ဒုသမ္မတ Kamala Harris က သူ အစိုးရရှေ့နေ ဘဝကစလို့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စတွေ ဆောင်ရွက်ခဲ့တာကို ထောက်ပြ မဲဆွယ်နေချိန်မှာ Donald Trump ကတော့ လက်ရှိအစိုးရ လက်ထက်မှာ နိုင်ငံထဲ ရွှေ့ပြောင်း ဝင်ရောက်သူဦးရေ စံချိန်တင် အများဆုံး ဖြစ်လာတယ်လို့ ဝေဖန်ပြီး နေရပ် ပြန်ပို့မယ်လို့ ကတိပြု ပြောဆိုနေပါတယ်။
၂၀၂၈ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အမေရိကန်ပြည်ထောင်စု Los Angeles မြို့ကို မနေ့က အိုလံပစ် အလံ ဆိုက်ရောက်လာပါတယ်။ အမေရိကန် အားကစားအသင်း Tracksuit ဝတ်ထားတဲ့ Los Angeles မြို့တော်ဝန် Karen Bass က ပြင်သစ်နိုင်ငံကနေ ဂျက်လေယာဉ်နဲ့ အလံကို သယ်လာခဲ့တာပါ။
တနင်္လာနေ့က ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump နဲ့ စီးပွါးရေးလုပ်ငန်းရှင် ကုဋေကြွယ်သူဋ္ဌေး Elon Musk တို့နှစ်ဦး တွေ့ဆုံမေးမြန်းခန်းကို Elon Musk ရဲ့ X လူမှုကွန်ယက်က တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ် နည်းပညာပိုင်းချို့ယွင်းမှုတွေကြောင့် ထုတ်လွှင့်မှု ကြန့်ကြာခဲ့ပါတယ်။
အမေရိကန် လူငယ်မဲတွေ နဲ့ ထရမ့် သို့မဟုတ် ဟဲရစ် သမ္မတ ဖြစ်လာနိုင်မလား၊ လူငယ်မဲဆန္ဒရှင်တွေ အကြား ထောက်ခံမှုတွေ၊ စိတ်အားတက်ကြွတာတွေ တိုးလာတာကို နှစ်ဘက်စလုံးက စီစဉ်သူတွေကတော့ မြင်ကြရပါတယ်။ ဒါပေမဲ့လည်း သမိုင်းမှတ်တမ်းတွေ အရတော့ လူငယ်တွေဟာ ရွေးကောက်ပွဲမှာ မဲလာပေးတာ နည်းပါတယ်။
ပဲ့ထိန်းဒုံးကျည်တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတစင်းနဲ့ တိုက်ခိုက်ရေးလေယာဉ်တွေကို တင်ဆောင်ထားတဲ့ USS Abraham Lincoln လေယာဉ်တင် သင်္ဘောကို အရှေ့အလယ်ပိုင်းဒေသကို အမြန်ဆုံးစေလွှတ်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က တနင်္ဂနွေနေ့က ပြောပါတယ်။
ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump က သူ့ရဲ့ အင်တာနက်စာမျက်နှာ ဖေါက်ထွင်းခိုးယူခံရကြောင်း ပြောပါတယ်။ ဒုသမ္မတ Kamala Harris နဲ့ ဒီမိုကရက် ဒုသမ္မတလောင်း အဖြစ် ရွေးချယ်ထားသူ Tim Walz တို့ဟာ ခုအခါ လှည့်လည် မဲဆွယ်စည်းရုံးနေပြီး စီးပွားရေးမူဝါဒနဲ့ ပတ်သတ်လို့ အဓိကထား ပြောဆိုရှင်းလင်းပါတယ်။
ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်း Tim Walz ရဲ့ တရုတ်ပြည်အတွေ့အကြုံတွေဟာ သူ ဒုသမ္မတ ဖြစ်လာတဲ့အခါ အသုံးဝင်လာနိုင်ပါတယ်။ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး Walz ရဲ့ ရပ်တည်ချက် နဲ့ ပတ်သက်ပြီး Anita Powell နဲ့ Paris Huang တို့ တင်ပြထားပါတယ်။ကိုငြိမ်းချမ်း က တင်ပြမှာပါ။
လာမယ့် နိုဝင်ဘာ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့် အမေရိကန် သမ္မတဟောင်း Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို အင်တာနက် ဟက်ကာတွေ ဖောက်ထွင်းတိုက်ခိုက်တာခံခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
နိုဝင်ဘာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲအပေါ် လွှမ်းမိုးနိုင်ဖို့ရည်ရွယ်တဲ့ အွန်လိုင်းတိုက်ခိုက်မှုတွေကို အီရန်က တိုးမြှင့်လုပ်ဆောင်နေတယ်လို့ Microsoft နည်းပညာကုမ္ပဏီကြီးက ဒီနေ့ သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ဖို့ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်းတွေဟာ အခုအခါမှာ လက်တွဲဖက် ဒုသမ္မလောင်းတွေကို ရွေးချယ်ပြီးပါပြီ။ ဒါပေမယ့်လည်း အခုလို ရွေးချယ်လိုက်တဲ့သူတွေဟာ လာမယ့် နိုဝင်ဘာမှာကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဘယ်လောက် အထောက်အကူ ဖြစ်မှာပါလဲ။
အမေရိကန်သမ္မတ ကိုယ်စားလှယ်လောင်းတွေဟာ သူတို့သာအာဏာရမယ်ဆိုရင် တိုင်းပြည်ကို ဘယ်လိုပုံစံမျိုးနဲ့ အုပ်ချုပ်မလဲ ဆိုတာ အမေရိကန်လူထုကို တင်ပြ သိမ်းသွင်းစည်းရုံးရပါတယ်။ ဒီထဲမှာ ငွေကြေးဖေါင်းပွပြီး ကုန်စျေးနှုန်းကြီးလာတဲ့ကိစ္စလည်း ပါဝင်ပါတယ်။
အီရန်နဲ့ အီရန်က ထောက်ပံ့နေတဲ့အဖွဲ့တွေ တိုက်ခိုက်လာနိုင်ခြေရှိနေတာကြောင့် သြဂုတ်လ ၈ ရက်မှာ F-22 တိုက်လေယာဉ်အုပ်စု ရောက်လာကြောင်း ဂျက်တိုက်လေယာဉ်တွေ ပုံကို အရှေ့အလယ်ပိုင်းဒေသ အမေရိကန်တပ်ဖွဲ့တွေကိုကွပ်ကဲတဲ့ အလယ်ပိုင်းစစ်ဌာနချုပ်က လူမှုမီဒီယာမှာ ပြသခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။