NLD ပါတီဝင်တချို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်ဆိုတဲ့ သတင်း ထွက်နေတဲ့အပေါ် လက်ရှိပါတီ ဗဟိုကော်မတီဝင်တဦးလည်းဖြစ်၊ ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဒေါက်တာမျိုးညွန့်က မဟုတ်မှန်ကြောင်း ငြင်းလိုက်ပါတယ်။
စစ်ရေးပဋိပက္ခတွေကြောင့် ဒေသမတည်ငြိမ်သေးတဲ့ ချင်းပြည်နယ် ဟားခါးမြို့မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ၃ဆ မြင့်တက်လာနေတဲ့အတွက် ဒေသခံတွေ အခက်ကြုံနေရတယ်လို့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။
ရုရှားရေတပ်က ထောက်ပံ့ရေး ရေယာဉ်တစီးအပါအဝင် ကော်ဗက်စစ်ရေယာဉ် လေးစီး မြန်မာနိုင်ငံ သီလဝါ ဆိပ်ကမ်းကို မနေ့က ရောက်လာပြီး နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်မယ်လို့ မြန်မာစစ်ကောင်စီက ကြေညာထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့ မီဒီယာသမားတွေကို အကူအညီပေးမယ့် အစီအစဉ်တခုကို ပြင်သစ်နိုင်ငံက နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ထိုင်းနိုင်ငံမှာ စတင်လိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားရာ နောင်ချိုနဲ့ နမ့်ဆန်မြို့ ၂နေရာကို ဒီကနေ့ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာကနေ မြိတ်မြို့ကိုသွားမယ့် စက်လှေတိမ်းမှောက်မှုမှာ ၃ လသားအရွယ် ကလေးတဦး အပါအဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။
မန္တလေးမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ရုံးကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တိုက်ခိုက်ခံရမှုအတွက် စုံစမ်းဖော်ထုတ်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။
ရက်ပိုင်းအတွင်းမှာပဲ ဆိုင်ကလုန်းမုန်တိုင်းအသွင်ပြောင်းပြီး ရန်ကုန်အပါအဝင်နေရာအများစုမှာ မိုးများ ရေကြီး လှိုင်းထန်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ အောက်တိုဘာလ ၂၁ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်သတိပေးလိုက်ပါတယ်။
ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာကို ဒီကနေ့ မနက်ပိုင်း ၂နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အရပ်သား ၅ဦးထက်မနည်း သေဆုံးပြီး တော်တော်များများ ဒဏ်ရာအပြင်းအထန်ရ သွားကြတယ်လို့ ရခိုင်ဒေသခံတွေက ဗွီအိုအေကို အတည်ပြုပါတယ်။
ထိုင်းနိုင်ငံဟာ BRICS အဖွဲ့ ထဲကိုဝင်ဖို့ကြိုးစားနေပြီး အဖွဲ့ဝင်ဖြစ်လာမယ်ဆိုရင် ကုန်သွယ်ရေးနဲ့ စီးပွါး ရေးဆိုင်ရာ အခွင့်အလမ်းတွေမှာ အပြန်အလှန် အကျိုးရှိနိုင်တယ်လို့ ထိုင်း-ဒုဝန်ကြီးချုပ် အနုတင် ကျန်ဗီရကွန် Anutin Charnvirakul က ပြောပါတယ်။
စစ်ကောင်စီ ကာကင်းစခန်းသုံးခုကို မဟာမိတ်ညီနောင်ပူးပေါင်းတပ်များ အောက်တိုဘာလ ၂၀ရက်နေ့မှာ သိမ်းပိုက်ရရှိကြောင်း ကော်ဘရာစစ်ကြောင်း(၂) Venomစစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ် နယ်မြေရှင်းလင်းနေတဲ့ ဘုတလင်မြို့နယ်ထဲက စီပါကျေးရွာမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေတွေ့ရှိရပြီး နေအိမ် ၂၀၀ နီးပါးလည်း မီးရှို့ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ အများအပြားလည်း စစ်ဘေးတိမ်းရှောင်နေပြီး အကူအညီတွေ လိုအပ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်