အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့ ရွေးကောက်ပွဲ ထပ်မပြိုင်တော့ဘူးလို့ ကြေညာအပြီး ဒီမိုကရက်တစ်ပါတီနိုင်ငံလုံးဆိုင်ရာ ညီလာခံ ပထမနေ့ မှာ မိန့်ခွန်းပြောပါတယ်။ သူ့သမိုင်းကို မြှင့်တင်ပြောကြားပြီး ဒုသမ္မတ Kamala Harris ကို ပါတီရဲ့ သမ္မတလောင်းအဖြစ် ချီးကျုး ပြောဆိုခဲ့ပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ဂါဇာဒေသ အပစ်ရပ်စဲရေး သဘောတူညီချက်အတွက် အမေရိကန်က ညှိနှိုင်းပေးထားတဲ့အဆိုပြုချက်ကို အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က သဘောတူ လက်ခံခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောလိုက်ပါတယ်။
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဒုသမ္မတ Kamala Harris အနေနဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump ကို အသာစီးရလာနေတဲ့အပေါ် သမ္မတ Joe Biden က မနေ့က စတင်တဲ့နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ DNC ညီလာခံမှာ ချီးကျူးပြောဆိုပါတယ်။
"‘တင်သွင်းခွင့်တားမြစ်ထားတဲ့ပစ္စည်းများ’ ဆိုပြီး ဘယ် brand ကိုမှ target မထားဘဲနဲ့ ingredient ထဲမှာကိုက ငါးခူတို့၊ ငါးတန်တို့၊ ငါးကျည်းတို့အသားတွေပါတဲ့အခါကျရင် အမေရိကန်နိုင်ငံကို တင်သွင်းခွင့်မပေးပါဘူးဆိုပြီးတော့ ထုတ်ပြန်ညွှန်ကြားထားတာဖြစ်ပါတယ်ရှင့်။" (မပြည့်ဖြိုးသန္တာ- ဟင်္သာကုမ္ပဏီအရောင်းမန်နေဂျာ)
အမေရိကန် USDA နဲ့ စစ်ဆေးမှုဌာန ( FSIS) ထုတ်ပြန်ချက်အတိုင်း မြန်မာပြည်ထွက် အသား၊ ငါး ပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းနေပြီး အမေရိကန် အစိုးရ စုံစမ်းစစ်ဆေးမှုတွေ နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အကြောင်း ဟင်္သာကုမ္ပဏီက အရောင်းမန်နေဂျာ မပြည့်ဖြိုး သန္တာက ပြောပါတယ်။ ကိုငြိမ်းချမ်းက မေးမြန်းထားပါတယ်။
ဒေသတွင်းကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က “ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အလွန်အပြုသဘောဆောင်တဲ့ အစည်းအဝေးမှာ အပစ်ရပ်တင်ပြချက်ကို အစ္စရေးလ်ဘက်က လက်ခံပါတယ်လို့ ဒီကနေ့ပဲ အတည်ပြုလိုက်ပါတယ်” ဆိုပြီး ဂျေရုဆလင်မ်မှာ သတင်းထောက်တွေကို တနင်္လာနေ့မှာ ပြောသွားပါတယ်။
၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီကိုယ်စားပြုသမ္မတလောင်းတွေဖြစ်တဲ့ ဒုသမ္မတ Kamala Harris နဲ့ ဒုသမ္မတလောင်း Tim Walz တို့ကို တရားဝင် ကိုယ်စားလှယ်လောင်းတွေအဖြစ် အတည်ပြုပေးဖို့အတွက် သမ္မတလောင်းရွေးချယ်ရေးဆိုင်ရာ ပါတီကိုယ်စားလှယ်တွေက အီလီနွိုက်ပြည်နယ် ချီကာဂိုမှာ ရောက်ရှိနေကြပါပြီ။
အမေရိကန် ပြည်ထောင်စု Chicago မြို့မှာ ဒီကနေ့ ကျင်းပမယ့် ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တက်ရောက်ဖို့ ကိုယ်စားလှယ်တွေ မနေ့ကစရောက်လာနေကြပါပြီ။ ဂါဇာဒေသမှာ အစ္စရေး စစ်ဆင်နေတာကို သမ္မတ Joe Biden နဲ့ ဒုသမ္မတ Kamala Harris က ထောက်ခံနေတဲ့အပေါ် ကန့်ကွက် ဆန္ဒပြသူတွေလည်း ရှိနေပါတယ်။
တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုခေါင်းဆောင်တွေဟာ Camp David ထိပ်သီးညီလာခံနှစ်ပတ်လည်အဖြစ်နဲ့ တနင်္ဂနွေနေ့က ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ဒေသတွင်းစိန်ခေါ်မှုတွေကို အတူတကွရင်ဆိုင်ဖြေရှင်းဖို့ ထပ်လောင်း ကတိကဝတ်ပြုကြတယ်လို့ တောင်ကိုရီးယားသမ္မတရုံးက ထုတ်ပြန်ပါတယ်။
ဂါဇာဒေသက ၁၀ လကြာ စစ်ပွဲ အဆုံးသတ်နိုင်မယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရနိုင်အောင် သံတမန်ရေးအရ တွန်းအားပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဒီကနေ့ အစ္စရေးကို သွားရောက်နေပါတယ်။
အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံက တင်သွင်းနေတဲ့ အစားအသောက်တွေထဲက တရားမဝင် ဝင်ရောက်လာတဲ့ အသားစည်သွပ်ဗူးနဲ့ မုန့်ဟင်းခါးအနှစ်တချို့ကို မစားသင့်ဘူးလို့ အမေရိကန်အစိုးရက သတိပေးလိုက်ပါတယ်။
Qatar နိုင်ငံ ဒိုဟာမှာ ထိပ်တန်းအမေရိကန်အရာရှိတွေ ပါဝင်တဲ့ ဂါဇာအပစ်ရပ်ဆွေးနွေးပွဲတွေ အလားအလာသိပ်ကောင်းပြီး လုပ်စရာတွေအများအပြားကျန်နေသေးပေမယ့် သဘောတူညီချက်တော့ ချက်ချင်းရနိုင်ဖွယ်မရှိဘူးလို့ အိမ်ဖြူတော်ပြောခွင့်ရ John Kirby က ကြာသပတေးနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။