သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွတ်စလင်နဲ့ အာရပ်အမေရိကန် မဲရဖို့ ထရမ့်နဲ့ဟဲရစ် အပြိုင်မဲဆွယ်


ဒီမိုကရက်ပါတီ သမ္မတလောင်း Harris နဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း Trump
ဒီမိုကရက်ပါတီ သမ္မတလောင်း Harris နဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း Trump


ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲလိုတော့ချိန်မှာ အမေရိကန်ပါတီကြီး ၂ ရပ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုသမ္မတ Kamala Harris နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ဟာ သောကြာနေ့မှာ အရေးပါတဲ့ မွတ်စလင် အမေရိကန်မဲတွေရဖို့ အပြိုင် မဲဆွယ်နေကြပါတယ်။

ဒီမိုကရက်တစ်ပါတီက Harris ဟာ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ပြည်နယ်၊ အထူးသဖြင့် မီရှီဂန်ပြည်နယ်က အာရပ်နဲ့ မွတ်စလင်အမေရိကန်တွေရဲ့ ထောက်ခံမှုရဖို့ ပိုပြီးကြိုးစားခဲ့တာပါ။ ဒါပေမဲ့ ဂါဇာစစ်ပွဲနဲ့ ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒန်ရဲ့ မူဝါဒကို မကြေနပ်ကြတဲ့ ဒေါသထွက်နေတဲ့ မဲဆန္ဒရှင် အများအပြားရဲ့ မဲကို ရနေသူက သူ့ပြိုင်ဘက် ရီပတ်ဘလစ်ကင်ပါတီက ထရမ့် ဖြစ်ပါတယ်။ သမ္မတဟောင်း ထရမ့်ဟာ သောကြာနေ့မှာ မီရှီဂန်ပြည်နယ် Dearborn မြို့က ဟာလာကဖေးကို သွားရောက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံက အာရပ်မြို့တော်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဒီမြို့မှာ အာရပ်အမေရိကန် ၄ သိန်းလောက် နေထိုင်တာဖြစ်ပြီး အများစုက အစ္စရေးကိုထောက်ခံတဲ့ ဘိုင်ဒန်အစိုးရအဖွဲ့အတွက် ဒီမိုကရက်ပါတီက Harris ကို ဒဏ်ခတ်မယ်လို့ ပြောနေကြတာ ဖြစ်ပါတယ်။

အမေရိကန်ရွေးကောက်ပွဲ အလုပ်သမားသမဂ္ဂတွေရဲ့မဲ
please wait

No media source currently available

0:00 0:05:16 0:00

Dearborn Heights ရဲ့ မြို့တော်ဝန်က ပထမဆုံး မွတ်စလင်- အာရပ်အမေရိကန် Bill Bazzi ဖြစ်ပြီး သူနဲ့အတူ မွတ်စလင် မြို့တော်ကောင်စီဝင်တွေ အုပ်ချုပ်နေတဲ့ Hamtramck မြို့ရဲ့ မြို့တော်ဝန်ဖြစ်တဲ့ ယီမင်−အမေရိကန် Amer Ghalib ကပါ ရီပတ်ဘလစ်ကင် သမ္မတလောင်း ထရမ့်ကို ထောက်ခံနေတာပါ။

ဒီမိုကရက်တစ်ပါတီက Harris ကိုတော့ ဟားမတ်စ်တွေ အစ္စရေးကို ဝင်တိုက်တဲ့ အောက်တိုဘာ ၇ ရက် နှစ်ပတ်လည်နေ့မှာ မွတ်စလင်ခေါင်းဆောင် ၂၅ ဦးက သူတို့ ထောက်ခံကြောင်း အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။ Harris မဲဆွယ်အဖွဲ့ကလည်း သူတို့ဟာ မွတ်စလင်အသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံဖို့ ပြင်းပြင်းထန်ထန် ကြိုးပမ်းနေကြောင်း ပြောပါတယ်။

သူမဟာ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် နောက်ပြည်နယ်တခုဖြစ်တဲ့ Pennsylvania ပန်ဆယ်ဗေးနီးယား ပြည်နယ်က Philadelphia ဖီလယ်ဒဲဖီးယား မြို့မှာ လူမည်း မွတ်စလင် အသိုင်းအဝိုင်း ခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG