ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးတွေ ဖြစ်တဲ့ အမေရိကန်နဲ့ တရုတ် တင်းမာမှုတွေ လျော့ကျဖို့ ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan ဟာ တရုတ်နိုင်ငံကို ရောက်ရှိနေပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် ရီပါဗလစ်ကန် သမ္မတလောင်း Donald Trump နဲ့ ဒုသမ္မတလောင်း JD Vance တို့သာ ရွေးကောက်ပွဲနိုင်ရင် တနိုင်ငံလုံး ကိုယ်ဝန်ဖျက်ခွင့် ပိတ်ပင်ဖို့ လုပ်မှာ မဟုတ်ဘူးလို့ ဒုသမ္မတလောင်း JD Vance က ပြောလိုက်ပါတယ်။
၂၀၂၀ ခုနှစ်ကတည်းက အာရှနွယ်ဖွား အမေရိကန်တွေထဲက မဲပေးခွင့်ရတဲ့ မဲဆန္ဒရှင်ဦးရေဟာ အမေရိကန်မှာအမြန်ဆုံးတိုးလာနေတယ်လို့ Pew သုတေသနစင်တာက ဖော်ပြပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်မှာ မဲပေးနိုင်တဲ့ အာရှနွယ်ဖွား အမေရိကန် အများဆုံးရှိပြီး သူ့နောက်မှာတော့ နယူးယောက် နဲ့ တက္ကဆက်ပြည်နယ်ရှိပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကျပ်အတည်းတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြီးထွားလာနေတာနဲ့အမျှ လူနည်းစု တိုင်းရင်းသားတွေ၊ ဘာသာခြားတွေ အထူးသဖြင့် ရိုဟင်ဂျာတွေအတွက် အခက်အခဲတွေ ပိုတိုးလာနေတယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။
Hezbollah အဖွဲ့ကို လက်ဦးမှုယူ တိုက်ခိုက်မှုအဖြစ် အစ္စရေးက ပြောဆိုလိုက်ပြီး လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ ဒီကနေ့ အစောပိုင်း လေကြောင်းက အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။
မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယားစွမ်းအင် ပိုမိုအဆင့်မြင့်အောင် လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ ဩဂုတ်လ ၂၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ရုရှားက ယူကရိန်းကို ဖျက်ဆီးချင်ပေမယ့် စစ်ပွဲတွေ ရုရှားနိုင်ငံထဲကို ပြန်ရောက်လာနေပြီလို့ ယူကရိန်းသမ္မတ Volodymyr Zelensky က ဒီကနေ့ ဩဂုတ်လ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ ယူကရိန်းလွတ်လပ်ရေးနေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဆွေးနွေးဖို့ လာမယ့် သီတင်းပတ်ထဲမှာ တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း အစီစဉ်ကို သိထားတဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့ ရွေးကောက်ပွဲ ထပ်မပြိုင်တော့ဘူးလို့ ကြေညာအပြီး တလအကြာ Kamala Harris ဟာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ်လက်ခံမိန့်ခွန်းပြောပါတယ်။ သူ့ရဲ့ သမိုင်းမှတ်တမ်းနဲ့ နိုင်ငံအတွက် ရည်မှန်းချက်တွေကို ပြိုင်ဘက် ဖြစ်သူ သမ္မတဟောင်း Donald Trump နဲ့ နှိုင်းယှဉ်ပြောသွားပါတယ်။
နိုဝင်ဘာရွေးကောက်ပွဲမှာ ဝင်ပြိုင်ရမယ့်သမ္မတလောင်းအဖြစ် ပါတီရဲ့ ရွေးချယ်မှုကို လက်ခံကြောင်း Chicago မြို့မှာကျင်းပတဲ့ ပါတီညီလာခံနောက်ဆုံးနေ့ ကြာသပတေးနေ့ညက မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု အီလီနွိုင်းပြည်နယ် ချီကာဂိုမြို့တော်မှာ ကျင်းပနေတဲ့ ဒီမိုကရက်ပါတီညီလာခံရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာ ဒုသမ္မတ Kamala Harris က ပါတီသမ္မတလောင်းအဖြစ် တရားဝင်လက်ခံမိန့်ခွန်းပြောဆိုဖို့ရှိပြီး၊ အဲဒီ တပြိုင်တည်းမှာပဲ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ကနေ ရွေးကောက်ပွဲအထူးအစီအစဉ်အဖြစ် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ဒီအထူးအစီအစဉ်မှာ DNC ဒီမိုကရက်ပါတီညီလာခံ ပါတီသမ္မတလောင်းလက်ခံမိန့်ခွန်း တိုက်ရိုက်ထုတ်လွှင့်ချက်နဲ့အတူ၊ သုံးသပ်ချက်အစီအစဉ် ရွေးကောက်ပွဲသတင်းဆောင်းပါးတွေကိုပါ ထုတ်လွှင့်သွားပေးသွားမှာပါ။ ဒီအစီအစဉ်ကို ဗွီအိုအေ မြန်မာပိုင်းရဲ့ လူထုမိတ်ဆွေရုပ်သံချာနယ်နဲ့ ဗွီအိုအေ ဝက်ဆိုဒ်အပြင် ဗွီအိုအေမြန်မာပိုင်း Facebook နဲ့ Youtube လူမှုမီဒီယာတွေမှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။
ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ နောက်ဆုံးနေ့ဖြစ်တဲ့ ကြာသပတေးနေ့ညပိုင်းမှာ လက်ရှိ ဒုသမ္မတ ကမ်မလာဟဲရစ်က သမ္မတလောင်းအဖြစ် အဆိုပြုချက်ကို တရားဝင် လက်ခံကြောင်း မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ဟဲရစ်ပြောကြားမယ့် မိန့်ခွန်းမှာ အဓိက အကြောင်းအရာ ၃ ခု ပါဝင်မှာဖြစ်ကြောင်း တာဝန်ခံတဦးက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။