မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ မန္တလေးမြို့က ကောင်စစ်ရေးရာဌာ မနေ့ အောက်တိုဘာ ၁၈ ရက် သောကြာနေ့ ညနေပိုင်းက တိုက်ခိုက်ခံခဲ့ရပါတယ်။ ကျုံးတောင်ဘက်မှာရှိတဲ့ တရုတ်ကောင်စစ်ရုံးဝန်းထဲမှာ မနေ့က ညနေစောင်းပိုင်းမှာ ပေါက်ကွဲသံ ကြားခဲ့ရပြီး ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်း စစ်ကြောင်းထိုးခံနေရတဲ့ ဘုတလင် နယ်တဝိုက်က ကျေးရွာတွေ မီးဆက်ရှို့ခံနေရပြီး၊ အဲဒီ စစ်တပ်စစ်ကြောင်းကိုလည်း ကာကွယ်ရေးတပ်တွေက ပြန် မိုင်းဆွဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ မဲကမ်ဆာကျေးရွာအုပ်စု Ban Mae Kuet Sam အိမ်ယာဝန်းမှာ မြန်မာနိုင်ငံ ဘက်ကိုပို့မယ် မူးယစ်ကုန်ကြမ်း ဓါတုဆေးဝါးတန်ချိန် ၈၃၀ ကိုဖမ်းမိသိမ်းဆည်း နိုင်ခဲ့ကြောင်း ထိုင်းအမှတ်(၆)ဒေသ မူးယစ်နိမ်နင်းရေးဗျူရိုက သတင်းထုတ်ပြန်ခဲ့ပါတယ်၊
မြန်မာနိုင်ငံ ဘက်ကိုပို့မယ် မူးယစ်ကုန်ကြမ်း ဓါတုဆေးဝါးတန်ချိန် ၈၃၀ ကို အောက်တိုဘာလ ၁၇ ရက်နေ့က ဂိုဒေါင်တခုမှာ ဖမ်းမိခဲ့တာပါ။ မဲဆောက်က အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးကတော့ ထိုင်းအာဏာပိုင်တွေ မူးယစ်ကုန်ကြမ်းတွေ ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ အခုလိုပြောပြပါတယ်။
"မနေ့က ပျောက်ကြားဝင်ပစ်တယ်လေ။ သူတို့ စစ်ကောင်စီ အထိုင်ချထားတဲ့ နေရာတွေပေါ့။ မနက်ခင်းက တပွဲပစ်တယ်။ ၁ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရတယ်။ မနက်ပိုင်းပစ်ပြီး ညပိုင်း သတင်းကျွတ်(လပြည့်)ဆိုပြီး ဝင်လုပ်ကြတယ်။(လေယာဉ်က) ပစ်ပြီး ဆုတ်သွားတဲ့ အချိန်မှာကြဲတာပေါ့။"
အမေရိကန်အပါအဝင် အနောက်နိုင်ငံအများစုမှာ ဆောင်းဦးပေါက် ပထမဆုံးလပြည့်ချိန် အမဲလိုက်ဖို့ အကောင်းဆုံး အလင်းရောင်ရတဲ့ လပြည့် ညမျိုး ဖြစ်နေတတ်တာကြောင့် hunter moon လို့လည်း ခေါ်လေ့ရှိပါတယ်။ ဒီလို အတောက်ပဆုံး လဝန်းကြီးကို ၃ ရက်လောက် ကမ္ဘာမြေက မြင်တွေ့ရမယ်လို့ NASA က ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံတဝန်း အောက်တိုဘာလ ၁ ရက်နေ့က စတင်တဲ့ ၁၅ ရက်ကြာ သန်းခေါင်စာရင်း ကောက်ယူတာတွေ ဒီသီတင်းပတ်ထဲ အဆုံးသတ်သွားပေမဲ့ လက်တွေမှာ အပြီးစီးတဲ့ ဒေသတွေ အများအပြား ကျန်နေတာကြောင့် နောက်ထပ် ၁၅ ရက်ထပ်တိုး သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီ လဝက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
တနင်္သာရီတိုင်း ပုလောမြို့နယ်ထဲမှာ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြောင့် မြိတ်မြို့နဲ့ ပုလောမြို့ကြားက ပြည်ထောင်စုကားလမ်းမကြီးမှာ ကားတွေ ရှေ့ဆက်မသွားနိုင်ဘဲ ပိတ်မိနေကြပါတယ်။ ဒီကားလမ်းမှာ မိုင်းနင်းမိလို့ ယာဉ်မောင်းတဦး ဒဏ်ရာပြင်းထန်စွာ ရခဲ့ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က စစ်ကောင်စီလက်ကျန် တပ်စခန်း နခခ ၅ ကို အာရက္ခတပ်တော် AA က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းကဗုံးကြဲနေပြီး စစ်ရေးပြင်းထန်နေပါတယ်။ အမ်းနဲ့ ဂွမြို့နယ်ဘက်တွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေသလို စစ်ဘေးရှောင်တွေ ဖမ်းဆီးခံနေရပါတယ်။
ထိုင်းနိုင်ငံ Chumphon ခရိုင်မှာ လူမှောင်ခိုတွေ ပြွတ်သိပ်တင်လာတဲ့ ကုန်တင်ကားထဲမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၂ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ လူမှောင်ခိုသမားတွေလို့ ယူဆရသူ နှစ်ဦးကိုလည်း ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့လည်း ထိုင်းရဲက ပြောပါတယ်။
ဒေါ်ရွက်နုအောင်ဟာ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ တရားစီရင်ရေး ပေါ်ထွန်းလာအောင် ကြိုးပမ်း လုပ်ဆောင်ခဲ့သလို နိုင်ငံရေး အကျဉ်းသားတွေရဲ့ တရားရေးဆိုင်ရာ အခွင့်အရေးတွေ ရရှိဖို့ အားထုတ် ကြိုးပမ်းခဲ့တာကြောင့် ဂုဏ်ပြု ချီးမြှင့်တာ ဖြစ်တယ်လို့ ဥရောပ အခြေစိုက် IDHAE အဖွဲ့က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA တအာင်းတပ်တွေထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ပေါ် စစ်တပ်က အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်မှာ နာရီနဲ့ချီ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ လူနေအိမ်တွေ ပျက်စီးသွားပေမဲ့ ထိခိုက် သေဆုံးသူ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်