရဲ့အကြီးမားဆုံး ပြည်ပဈေးကွက်ဖြစ်တဲ့ အမေရိကန်ကို တင်ပို့ဖို့ အမြန်လုပ်လာတာလို့လည်း ခန့်မှန်းကြပါတယ်။

တရုတ်နိုင်ငံကနေ အမေရိကန်ကိုတင်ပို့တဲ့ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးဟာ တနှစ်ကို အမေရိကန်ဒေါ်လာ ဘီလျံ ၅၀၀လောက်ရှိပြီး ရွေးကောက်ခံသမ္မတထရမ့်က ကုန်သွယ်ခွန်တွေတိုးကောက်ဖို့ ပြောထား တာကြောင့် တရုတ်စက်ရုံပိုင်ရှင်တွေနဲ့ တာဝန်ရှိသူတွေ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့တာပါ။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံ ဥရောပသမဂ္ဂနဲ့ကုန်သွယ်ရေးမှာ တင်းမာနေပြီး မနှစ်က တရုတ်နိုင်ငံ ကနေ ဥရောပသမဂ္ဂကို တင်ပို့တဲ့ကုန်ပစ္စည်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄၆၆ ဘီလျံရှိပါတယ်။

တရုတ်နိုင်ငံကနေ ပြည်ပကိုတင်ပို့နေတဲ့ ပမာဏဟာနှစ်စဉ်တိုးတက်နေပြီး ပြီးခဲ့တဲ့လမှာဆိုရင် ၁၂.၇ % အထိ တက်လာခဲ့တယ်လို့ တရုတ်အကောက်ခွန်ဌာနရဲ့ ဒီနေ့ထုတ်ပြန်လိုက်တဲ့ စာရင်းတွေအရ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG