ပုလောမြို့နယ်၊ ကျောက္ကာရွာကနေ မြိတ်ကိုသွားမယ့် စက်လှေတိမ်းမှောက်မှု သေဆုံးသူ ၁၇ လောင်း ဆယ်ယူရရှိထားတယ်လို့ ရှာဖွေနေသူတွေက VOA ကို ပြောပါတယ်။ ပုလောမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ကားလမ်းပုံမှန်အသုံးပြုမရချိန်မှာ ရေလမ်းကြောင်းကနေ သွားလာကြရင်း လူအယောက် ၉၀ ကျော် လှေမှောက်တဲ့အခြေအနေ ကြုံတွေ့ခဲ့ရတာပါ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA (ဗဟို)ဌာနချုပ်ကို ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းအစပ်မှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံအများစု တိမ်းရှောင်နေကြရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အမ်းမြို့နယ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့် ဒေသခံ ၄ဦး သေဆုံးပြီးတော့ ၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုန်တိုင်းငယ်အဖြစ် (အဝါရောင်အဆင့်)ကနေ အားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်း အသွင်ပြောင်း တိုက်ခတ်လာနိုင်တဲ့အတွက် အထူးသတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနက သတိပေးနှိုးဆော်နေပါတယ်။
တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကချင်ပြည်နယ် ကန်ပိုက်တီမြို့အနီးရှိ နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၀၃ကို KIA ပူးပေါင်းတပ်တွေက သိမ်းယူလိုက်နိုင်တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံက အတည်ပြုပါတယ်။
မြန်မာတနိုင်ငံလုံး ရေကြီးရေလျှံခဲ့ပြီးတဲ့နောက် တချို့နေရာတွေမှာ စပါးအထွက်နှုန်း ထက်ဝက်လောက် ကျသွားလို့ စပါးဈေးလည်း တက်စပြုလာပါတယ်။ စစ်ကောင်စီက ဆန်ဈေး၊ စပါးဈေးကို ထိန်းချုပ် ထားပေမဲ့ ဈေးကွက်မှာတော့ စပါးဈေးကောင်းရင်တောင် လယ်သမားတွေ အဆုံးအရှုံးများတဲ့နှစ်လို့ အများစုက ပြောဆိုနေကြတာပါ။
ကရင်ပြည်နယ်အတွင်းမှာ မြဝတီခရိုင်ထဲက စစ်တပ်စခန်း ၄ ခုလောက်ကို KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေဆီမှာ ဒီရက်ပိုင်းအတွင်း လက်လွှတ်ခဲ့ရတဲ့နောက်မှာ စစ်ကောင်စီတပ်တွေဟာ ကော့ကရိတ်ကနေ မြဝတီဘက်ကို စစ်တပ်အားဖြည့်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
NLD ပါတီဝင်တချို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်ဆိုတဲ့ သတင်း ထွက်နေတဲ့အပေါ် လက်ရှိပါတီ ဗဟိုကော်မတီဝင်တဦးလည်းဖြစ်၊ ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဒေါက်တာမျိုးညွန့်က မဟုတ်မှန်ကြောင်း ငြင်းလိုက်ပါတယ်။
စစ်ရေးပဋိပက္ခတွေကြောင့် ဒေသမတည်ငြိမ်သေးတဲ့ ချင်းပြည်နယ် ဟားခါးမြို့မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ၃ဆ မြင့်တက်လာနေတဲ့အတွက် ဒေသခံတွေ အခက်ကြုံနေရတယ်လို့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။
ရုရှားရေတပ်က ထောက်ပံ့ရေး ရေယာဉ်တစီးအပါအဝင် ကော်ဗက်စစ်ရေယာဉ် လေးစီး မြန်မာနိုင်ငံ သီလဝါ ဆိပ်ကမ်းကို မနေ့က ရောက်လာပြီး နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်မယ်လို့ မြန်မာစစ်ကောင်စီက ကြေညာထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့ မီဒီယာသမားတွေကို အကူအညီပေးမယ့် အစီအစဉ်တခုကို ပြင်သစ်နိုင်ငံက နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ထိုင်းနိုင်ငံမှာ စတင်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်