အမေရိကန်က စစ်တပ်ချထားမယ့်အကြောင်း အီရန်နိုင်ငံကို သတိပေးအပြီး နောက်တရက်မှာပဲ B-52 ဗုံးကြဲလေယာဉ်တွေ အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိသွားပြီဖြစ်ကြောင်း အမေရိကန်စစ်တပ်က ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံးသီတင်းပတ်ကုန်မှာ သမ္မတလောင်းတွေ ဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီက ဒုသမ္မတ Kamala Harris နဲ့ ရီပတ်ဘလစ်ကန်ပါတီက သမ္မတဟောင်း Donald Trump တို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ အပြိုင်အဆိုင် စည်းရုံးနေကြပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အရေးကြီးတဲ့ မြောက် Carolina ပြည်နယ်ကို သမ္မတလောင်း ၂ ယောက်လုံး ဒီနေ့ စနေနေ့ သွားရောက် မဲဆွယ်ကြမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ နီးလာချိန်မှာပဲ သမ္မတလောင်းတွေဖြစ်တဲ့ ဒုသမ္မတ Kamala Harris နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ဟာ သောကြာနေ့မှာ အရေးပါတဲ့ မွတ်စလင်အမေရိကန် မဲတွေရဖို့ အပြိုင် မဲဆွယ်နေကြပါတယ်။ အထူးသဖြင့် မီရှီဂန်ပြည်နယ်က အာရပ်နဲ့ မွတ်စလင်အမေရိကန်တွေရဲ့ ထောက်ခံမှုရဖို့ ကြိုးစားခဲ့တာပါ။
နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲအတွက် အမေရိကန်ပြည်နယ်တော်တော်များများ ကြိုတင်မဲတွေ ပေးနေကြတဲ့အချိန်မှာပဲ ကြိုတင်မဲပုံးတချို့ ဖျက်ဆီးခံနေပါတယ်။ အရှေ့ပိုင်း ပြည်နယ်တချို့မှာ ရေဘေးဒဏ်ကြောင့် မဲဆန္ဒရှင်တွေ မဲပေးဖို့ အခက်အခဲနေချိန်မှာ ကြိုတင်မဲပုံးတွေ ဖျက်ဆီးခံနေရတာဖြစ်ပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲကျင်းပနေတဲ့ အချိန်ဟာ မဲဆန္ဒရှင်ဖြစ်တဲ့ အမေရိကန် လယ်သမားတွေ စီးပွားရေးအခက်အခဲတွေ ကြုံနေရတဲ့ အချိန် ဖြစ်ပြီး အစိုးရရဲ့ မူဝါဒတွေနဲ့ ဆက်နွယ်ပြီး သူတို့ အခေါ် လေဆန်ကို ဆန်တက်နေရတဲ့ ကာလ ဖြစ်နေပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် သမ္မလောင်း Donald Trump အနိုင်ရခဲ့မယ်ဆိုရင် ယူကရိန်းစစ်ပွဲ အပေါ် အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ နေတိုးမဟာမိတ် ဆက်ဆံရေးအလားအလာတွေကို မဟာမိတ် ဥရောပနိုင်ငံတွေကြားမှာ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲကျင်းပဖို့ ၅ ရက်သာ လိုတော့တာနဲ့အတူ အနိုင်ရဖို့ အရေးကြီးတဲ့ အနောက်ပိုင်းပြည်နယ် ၂ ခုကို သမ္မတလောင်းတွေ ဒီနေ့ သွားရောက်မဲဆွယ်ကြမှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ လူတွေ လမ်းပေါ်မှာ သရဲတွေလို ကြောက်မက်ဖွယ်ရာ ဝတ်စုံတွေ ဝတ်ဆင်သွားလာကြတဲ့ ဟော်လိုဝင်း ပါတီ ဒီနေ့ ကျင်းပမှာပါ။
ဘယ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုမှာမဆို ကိုယ်စားလှယ်လောင်းတွေနဲ့ ပြည်သူတွေဟာ ရွေးကောက်ပွဲ အခြေအနေကို သိဖို့၊ သူတို့လုပ်ရပ်တွေ၊ ရွေးချယ်မှုတွေနဲ့ ပတ်သက်ပြီး အသိပေးဖို့ လူထုသဘောထား စစ်တမ်းတွေကို အားကိုးရပါတယ်။ ဒါပေမဲ့ ဒီလိုစစ်တမ်းတွေက နားလည်ရခက်၊ ရှေ့နောက်မညီနဲ့ တခါတလေ လုံးဝမှားတာမျိုးတောင် ရှိပါတယ်။
အမေရိကန် စီးပွားရေးဟာ ဘဏ်တိုးနှုန်းတွေမြင့်နေဆဲ ဖြစ်ပေမဲ့လည်း ဝယ်ယူစားသုံးသူတွေရဲ့ ဝယ်လိုအားတွေကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာရေး ၃ လပတ်အတိုင်း ဆက်လက် အားကောင်းနိုင်တယ်လို့ စီးပွားရေးစစ်တမ်းတခုက ခန့်မှန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ TPS ယာယီအကာအကွယ်ပေးအဆင့်နဲ့ နေထိုင်ခွင့်ကို ရုတ်သိမ်းမယ်လို့ ရီပါဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ပြောထားလို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြောဆိုဆွေးနွေးစရာတွေ ထပ်တိုးလာနေတာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။