ဒီကနေ့ ကျရောက်တဲ့ သီတင်းကျွတ်လပြည့် အခါသမယမှာ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို စာနာ နားလည်ပြီး လိုအပ်တဲ့ လူသားချင်းစာနာ ကူညီမှုတွေ ဆက်ပေးသွားမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။
သီတင်းကျွတ်လပြည့်နေ့ မနက်ခင်းဝေလီဝေလင်းအချိန်မှာ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒေသခံတချို့ အသတ်ခံထားရပြီး ဒါဇင်နဲ့ချီ ဖမ်းဆီးခံထားရဆဲအချိန်မှာ အိမ်တွေ မီးရှို့ခံရတာဖြစ်ပါတယ်။
ကရင်နီဒေသမှာ ရေဘေးသင့်လို့ ရေမြှုပ်ပျက်စီးသွားတဲ့ စပါးစိုက်ခင်း လယ်ဧက ၇၀၀၀ကျော်အတွက် မျိုးစေ့အခက်အခဲနဲ့ ငွေကြေးအခက်အခဲ ဖြစ်နေပြီး စစ်ရေးပဋိပက္ခတွေပါပြင်းထန်နေဆဲ ကရင်နီဒေသ စစ်ရှောင်နဲ့ဒေသခံတွေအတွက် လာမယ့်နှစ် စားနပ်ရိက္ခာ ပြတ်လပ်မယ့် အခြေအနေ ဆိုက်ရောက်နေပါတယ်။
စစ်ကောင်စီရဲ့ လေ့ကေကော့မှာ အဓိကစစ်ရေးအရ အချက်အခြာကျတဲ့ လက်နက်ခဲယမ်းအများအပြား သိုလှောင်ထားတဲ့ လက်နက်ကြီးဗျူဟာစစ်စခန်းကြီး ကို KNLA /PDF ပူးပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်းအပါအဝင် တခြား PDF ပူးပေါင်းစစ်ကြောင်းတွေက ပူးပေါင်းပြီး သိမ်းပိုက်လိုက်နိုင်တာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးစိုးရိမ်မှုတွေကြောင့် အရင်ကလို သီတင်းကျွတ် မီးထွန်းပွဲတော်တွေ မီးမျှောပွဲတော်တွေ နည်းသွားသလို၊ ခရီးသွားဧည့်သည်တွေ လာကြလေ့နေရာတွေမှာလည်း ဒီနှစ် ခြောက်ကပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
"ဖမ်းဆီးခံရတာကတော့ ထိုင်းနိုင်ငံကိုသွားဖို့ ကားငါးစီးနဲ့ထွက်လာတာကိုပစ်ခတ်ပြီး နောက်က လိုက်လာတာ။ အများကြီးပဲ လူ ၂၀၀ ကျော်လောက်ရှိတယ်။ မွန်ဒေသကလူတွေချည်းပဲ ၁၈၀ လောက် ရှိတယ်။ တခြားက ရခိုင်တွေပါတယ်။ ချင်းတွေလည်း ပါတယ်။" (လွတ်မြောက်လာသူ လူငယ်)
မြန်မာနိုင်ငံမှာ 5G မိုဘိုင်းစနစ်တပ်ဆင်နိုင်အောင် အိန္ဒိယက အကူအညီပေးမယ်လို့ အိန္ဒိယ ကူးသန်း ရောင်းဝယ်ရေးဌာန တွဲဘက်အတွင်းဝန် Siddharth Mahajan က ဗုဒ္ဓဟူးနေ့မှာပြောကြောင်း အိန္ဒိယ Times စီးပွါးရေး သတင်းမှာ ဖေါ်ပြထားပါတယ်။
"သာယာဝတီကိုရောက်ပြီး တနှစ်ကျော်အကြာမှာ နေမကောင်းတာ ခဏခဏဖြစ်တယ်။ ထောင်ဆေးရုံ ပြတယ်။TB ဆိုပြီး ထောင်ဆရာဝန်က ပြောတယ်။ ၃-၄လ ကြာ TBဆေးသောက်ပေမယ့်မသက်သာလို့ ထောင်ပြင်ပဆေးရုံမှာဆေးစစ်တော့မှ အသည်းရောဂါ ဖြစ်နေတယ်လို့ သိရတယ်ဆိုပြီး အကျဉ်းဦးစီးကဝန်ထမ်းတွေက ကျနော်တို့ကိုပြောပြပါတယ်။" (ကိုသိုက်ထွန်းဦး-PPNM)
အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ အဖွဲ့ဝင်အားလုံး ဆုံးဖြတ်တဲ့ လုပ်ငန်းစဥ်က ရှေ့မရောက်လို့ သက်ဆိုင်တဲ့ နိုင်ငံတချို့နဲ့ ဆုံးဖြတ်ချက်တွေ ပိုထိရောက်အောင် လုပ်ဖို့ လိုနေတယ်လို့ အာဆီယံအရေး ကျွမ်းကျင်သူတဦးက ထောက်ပြလိုက်ပါတယ်။ Lowy Institute က ဒေါက်တာ အဗ္ဗဒူရာမန်ယာကုပ်ကို ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက လာရောက်မယ့်သူတွေကို ပြည်ဝင်ခွင့် လွယ်လွယ်ကူကူနဲ့ ဝင်ရောက်နိုင်မယ့် အစီအစဉ်တွေ ချမှတ်သွားမယ့်အကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှုး John Lee က ပါလီမန်မှာ ပြောကြားတဲ့ မူဝဒါဆိုင်ရာ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
မြန်မာနဲ့ တရုတ်နိုင်ငံတွေဟာ ကမ္ဘာမှာ အင်တာနက် လွတ်လပ်ခွင့် အဆိုးရွားဆုံး ချိုးဖေါက်တဲ့နိုင်ငံတွေ ဖြစ်တယ်လို့ Freedom House အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
မြန်မာ့အရေး အရေးပေါ် အခြေအနေ တင်ပြချက်နဲ့ အဆိုပြုချက်ကို ထိုင်းနိုင်ငံက ထောက်ခံဆွေးနွေးနေပြီး ဒီလို ပါဝင်တာဟာ မြန်မာ့အရေး ထိုင်းနိုင်ငံရဲ့ ကြားနေရပ်တည်ချက်ကို ပြောင်းလဲတာ မဟုတ်တဲ့အကြောင်း ထိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Russ Jalichandra က ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်