ရီပတ်ဘလစ်ကန် ဒုသမ္မတလောင်း JD Vance ဟာ Yale တက္ကသိုလ်က ဥပဒေဘွဲ့ရရှိခဲ့ပြီး သူ့ဇနီး Usha နဲ့ Yale မှာ တွေ့ဆုံခဲ့တာပါ။ Usha ဟာ အိန္ဒိယက ရွှေ့ပြောင်းအခြေချသူ ပထမမျိုးဆက် မိဘတွေက ဆင်းသက်လာသူဖြစ်ပြီး အခုအခါမှာ ဝါရှင်တန်ဒီစီနဲ့ ကယ်လီဖိုးနီးယားက ထိပ်တန်း ရှေ့နေအဖွဲ့တွေကနေ နုတ်ထွက်ခဲ့ပါတယ်။
လာမယ့် နိုဝင်ဘာလ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump နဲ့ ယှဉ်ပြိုင်ရာမှာ ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်းအဖြစ် Minnesota ပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz ကို ဒုသမ္မတ Kamala Harris က ရွေးချယ်လိုက်ကြောင်း အမေရိကန်သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။
ဒီမိုကရက်ပါတီ သမ္မတလောင်း ဒုသမ္မတ ကမ်မလာဟဲရစ် (Kamala Harris) ဟာ သူ့ရဲ့ ဒုသမ္မတလောင်း ဘယ်သူဆိုတာ ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ ကြေညာဖို့ ရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေ ပေါ်လာပေမဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဆက်လက် လက်ခံထားဖို့ အရေးကြီးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Matthew Miller က မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
အမေရိကန် ရွေးကောက်ပွဲ ကာလအတွင်း မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေ အများကြီးရှိလာခဲ့တာပါ။ ဒီလို အပြောင်းအလဲများလာတဲ့ ရွေးကောက်ပွဲကာလအတွင်း ဆိုရှယ်မီဒီယာကို အသုံးပြုပြီး ကိုယ်ထောက်ခံတဲ့ ကိုယ်စားလှယ်လောင်းအတွက် ဗီဒီယိုတွေလည်း အပြိုင်အဆိုင်တင်နေကြတာပါ။ Tina Trinh ရဲ့ သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုအခြေအနေတွေနဲ့ပတ်သက်ပြီး အမျိုးသားလုံခြုံရေးအကြံပေးအဖွဲ့နဲ့ တနင်္လာနေ့မှာ တွေ့ဆုံဖို့ရှိသလို ဂျော်ဒန်ဘုရင် Abdullah နဲ့လည်း တယ်လီဖုန်းဆက်ပြောဆိုဖို့ရှိပါတယ်။
အမေရိကန် ဒုသမ္မတ Kamala Harris ဟာ လာမယ့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရရက်တစ်ပါတီရဲ့ ဒုသမ္မတလောင်းအဖြစ် သူနဲ့အတူ ယှဉ်ပြိုင်မယ့်သူကို ရွေးချယ်ဖို့ လျာထားခံရသူ ၃ ဦးကို တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။
လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ထောက်ခံမဲရဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ ဒုသမ္မတ Kamala Harris ရဲ့ စည်းရုံးရေးအဖွဲ့က မဲဆွယ်ပွဲလုပ်ငန်းတွေ အရှိန်မြှင့်နေပါတယ်။
ရုရှားနိုင်ငံနဲ့ သမိုင်းဝင် အကျဉ်းသား လဲလှယ်ရေး အစီအစဉ်အရ အမေရိကန် နိုင်ငံသား ၃ ယောက် မနေ့က အမေရိကန်ပြည်ထောင်စုပိုင် နယ်မြေကို ပြန်ရောက်လာတဲ့အပေါ် ကြည်နူးဝမ်းသာ ဖြစ်ရတဲ့အကြောင်း သမ္မတ Joe Biden က မနေ့ကညနေ ဝါရှင်တန်မြို့တော်အနီး Andrews လေတပ်စခန်းမှာ ပြောဆိုပါတယ်။
တရားလိုရှေ့နေတွေ၊ တရားရုံးဝန်ထမ်းတွေနဲ့ သူ့တို့ မိသားစုတွေအပေါ် မဝေဖန်ရ တားမြစ်ချက်ရုပ်သိမ်းပေးဖို့ သမ္မတဟောင်းထရမ့်ရဲ့ လျှောက်ထားချက်ကို နယူးယောက် အယူခံတရားရုံးက ကြာသပတေးနေ့မှာ ပယ်ချလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားတန်ပြန်ထောက်လှမ်းရေး မဟာဗျူဟာကို သမ္မတဂျိုးဘိုင်ဒန်က ကြာသပတေးနေ့မှာ လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။ ရုရှား၊ တရုတ်၊ အီရန် နဲ့ မြောက်ကိုရီးယားတို့ဟာ ပြဿနာနိုင်ငံတွေဖြစ်ကြတယ်လို့ ဒီမဟာဗျူဟာက ပြောပါတယ်။
ရုရှားကအကျဥ်းချထားတဲ့ အကျဥ်းသား ၁၆ ဦးနဲ့ အနောက်နိုင်ငံတွေမှာအကျဥ်းချထားတဲ့ အကျဥ်းသား ၈ ဦး လဲတာကို အမေရိကန်က ကြာသပတေးနေ့မှာ အတည်ပြုလိုက်ပါတယ်။ သူတို့တွေ လွတ်မြောက်လာဖို့ သဘောတူညီချက်ရရှိတာဟာ အတိုင်းထက်အလွန် သံတမန်ရေးဆောင်ရွက်ချက် ဖြစ်တယ်လို့လည်း သမ္မတဂျိုးဘိုင်ဒန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။