ရှေ့နှစ်ထဲ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲတွေအပေါ် စိုးရိမ်မိကြောင်းလည်း အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink က VOA ကို ဒီနေ့ပဲ ပြောခဲ့တာပါ။
မြန်မာ့နိုင်ငံအရေး ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အဖွဲ့ဝင်နိုင်ငံတခုတည်းရဲ့ သဘောထား မဟုတ်ဘဲ အာဆီယံအဖွဲ့ကြီးက လက်ခံထားတဲ့ ဘုံသဘောညီချက် ဖြစ်တဲ့အတွက် လိုက်နာ ဆောင်ရွက်ဖို့ လိုတဲ့အကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံဆွေးနွေးပွဲမှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
လာအိုနိုင်ငံ ဗီယန်ကျင်းမှာ ဒီကနေ့ စတင်ဖွင့်လှစ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဒေသတွင်း နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို နိုင်ငံခြားရေး၀န်ကြီးတွေ စတင်ဆွေးနွေးခဲ့ကြပါတယ်။ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတွေကို အာဆီယံ အနေနဲ့ ရင်ဆိုင်နေရကြောင်း လာအိုနိုင်ငံခြားရေး၀န်ကြီးက ပြောကြားခဲ့ပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာ နှစ်နိုင်ငံ နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရာမှာ အရေးပါတဲ့ ကဏ္ဍက ပါဝင်တဲ့သူ တဦး ဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိတ်ဖိတ်ရေးရာဗျုရိုက ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်မှာရှိတဲ့ ဟိုတယ်တခုမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ တလလောက်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး အခုနောက်ဆုံး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဈာပနကို မန္တလေးမှာ စည်စည်ကားကား ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ တဦးလည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ စွမ်းဆောင်ခဲ့မှုတွေကိုလည်း အများက သတိရနေကြပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်မှာ မနေ့ညက စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မလေးရှားနိုင်ငံ၊ Selangorပြည်နယ် ရှားအလန်းမြို့နဲ့ ဆရင်ဘန်းမြို့တွေမှာအောက်တိုဘာလ ၅ ရက်က အော်ပရာစီစစ်ဆင်ရေးလုပ်ရာမှာ မြန်မာနိုင်ငံသား ၈၆ ဦးအပါအဝင် နိုင်ငံခြားသား ၆၀၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီလိုဖမ်းဆီးချိန်မှာ ထွက်ပြေးရင်းရထားတိုက်မိလို့ မြန်မာအမျိုးသမီးတဦး သေဆုံးသွားခဲ့ ပါတယ်။
"Non-CDM မို့လို့ ဖမ်းဆီးအရေးယူတာ မဟုတ်ဘူး။ Non-CDM အဖြစ်နဲ့နေတာကို မပြောဘူးပေါ့နော်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဖြစ်တဲ့ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်ပတ်သက်လာတဲ့အတွက် ဖမ်းဆီးတာဖြစ်တယ်။ တခြား ဆရာ၊ ဆရာမတွေလည်း အများကြီးရှိသေးတယ်။ အဲတော့ ဒီလုပ်ငန်းစဉ်ထဲမှာမပါဝင်ဖို့ ပြောချင်တယ်ခင်ဗျ။" (လောင်းလုံးပကဖ)
ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ် ဖုံသာချောင်းဒေသက ကျေးရွာ ၁ဝ ကျော်မှာ လက်ရှိအချိန်ထိ နေထိုင်စားသောက်ရေး ကျန်းမာရေးစတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
ကျားဖြန့်ဒုစရိုက်ထက် စစ်တပ်ကို တရုတ်ကျားကန်ပေးဟု ဝေဖန်ခံရ “မေးမြန်းခန်း" တရုတ်ဟာ ကျားဖြန့်နှိမ်နင်းဖို့ထက် စစ်တပ်ပြုတ်မကျရေး ပိုအလေးပေးလာတယ်လို့ အမေရိကန် ငြိမ်းချမ်းရေးသိပ္ပံက မြန်မာ့အရေးသုတေသီ ဂျေဆင်တာဝါက ထောက်ပြပါတယ်။
ပဋိပက္ခတွေကို ဖြေရှင်းရာမှာလည်း လာမယ့်နှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမယ့် မလေးရှားနိုင်ငံနဲ့ လက်တွဲပြီး သံတမန်နည်းလမ်းတွေနဲ့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်