အမေရိကန်မှာ နောက်တကြိမ် သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ Donald Trump က တရုတ်ကတင်ပို့ကုန် ၆၀% ကျော်ကို ကုန်သွယ်ခွန်တိုးကောက်မယ်လို့ ရွေးကောက်ပွဲမတိုင်ခင် ကတိပြုထားတာကြောင့် တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေကို အကြီးဆုံးပြည်ပဈေးကွက်ဖြစ်တဲ့ အမေရိကန်ကို အမြန်ပို့လာနေတယ်လို့ ခန့်မှန်းကြပါတယ်။
ကမ္ဘာကြီးမှာဖြစ်ပေါ်နေတဲ့ ခြိမ်းခြောက်ရန်တွေကို အမေရိကန်သမ္မတသစ်နဲ့ ပူးပေါင်းဖြေရှင်းသွားဖို့ လိုလားတယ်လို့ NATO စစ်ရေးမဟာမိတ်အဖွဲ့ အကြီးအကဲက ပြောကြားလိုက်ပါတယ်။
အောက်လွှတ်တော်က အမတ်နေရာ ၄၃၅ နေရာအတွက် လာမယ့် ၂ နှစ်သက်တမ်း မှာ ဘယ်သူရမယ်ဆိုတာတော့ မဲတွေ ရေတွက်ဆဲမို့ အဖြေ မထွက်သေးပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်က အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကင်တွေ ထိန်းချုပ်ထားသလို ဒီမိုကရက်တွေ က အောက်လွှတ်တော်ကို ထိန်းချုပ်ထားတာပါ။
အမေရိကန် နိုင်ငံရေးသမိုင်းမှာ ထူးထူးခြားခြားပဲ သမ္မတဟောင်းဖြစ်တဲ့ ရီပတ်ဘလစ်ကင်ပါတီက ဒေါ်နယ်ထရမ့်ဟာ ဒီမိုကရက်တစ်ပါတီက ပြိုင်ဘက် ကင်မလာဟဲရစ်ကို အနိုင်ရပြီး ၄ နှစ်အကြာမှာ သမ္မတတာဝန်ကို ပြန်ထမ်းဆောင်သူဖြစ်တာတာပါ။
သမ္မတ Joe Biden ဟာ ရွေးချယ်ခံသမ္မတ Donald J. Trump ကို ဖုန်းခေါ်ပြီး ၊ ရွေးကောက်ပွဲမှာ သူအနိုင်ရတာကို ချီးကြူးဂုဏ်ပြုကြောင်း ပြောဆိုခဲ့တယ်လို့ Trump စည်းရုံးရေးအဖွဲ့က ကြေညာချက်ထုတ်ပါတယ်။
ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာ ဒုသမ္မတ ဟဲရစ်က တယ်လီဖုံးနဲ့ ဆက်သွယ်ပြီး ထရမ့်အနိုင်ရတာကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သလို သမ္မတဘိုင်ဒန်ကလည်း ဗုဒ္ဓဟူးနေ့ မှာပဲ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထရမ့်ကို ဆက်သွယ်ပြောကြားဖို့ရှိတယ်လို့ သူ့လက်ထောက်တွေက ပြောပါတယ်။
၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း၊ သမ္မတဟောင်း Donald Trump အနိုင်ရပြီလို့ ကနဦး ကြေညာချက် ထွက်လာပါတယ်။ သူ ဒုတိယအကြိမ် သမ္မတဖြစ် ထပ်ပြီးတာဝန်ယူတဲ့အချိန် ဘာတွေ လုပ်နိုင်သလဲ၊ အရင်မူဝါဒတွေနဲ့ လက်ရှိရပ်တည်ချက်တွေကို သုံးသပ်ပြီး VOA သတင်းထောက် Tina Trinh သတင်းပေးပို့ထားပါတယ်။
နိုဝင်ဘာလ ၆ရက်နေ့ ဗုဒ္ဓဟူးနေ့ မနက်စောစော နောက်ဆုံးထွက်လာတဲ့ ရွေးကောက်ပွဲ ရလဒ်တွေအရ ရီပတ်ဘလစ်ကန် ပါတီသမ္မတလောင်း Donald Trump က ပန်ဆဲလ်ဗေးနီးယား ပြည်နယ် အပါအဝင် အဓိကကျတဲ့ ပြည်နယ်တော်တော်များများမှာ အနိုင်ရနေတဲ့အတွက် သမ္မတအဖြစ် ရွေးချယ်ခံရဖို့ နီးကပ်လာနေပါပြီ။
သမ္မတ အကူးအပြောင်းကာလမှာ အမေရိကန်ပြည်ထောင်စု အတွင်း ခြိမ်းခြောက်မှု၊ မတည်မငြိမ် ဖြစ်မှုတွေကို တားဆီးနိုင်ဖို့ လက်ရှိ သမ္မတဘိုင်ဒင်အစိုးရက အထူးပြင်ဆင်ထားပေမယ့် စိုးရိမ်ချက်တွေကတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရှိနေပါတယ်။
နိုဝင်ဘာလ (၅) ရက်နေ့ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဗာဂျီးနီးယားပြည်နယ် နဲ့ ဝါရှင်တန်ဒီစီ မဲရုံတချို့မှာ မဲလာပေးကြတဲ့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတချို့ကို မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်း ရိုက်ကူးထားပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာလ (၅)ရက်နေ့ ည မဲရုံးတွေမပိတ်ခင် VOA ရုံးချုပ်နဲ့ သိပ်မဝေးလှတဲ့ ဗာဂျီးနီးယားပြည်နယ် အာလင်တန် မြို့က မဲရုံတရုံကို ရောက်ရှိနေတဲ့ VOA ဝိုင်းတော်သူ မအင်ကြင်းနိုင် ကို ကိုဉာဏ်ဝင်းအောင်က တိုက်ရိုက် ဆက်သွယ်မေးမြန်းထားပါတယ်။
နောက်ဆုံးအချိန်အထိ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ၂၀၂၄ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲအကြောင်း ပြောရင် မဲရလဒ်တွေ ပေါ်ထွက် အပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ အစိုးရ အသစ်ကို အာဏာလွှဲပြောင်းပေးရေးက လူအများကြား အလေးထား ပြောစရာ ဖြစ်နေတာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။