ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာက စစ်ကောင်စီရဲ့ အနန်းကွင်း စစ်ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA/ PDF နဲ့ ဒေသခံ ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်နေရာမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း လက်နက်ချသူတွေ ပိုများ လာနေတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ပြောပါတယ်။
စစ်အာဏာရှင်စနစ်နဲ့ ဒေါက်တိုင်တွေကို အပြီးတိုင်ဖယ်ရှားပစ်မှသာ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ပြီး ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်မှာ ဖြစ်တယ်လို့ SNLD ပါတီ တည်ထောင်တာ ၃၆ နှစ်ပြည့်တဲ့ ဒီနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID က သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးကျွမ်းကျင် ပညာရှင်အဖွဲ့တစ်ဖွဲ့ အောက်တိုဘာလဆန်းပိုင်းက ရေဘေးသင့်ဒေသတွေကို သွားရောက်ခဲ့ပြီးနောက်မှာ အခုလို နောက်ထပ် အကူအညီပေးဖို့ ဖြစ်လာတာလို့ အမေရိကန် အစိုးရထုတ်ပြန်ချက်ကို ရန်ကုန်သံရုံး Facebook မှာ ဖော်ပြထားပါတယ်။
“မနက် လေးနာရီ ငါးနာရီလောက်က ကမ်းခြေမှာသောင်တင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တွေ့ခဲ့တဲ့အကြောင်းနဲ့ သူတို့ကို Pantai Labu ခရိုင်ခွဲရုံးကို ခေါ်လာတဲ့အကြောင်း၊ ဒေသခံတွေက လက်မခံချင်ပေမဲ့ လိုအပ်တာတွေ ဆောင်ရွက်ပေးနေတဲ့အကြောင်း” အင်ဒိုနီးရှားဒေသအာဏာပိုင်က ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံကနေ တင်လာသွင်းတဲ့ ကြက်သား၊ ဘဲသားနဲ့ အသားမျိုးစုံ ထုတ်ကုန်ပစ္စည်းတွေဟာ တရားမဝင်ကြောင်းနဲ့ စားသုံးဖို့ မသင့်ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနအောက်က စားသောက်ကုန်ဘေးကင်းလုံခြုံရေးနဲ့ စစ်ဆေးရေးဌာန FSIS က သတိပေးတားမြစ်လိုက်ပါတယ်။
ဒေသတွင်း ငြိမ်းချမ်း တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးကို မြှင့်တင်ဖို့ ကြိုးစားနေတဲ့ မလေးရှားနိုင်ငံက ရှေ့နှစ် ၂၀၂၅ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့်အပေါ် ထောက်ခံကြောင်း အမေရိကန်ပြည်ထောင်စုနဲ့ မလေးရှား နှစ်နိုင်ငံ အဆင့်မြင့် အရာရှိတွေရဲ့ ဆွေးနွေးပွဲအပြီး ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိတဲ့ အမ်းမြို့နယ်မှာ နေရာတော်တော်များများကို AA အာရက္ခတပ်တော် ဘက်က ဝိုင်းရံပိတ်ဆို့ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်တပ်ဘက်ကလည်းလေကြောင်းကနေ အပြင်းအထန်ခုခံနေပါတယ်။
MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မြို့တော် လားရှိုးမြို့ကို စစ်ကောင်စီက ဒီကနေ့ နေ့ခင်း ၁နာရီကနေ ၂နာရီအကြားမှာ လေကြောင်းကနေ ၅ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။
တရုတ်နဲ့ ထိုင်းကဝင်တဲ့ နယ်စပ်သွင်းကုန် အများစုကို ကန့်သတ်လိုက်ချိန် အမေရိကန်ဒေါ်လာဈေးလည်း ပြည်တွင်းမှာ တက်ရိပ်ပြလာတဲ့အတွက် ကုန်စည်ကန့်သတ်မှုက ပြည်တွင်းမှာ ရွှေနဲ့ ဒေါ်လာဈေးအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ ခန့်မှန်းတွက်ချက်နေကြတာပါ။
မနက် ၄ နာရီလောက်က အမှတ် ၁၀ ရပ်ကွက်မှာ အမြင့် ၈ ပေ၊ အလျား ပေ ၁၅၀ လောက်ရှိတဲ့ အုတ်တံတိုင်းတခု ပြိုကျပြီး၊ အဲဒီဘေးမှာအိပ်တဲ့ အမျိုးသား ၁ ယောက်သေဆုံးခဲ့တဲ့အပြင် နောက် ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ခဲ့သူတွေက ပြောပါတယ်။
နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အစိုးရယန္တရားပျက်အောင် လူမှုကွန်ရက်စာမျက်နှာကနေ လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သားမက်ဟောင်းလည်းဖြစ် အငြိမ်းစား စစ်ဗိုလ်မှူးဟောင်းလည်းဖြစ်သူ ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်း အဓိကအားထားနေရတဲ့ အင်းလေဒေသမှာ ရေဘေးကြောင့် ပြန်လည်ထူထောင်ရေးအတွက် ရုန်းကန်နေကြပါတယ်။ လာမယ့်ပွင့်လင်းရာသီမှာ ခရီးသည်တွေ လာရောက်လည်ပတ်ဖို့ကို မျှော်လင့်နေကြပြီး ပျက်စီးသွားတဲ့စိုက်ခင်းတွေကိုလည်း နွေရာသီကျမှသာ လုပ်ကိုင်နိုင်တော့မယ်လို့ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်