တက်စလာ (Tesla) ကုမ္ပဏီ အကြီးအကဲ အီလွန်မတ်စ်ဟာ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ အနိုင်ရရှိမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သူဖြစ်တာကြောင့် လာမယ့် သမ္မတသစ်လက်ထက် လျှပ်စစ်ကား လုပ်ငန်းရဲ့ အနာဂတ်ကို ဘယ်လို လွှမ်းမိုးသွားမလဲဆိုတာကို လျှပ်စစ်ကားလုပ်ငန်းလောကက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ထွက်လာတဲ့ စစ်တမ်းတွေမှာ ဒုသမ္မတ Kamala Harris နဲ့ သမ္မတဟောင်း Donald Trump အကြား မဲအရေအတွက် သိပ်မကွာတဲ့အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရနိုင်ခြေဖေါ်ပြကြပါတယ်။ ဒါပေမဲ့လည်း ထောက်ခံမဲတွေကို Donald Trump က အပြတ်အသက် အနိုင်ရသွားခဲ့ပါတယ်။
အမေရိကန် ရွေးကောက်ပွဲမှာ နယူးဟမ်ရှိုင်းယား ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် ရီပါဘလီကန် ပါတီက Kelly Ayotte ဖြစ်လာတဲ့အတွက် လာမယ့်နှစ်မှာ အမေရိကန် မှာ အမျိုးသမီး ပြည်နယ်အုပ်ချုပ်ရေးမှူး ၁၃ ယောက် အဖြစ် စံချိန်တင်လိုက်ပါတယ်။
သမ္မတဘိုင်ဒန် ဟာ စစ်ပြန်ဟောင်းကြီးတွေကို အိမ်ဖြူတော် မှာ လက်ခံတွေ့ဆုံခဲ့ပြီးနောက် အာလင်တန် စစ်သင်္ချိုင်းကို သွားရောက် လွမ်းသူ့ပန်းခွေ ချခဲ့တာဖြစ်ပါတယ်။ သမိုင်းဝင် ဒီ စစ်သင်္ချိုင်း ဟာ သမ္မတ ၂ ယောက် နဲ့ ဗိုလ်ချုပ်ကြီးတွေ အပါအဝင်၊ စစ်ပြန်ရဲဘော်တွေကို မြှုပ်နှံထားရာနေရာလည်း ဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေး ကို တာဝန်ယူမယ့် Thomas Homan ဟာ ယခင်က ရဲအရာရှိတာဝန်ယူခဲ့ဖူးသလို၊ နယ်စပ် လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ထရမ့် ရဲ့ ဦးစားပေး လုပ်ငန်းဖြစ်တဲ့ တရားဝင် စာရွက်စာတမ်း မရှိသူတွေကို အစု အပြုံလိုက် ပြန်ပို့ရေး လုပ်ငန်းကို မစ္စတာ သောမတ် ဟိုမန်းက ဦးဆောင်ရမှာပါ။
ရွေးကောက်ခံသမ္မတ Donald Trump က အစိုးရအဖွဲ့ ဖွဲ့စည်းရေး လုပ်ဆောင်နေချိန်မှာ သူ့ရဲ့ မဲဆွယ်စဉ်က ကတိတွေကို ဘယ်လို အကောင်အထည်ဖော်မလဲ၊ ရန်ဘက်တွေကို လက်စားချေမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။ တိုးတက်ရေးသမားတွေကတော့ ဒီမိုကရက်တစ်ပါတီ ရှုံးနိမ့်မှုအပေါ် ပြန်လည်သုံးသပ်နေကြပါတယ်။
စစ်မြေပြင်နဲ့ ဆက်စပ်နေရာတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့ စစ်ပြန်တွေကို စိတ်ဒဏ်ရာကုစားပေးဖို့ တာဝန်ထမ်းခွေးတွေနဲ့ အကူညီပေးနေတဲ့ အစီအစဉ်ကို အမေရိကန်နိုင်ငံ Kansas ပြည်နယ်အခြေစိုက် The Battle Within အဖွဲ့ က ဆောင်ရွက်နေပါတယ်။
အမေရိကန်အစိုးရအဖွဲ့အတွင်း လူသစ်ခန့်အပ်မှုတွေမှာ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်ရယူရတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းလဲပြီး အထက်လွှတ်တော်ရဲ့ အတည်ပြုချက်မလိုဘဲ သမ္မတရဲ့ သဘောနဲ့ခန့်ထားခွင့်ရဖို့ ရွေးကောက်ခံသမ္မတ Donald Trump က ရီပတ်ဘလစ်ကန် ပါတီဝင်အမတ်တွေကို ဖိအားပေးနေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ပလင်ကန်သမ္မတ Donald Trump က မဲအကြိတ်အနယ်ဖြစ်နေတဲ့ ပြည်နယ် ၇ ခုလုံးမှာ အနိုင်ရပြီး၊ တနိုင်ငံလုံး စုစုပေါင်း မဲအရေအတွက်မှာလည်း အသာရခဲ့ပါတယ်။
ရီပတ်ဘလစ်ကန်ပါတီတွင်း အကြိုရွေးကောက်ပွဲတွေမှာ သမ္မတလောင်းနေရာ ဝင်အရွေးခံခဲ့တဲ့ Nikki Haley နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo တို့ကို လာမယ့်သူ့အစိုးရအဖွဲ့မှာပါဖို့ ကမ်းလှမ်းမှာ မဟုတ်ကြောင်း ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့က ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲ နောက်ဆုံးမဲရလဒ်တွေအရ Arizona ပြည်နယ်မှာ သမ္မတဟောင်း Donald Trump အနိုင်ရကြောင်း အမေရိကန် သတင်းဌာနတွေက တွက်ချက်အတည်ပြုခဲ့ကြတာကြောင့် အကြိတ်အနယ်ယှဉ် ပြိုင်ရမယ်လို့ ခန့်မှန်းထားတဲ့ ပြည်နယ် ၇ ခုစလုံးမှာ ရီပတ်ဘလစ်ကန်ပါတီက အနိုင်ရသွားပါပြီ။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန် အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ဆီက အဆိုပြုချက်ကို ရုရှားအစိုးရက နားထောင်ကြည့်မှာ ဖြစ်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။