ရီပတ်ဘလစ်ကန်ပါတီတွင်း အကြိုရွေးကောက်ပွဲတွေမှာ သမ္မတလောင်းနေရာ ဝင်အရွေးခံခဲ့တဲ့ Nikki Haley နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo တို့ကို လာမယ့်သူ့အစိုးရအဖွဲ့မှာပါဖို့ ကမ်းလှမ်းမှာ မဟုတ်ကြောင်း ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့က ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲ နောက်ဆုံးမဲရလဒ်တွေအရ Arizona ပြည်နယ်မှာ သမ္မတဟောင်း Donald Trump အနိုင်ရကြောင်း အမေရိကန် သတင်းဌာနတွေက တွက်ချက်အတည်ပြုခဲ့ကြတာကြောင့် အကြိတ်အနယ်ယှဉ် ပြိုင်ရမယ်လို့ ခန့်မှန်းထားတဲ့ ပြည်နယ် ၇ ခုစလုံးမှာ ရီပတ်ဘလစ်ကန်ပါတီက အနိုင်ရသွားပါပြီ။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန် အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ဆီက အဆိုပြုချက်ကို ရုရှားအစိုးရက နားထောင်ကြည့်မှာ ဖြစ်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ပြောပါတယ်။
နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်ပါတီက အပြတ်အသတ် အနိုင်ရခဲ့တဲ့နောက် စနစ်တကျ အာဏာလွှဲပြောင်း ပေးမယ်လို့ ကတိပြုထားတဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတဂျိုးဘိုင်ဒန်ဟာ အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ကို ဗုဒ္ဓဟူးနေ့မှာ အိမ်ဖြူတော်မှာ တွေ့ဆုံမှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူက စနေနေ့မှာ ပြောပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အခုအနိုင်ရထားတဲ့ Donald Trump နဲ့ လူသိများတဲ့ အီရန်နွယ်ဘွား အမေရိကန် သတင်းထောက်တယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ အီရန်က စီစဉ်ခဲ့တယ်လို့ အစိုးရရှေ့နေတွေ ပြောကြားလိုက်ပါတယ်။
ရွေးကောက်ခံ သမ္မတ Donald Trump ရဲ့ မဲဆွယ်အစီအစဉ်တွေမှာ နယ်စပ်လုံခြုံရေး၊ စီးပွားရေး ခိုင်မာကောင်းမွန်ရေးနဲ့ အမေရိကန် နိုင်ငံကို ပထမဦးစားပေး အဖြစ်ထားရှိရေးတွေ ပါဝင်ပါတယ်။ သူ့ရဲ့ ကတိစကားတွေက ထင်ရှားပေမဲ့လည်း ဒါတွေကို ဘယ်လိုလုပ်ဆောင်မလဲ ဆိုတဲ့ အသေးစိတ်ကတော့ တင်ပြထားတာနည်းပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အာဖရိကန်နွယ်ဘွား အမေရိကန် လူမည်းတချို့ရဲ့ လက်ကိုင်ဖုန်းတွေဆီ လူမျိုးရေးအရ နှိမ်ချစော်ကားတဲ့ အသိပေးစာတိုတွေရောက်လာတဲ့အပေါ် သက်ဆိုင်ရာက စုံစမ်းနေပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲ မဲရလဒ်တွေ ရေတွက်ပြီး ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက Donald Trump သမ္မတရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာလိုက်တဲ့အခါ နောက်ထပ်အရေးကြီးတဲ့ လုပ်ဆောင်စရာတွေ စပေါ်လာပါပြီ။
နိုဝင်ဘာ ၅ ရက်နေ့ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက အမေရိကန် အထက်လွှတ်တော်နေရာ အများစုကို ရသွားပါတယ်။ ဒီရလဒ်ဟာ ရွေးကောက်ခံ သမ္မတ Donald Trump တာဝန်ယူတဲ့အချိန် ဥပဒေပြုရေး ကိစ္စတွေ အောင်မြင်ဖို့အတွက် ပိုပြီးလွယ်ကူသွားစေပါလိမ့်မယ်။ Katherine Gypson ရဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ရွေးချယ်ခံသမ္မတ Donald Trump က သူရဲ့ မဲဆွယ်စည်ရုံးရေးအဖွဲ့ မန်နေဂျာ Susie Wiles ကို သမ္မတအိမ်ဖြူတော် အရာရှိချုပ်အဖြစ် ခန့်အပ်မယ်လို့ ကြေညာလိုက်ပါတယ်။ ဒါဟာ လာမယ့် ဇန်နဝါရီ ၂၀ရက်နေ့ ဖွဲ့မယ့် သူ့အစိုးရအဖွဲ့ဝင် တာဝန်ရှိသူတဦးကို ပထမဦးဆုံး ထုတ်ပြန် ကြေညာလိုက်တာပါ။
အရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့အစိုးရအဖွဲ့ရဲ့ အရေးပါတဲ့ ရာထူးတွေအတွက် ခန့်အပ်မယ့်သူတွေကို အမြန်ရွေးချယ်ဖို့ လုပ်နေသလို၊ သူ ဘယ်သူတွေကို ရွေးထားတယ်ဆိုတာကို ရက်ပိုင်းအတွင်းမှာပဲ ထုတ်ပြန်လာနိုင်ခြေ ရှိနေပါတယ်။ သူ့အစိုးရအဖွဲ့မှာ ဘယ်သူတွေကို ရွေးချယ်ရမယ်ဆိုတာ ဝိုင်းဝန်း ဆန်းစစ်နေကြတာပါ။
ရွေးချယ်ခံ သမ္မတ Donald Trump ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းရေး ချောချောမွေ့မွေ့ဖြစ်အောင် သူ့အစိုးရအဖွဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ဖြစ်ရမယ်လို့လည်း ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။