မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးငယ်တွေ လူကုန်ကူးခံရတဲ့ အခြေအနေဟာ သိပ်ကို ဆိုးရွားနေတယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်တယ်။
စစ်ကောင်စီက နိုင်ငံရေးအရ ဖြေရှင်းဖို့ ကမ်းလှမ်းချက်မှာ လက်မခံနိုင်တဲ့ အချက်တွေပါတာကြောင့် ဆက်ပြီးတော့ လက်နက်ကိုင် ဆက်တိုက်ခိုက်သွားမယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးက ပြောလိုက်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်မှာ KNU ပြောခွင့်ရ ဖဒိုစောတောနီးကို မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
အောက်တိုဘာလထဲ မြန်မာနိုင်ငံမှာ အာဆီယံ အရှေ့တောင် အာရှနိုင်ငံများ အသင်းရဲ့ ဆက်စပ် အစည်းအဝေး ၁၉ ခုကို မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်နေတာကို ကန့်ကွက်တဲ့အကြောင်း မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ Defend Myanmar Democracy အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
“ တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာကို နိုဝင်ဘာလ ၄ ရက် ကျနော်တို့ ရခိုင်စကား နဲ့ဆိုရင်တော့ မနက်အစောကြီးပေါ့နော်၊ အာရုံတက်ချိန်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ တစီးနဲ့လာပြီးတော့ ဗုံးကြဲသွားတာ။ အဲဒီမှာ အရပ်သား ကလေးတဦးအပါအဝင် ၄ ဦးသေ ဆုံးတယ်။၁၃ ယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်။”
ရှမ်းပြည်နယ်ထဲမှာ MNDAA ကိုးကန့်တပ် သိမ်းထားတဲ့ လားရှိုးမြို့ပေါ် စစ်တပ်က ဒီနေ့ ဗုံးကြဲတာဟာ အရင်ထက် ပိုမိုပြင်းထန်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ကွမ်ရင်ဘုရားကျောင်းတခုနဲ့ အဆောက်အဦးတချို့ ပျက်စီးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ပြင်းထန်လှတဲ့ ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး နိုင်ငံတကာခေါင်းဆောင်တွေနဲ့ မြန်မာ့အတိုက်အခံအင်အားစုတွေပါတဲ့ ဆွေးနွေးပွဲတရပ် ဒီကနေ့ သောကြာနေ့မှာစတင်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပမယ်လို့ အင်ဒိုနီးရှား သံတမန်တဦးက AFP သတင်းဌာနကို မနေ့အတည်ပြုပါတယ်။
“အဓိကတော့ တပ်မဟာ ၂ ရယ်၊ ၃ ရယ်၊ ၅ ရယ်၊ တပ်မဟာ ၁ မှာလည်းဖြစ်နေတယ်။ တပ်မဟာတခုမှာ မဖြစ်ရင် တခြားတပ်မဟာ လည်း ဖြစ်နေတယ်။ ဒီအချိန်ထိ လေကြောင်းတိုက်ခိုက်မှုတွေကဖြစ်နေတုန်းပဲ။ တချို့နေရာတွေမှာတော့ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေက ရှိနေပါတယ်။” (စောနန္ဒဆူး-ကရင်လူ့အခွင့်အရေးအဖွဲ့)
MNDAA ၊ TNLA တို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေးမဟာမိတ်ဖွဲ့ပြီး အမေရိကန်အထောက်အပံ့နဲ့ မြန်မာအစိုးရကို တိုက်ခိုက်နေတယ်လို့ စစ်ကောင်စီက စက်တင်ဘာလ (၂၆) ရက်မှာ စွပ်စွဲပြောဆိုပါတယ်။
အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်အထိ လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးနဲ့ ဆက်စပ်ဆွေးနွေးပွဲတွေကို စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာနက အမြဲတမ်းအတွင်းဝန်ကို စေလွှတ်မယ့်ပုံရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရက်စက်တဲ့အကြမ်းဖက်မှုတွေအတွင်း ထိခိုက်ခဲ့သူတွေအတွက် တရားမျှတမှုရရှိစေဖို့ နဲ့ တာဝန်ခံမှုရှိစေဖို့ကိစ္စတွေကို ဆွေးနွေးဖို့အတွက် အမေရိကန်အကျိုးဆောင် သံအမတ်ကြီး Beth Van Shaack ဟာ ထိုင်းနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
အလည်အပတ်သွားသူတွေအတွက် ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ် (Passport for Visit, PV) နဲ့ ပြည်ပနိုင်ငံတွေကို အလုပ်သွားရောက် လုပ်ကိုင်တာ ခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက ဒီနေ့ အောက်တိုဘာ ၃ ရက်ထုတ်သတင်းစာတွေကနေ ထပ်မံကြေညာလိုက်ပါတယ်။
ထိုင်း- မြန်မာနယ်စပ်တလျှောက်စီးဆင်းနေတဲ့ မယ်ဆိုင်ချောင်း ရေလျှံပြီး တာချီလိတ်မြို့ထဲ ရေဝင်တာကြောင့် ရပ်ကွက် ၉ ခုလောက် မနေ့ အောက်တိုဘာ ၂ ရက်ထဲက ရေလွှမ်းနေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်